သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရဲ့ သွင်းကုန်စည်းကြပ်မှုသစ် စတင် အသက်ဝင်


China US Tariffs
China US Tariffs

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံကြား သွင်းကုန်ခွန် အပြန်အလှန် စည်းကျပ်မှုတွေထဲက အခုနောက်ဆုံးတကျော့ စည်းကျပ်မှုဟာ အခု တနင်းလာနေ့မှာ စပြီး အသက်ဝင်ပါတယ်။ ဝါရှင်တန်မြို့တော် စံချိန် ဒီနေ့မနက် အစောပိုင်း ၁၂ နာရီ ၁ မိနစ်မှာ စပြီး အသက်ဝင်တာပါ။

ဒေါ်လာ ၂၀၀ ဘီလျံတန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အမေရိကန်က နောက်ထပ် အခွန် တိုးမြှင့်စည်းကျပ်လိုက်တာ ဖြစ်သလို၊ ဒီအတွက် တရုတ်ကလည်း ဒေါ်လာ ဘီလျံ ၆၀ တန်ဖိုးရှိတဲ့ အမေရိကန် ကုန်ပစ္စည်းတွေအပေါ် အခွန်ပြန် စည်းကျပ်ပြီး တုံ့ပြန်လိုက်ပါတယ်။

လျှပ်စစ်ထုတ်ကုန်၊ အစားအစာနဲ့ အိမ်သုံး ပစ္စည်းတွေ အပါအဝင် ထောင်နဲ့ချီတဲ့ တရုတ်နိုင်ငံထုတ်ပစ္စည်းတွေအပေါ် အမေရိကန်က အခွန်စည်းမျဉ်းသစ် ချမှတ်လိုက်တာပါ။ အခုစည်းကျပ်မှုအရ ကုန်ပစ္စည်းတန်ဖိုးရဲ့ ၁၀ % နှုန်း စတင်သတ်မှတ် စည်းကျပ်တာဖြစ်ပြီး ရှေ့နှစ် ၂၀၁၉ ဇန်နဝါရီ ၁ ရက် နေ့ ကျရင်တော့ ၂၅ % အထိ တိုးမြှင့်စည်းကျပ်သွားမှာ ဖြစ်ပါတယ်။

အခု အခွန်စည်းကျပ်မှုထဲမှာ smart နာရီတွေ၊ Bluetooth ပစ္စည်းတွေနဲ့ မွေးကင်းစကလေးငယ် တွေအတွက် ကားထိုင်ခုံ အပါအဝင် ကုန်ပစ္စည်းအတော်များများကိုတော့ Trump အစိုးရက ထည့်သွင်း အခွန်စည်းကျပ်တာ မလုပ်သေးပါဘူး။

နှစ်ဘက်အခွန်စည်းကျပ်မှု စတင်အကျုံးဝင်ပြီး နာရီပိုင်းအတွင်း တရုတ်အစိုးရကထုတ်ပြန်တဲ့ မူဝါဒရေးရာ ကြေညာချက်ထဲမှာတော့ အမေရိကန်အစိုးရဟာ အခွန်စည်းကျပ်တာကို အသုံးပြုပြီး စီးပွားရေးရာကိစ္စတွေမှာ အမေရိကန်ရဲ့ဆန္ဒအတိုင်း လုပ်ဆောင်ခွင့် ရဖို့ တခြား နိုင်ငံတွေကို အကျပ်ကိုင် ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG