ဥေရာပ ေလယာဥ္တည္ေဆာက္ေရး ကုမၸဏီ Airbus ကို ဥေရာပ သမဂၢ EU က တရားမ၀င္ ေထာက္ပံံ့ေၾကးေတြ ေပးခဲ့တဲ့ ကိစၥနဲ႔ ပတ္သက္ျပီး အေမရိကန္ ျပည္ေထာင္စုက ကမၻာ့ ကုန္သြယ္ေရးအဖြဲ႔ကို တိုင္ၾကားထားတဲ့ ကိစၥမွာ အေမရိကန္ ဘက္က အႏုိ္င္ရရွိခဲ့ပါတယ္။
အဲဒီ လို အႏုိင္ရရွိတဲ့ အတြက္ စံခ်ိန္တင္ ေလ်ာ္ေၾကးေငြ အေမရိကန္ ေဒၚလာ ၇ ဒသမ ၅ ဘီလီယံ ရရွိမွာ ျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ EU ကို ျပစ္ဒဏ္ခတ္တဲ့အေနနဲ႔ အေမရိကန္ျပည္ေထာင္စုဟာ ဥေရာပသမဂၢက သြင္းကုန္ေတြ အမ်ိဳးမ်ိဳးအေပၚ ေအာက္တိုဘာလ ၁၈ ရက္ေန႔ကစျပီး သြင္းကုန္ခြန္ေတြ စည္းၾကပ္ သြားမွာ ျဖစ္ပါတယ္။
ဥေရာပဟာ ႏွစ္ေပါင္း ေတာ္ေတာ္မ်ားမ်ား Airbus ကုမၸဏီကို ေထာက္ပံ့ေၾကး အေျမာက္အျမား ကူညီေပးအပ္ေနခဲ့ရာမွာ အေမရိကန္ ေလေၾကာင္း ကုမၸဏီေတြနဲ႔ အလုပ္သမားေတြ အေပၚ မ်ားစြာ ထိခိုက္ခဲ့ေၾကာင္း၊ တိုင္ၾကား တရားစြဲဆိုျပီး ၁၅ ႏွစ္ အၾကာမွာမွ အေမရိကန္တို႔ အေနနဲ႕ ဥေရာပအေပၚ တန္ျပန္ သြင္းကုန္ခြန္ေတြ စည္းက်ပ္ခြင့္ ရွိတယ္ဆိုတာကို ကမၻာ့ ကုန္သြယ္ေရးအဖြဲ႕ WTO က အတည္ျပဳေပးခဲ့ေၾကာင္း အေမရိကန္ ကုန္သြယ္ေရး ကိုယ္စားလွယ္ေတာ္ Robert Lighthizer က ေျပာပါတယ္။
အေမရိကန္ ျပည္ေထာင္စုကို ေရာက္ရွိေနတဲ့ ဖင္လန္ သမၼတနဲ႔အတူ ပူးတြဲ သတင္းစာ ရွင္းလင္းပြဲမွာေတာ့ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က WTO ရဲ႕ ဆုံးျဖတ္ခ်က္ဟာ အေမရိကန္ အတြက္ ႏုိင္ပြဲၾကီး တစ္ခုအျဖစ္ ေျပာၾကားခဲ့ပါတယ္။
WTO ရဲ႕ ဆုံုးျဖတ္ခ်က္ဟာ အျပီးသတ္ ဆုံးျဖတ္ခ်က္ျဖစ္ျပီး အယူခံတင္ခြင့္ မရွိပါဘူး။ ဒါေပမဲ့ EU က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာေတာ့ WTO က ခြင့္ျပဳေပးခဲ့တဲ့ တန္ျပန္ ေဆာင္ရြက္မႈေတြကို အေမရိကန္ ျပည္ေထာင္စုဘက္က လုပ္လာမယ္ဆိုရင္ EU အေနနဲ႔ တစ္ျခား ေရြးစရာ မရွိပဲ အလားတူ တန္ျပန္ေဆာင္ရြက္ရန္သာ ရွိေၾကာင္း ပါရွိခဲ့ပါတယ္။ အေမရိကန္ဟာ ဥေရာပလုပ္ ေလယာဥ္ေတြအေပၚ သြင္းကုန္ခြန္ ၁၀ ရာခိုင္ႏွဳန္း ေကာက္ခံဖို႔ရွိျပီး Scotch နဲ႔ Irish ၀ီစကီေတြအပါအ၀င္ ဥေရာပထြက္ ကုန္ပစၥည္း ေတာ္ေတာ္မ်ားမ်ားကို သြင္းကုန္ခြန္ ၂၅ ရာခိုင္ႏွဳန္း ေကာက္ခံဖို႔ ရွိပါတယ္။
(ယူနီကုဒ္)
EU နဲ့ ကုန်သွယ်ရေး အငြင်းပွားမှု ကန် အနိုင်ရ
ဥရောပ လေယာဉ်တည်ဆောက်ရေး ကုမ္ပဏီ Airbus ကို ဥရောပ သမဂ္ဂ EU က တရားမဝင် ထောက်ပံံ့ကြေးတွေ ပေးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ကို တိုင်ကြားထားတဲ့ ကိစ္စမှာ အမေရိကန် ဘက်က အနိုင်ရရှိခဲ့ပါတယ်။
အဲဒီ လို အနိုင်ရရှိတဲ့ အတွက် စံချိန်တင် လျော်ကြေးငွေ အမေရိကန် ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံ ရရှိမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ EU ကို ပြစ်ဒဏ်ခတ်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုဟာ ဥရောပသမဂ္ဂက သွင်းကုန်တွေ အမျိုးမျိုးအပေါ် အောက်တိုဘာလ ၁၈ ရက်နေ့ကစပြီး သွင်းကုန်ခွန်တွေ စည်းကြပ် သွားမှာ ဖြစ်ပါတယ်။
ဥရောပဟာ နှစ်ပေါင်း တော်တော်များများ Airbus ကုမ္ပဏီကို ထောက်ပံ့ကြေး အမြောက်အမြား ကူညီပေးအပ်နေခဲ့ရာမှာ အမေရိကန် လေကြောင်း ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေ အပေါ် များစွာ ထိခိုက်ခဲ့ကြောင်း၊ တိုင်ကြား တရားစွဲဆိုပြီး ၁၅ နှစ် အကြာမှာမှ အမေရိကန်တို့ အနေနဲ့ ဥရောပအပေါ် တန်ပြန် သွင်းကုန်ခွန်တွေ စည်းကျပ်ခွင့် ရှိတယ်ဆိုတာကို ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ WTO က အတည်ပြုပေးခဲ့ကြောင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်တော် Robert Lighthizer က ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ဖင်လန် သမ္မတနဲ့အတူ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က WTO ရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန် အတွက် နိုင်ပွဲကြီး တစ်ခုအဖြစ် ပြောကြားခဲ့ပါတယ်။ WTO ရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးသတ် ဆုံးဖြတ်ချက်ဖြစ်ပြီး အယူခံတင်ခွင့် မရှိပါဘူး။
ဒါပေမဲ့ EU က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ WTO က ခွင့်ပြုပေးခဲ့တဲ့ တန်ပြန် ဆောင်ရွက်မှုတွေကို အမေရိကန် ပြည်ထောင်စုဘက်က လုပ်လာမယ်ဆိုရင် EU အနေနဲ့ တစ်ခြား ရွေးစရာ မရှိပဲ အလားတူ တန်ပြန်ဆောင်ရွက်ရန်သာ ရှိကြောင်း ပါရှိခဲ့ပါတယ်။ အမေရိကန်ဟာ ဥရောပလုပ် လေယာဉ်တွေအပေါ် သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံဖို့ရှိပြီး Scotch နဲ့ Irish ဝီစကီတွေအပါအဝင် ဥရောပထွက် ကုန်ပစ္စည်း တော်တော်များများကို သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံဖို့ ရှိပါတယ်။