သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီစီးပွားရေးအကြပ်အတည်း အမေရိကန်ကို အပြစ်တင်


တူရကီ သမ္မတRecep Tayyip Erdogan
တူရကီ သမ္မတRecep Tayyip Erdogan

တူရကီရဲ့ စီးပွားရေး ပြသနာတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တခြားနိုင်ငံတွေ အပေါ် တူရကီ သမ္မတက မနေ့ စနေနေ့က ပြစ်တင် ပြီး တူရကီနိုင်ငံ အပေါ် စီးပွားရေးအရ စစ်ဆင်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သတင်း ၂ ပတ် အတွင်း အမေရိကန်ဘက်က တူရကီ သွင်းကုန်တွေ အပေါ် အခွန်တိုးကောက်မှုနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တပြိုင်တည်း ဆောင်ရွက်လာပြီးနောက်ပိုင်း အမေရိကန် ဒေါ်လာနဲ့ လဲလှယ်နှုန်းမှာ တူရကီ ငွေကြေးတန်ဖိုး ကျဆင်းလာမှုကို တူရကီ သမ္မတRecep Tayyip Erdogan က တုံ့ပြန်ခဲ့တာပါ။

တဖတ်သက်ဝါဒနဲ့ မထေမဲ့မြင်လုပ်တဲ့ လမ်းကြောင်းကို မပြောင်းတာကြောင့် တူရကီ အနေနဲ့ မိတ်ဆွေသစ်၊ မဟာမိတ်သစ်တွေ ရှာဖို့ လိုအပ်မှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့ New York Times သတင်းစာမှာ သမ္မတ Erdogan က အတွေးအမြင်ဆောင်းပါး ရေးသားခဲ့ပါတယ်။ တူရကီနိုင်ငံမှာ အကြမ်းဖက်ဝါဒစွဲ စွဲချက်နဲ့ တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းရင်း နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ အမေရိကန် ခရစ်ယာန် သင်းအုပ်ဆရာ Andrew Brunson ကို တူရကီဘက်က လွှတ်မပေးတဲ့ အပေါ် ပြီးခဲ့တဲ့ သတင်ပတ်တွေ အတွင်း အမေရိကန်နဲ့ တူရကီကြား မပြေမလည် ဖြစ်ခဲ့တာပါ။

တူရကီ အစိုးရက အကြမ်းဖက်ဝါဒီတွေလို သတ်မှတ်ထားတဲ့ အဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Brunson ကို ထိန်းသိမ်းထားတာ လပေါင်း ၂၀ ရှိခဲ့ပါပြီ။ Brunson ကို နေအိမ်အကျယ်ချုပ်က လွှွတ်ပေးရေး တူရကီဘက်က မလိုက်လျောတာကြောင့် တူရကီ အရာရှိကြီး ၂ ဦး အပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ကို တင်သွင်းနေတဲ့ တူရကီရဲ့ သံမဏိနဲ့ အလူမီနီယံ တွေ အပေါ် အခွန်တိုးမြှင့်ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့မှာ သမ္မတ Donald Trump က တွစ်တာမှာ ရေးသားခဲ့တာပါ။ အခုအချိန်မှာ အမေရိကန်နဲ့ တူရကီ ဆက်ဆံရေးက မကောင်းဘူးလို့လည်း သမ္မတ Trump က ရေးသားခဲ့ပါတယ်။ တူရကီရဲ့ အလူမီနီယံ သွင်းကုန် အပေါ် အခွန် ၂၀ ရာခိုင်နှုန်း၊ သံမဏိ အပေါ် အခွန် ၅၀ ရာခိုင်နှုန်းကျော် တိုးသွားမယ်လို့ သမ္မတ Trump က ပြောခဲ့တာပါ။ တူရကီ ငွေကြေးတန်ဖိုးကလည်း လွန်ခဲ့တဲ့နှစ်ကထက် ၄၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတာ ဖြစ်ပါတယ်။

တူရကီစီးပွားရေးအကြပ်အတည်း အမေရိကန်ကို အပြစ်တင်
please wait

No media source currently available

0:00 0:01:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG