သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်အီးယူက ခွဲထွက်ရေးနဲ့ Elizabeth ဘုရင်မကြီး


ဗြိတိန် ဘုရင်မကြီး Elizabeth အနေနဲ့ ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂကနေထွက်ရေး အရှုပ်တော်ပုံမှာ ဝင်ညပ်မှာ စိုးရိမ်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။

ဗြိတိန်ရဲ့ မရေးထားတဲ့ ထုံးတမ်းစဉ်လာအခြေပြု ဖွဲ့စည်းပုံအရ ဗြိတိန် ဘုရင်မကြီး Elizabeth အနေနဲ့ အစိုးရနိုင်ငံရေးအကွဲအပြဲတွေမှာ ဝင်မပါပဲ အထက်ကနေ နေနိုင်ပေမဲ့၊ အခု ဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲထွက်ရေး အကွဲအပြဲမှာတော့၊ ကြားညပ်သွားနိုင်တယ်လို့ နန်းတော်အတိုင်ပင်ခံတွေက ပြောနေပါတယ်။

ဘုရင်မကြီးအနေနဲ့လည်း လက်ရှိတိုင်းပြည်ကို ဦးဆောင်နေတဲ့ နိုင်ငံရေးသမားတွေရဲ့ အရည်အသွေးနဲ့ တိုင်းပြည်ကို မှန်မှန်ကန်ကန် အုပ်ချုပ်နိုင်စွမ်း မရှိတဲ့အပေါ် စိတ်ပျက်နေကြောင်း ပုဂ္ဂိုလ်ရေးသဘော ထုတ်ပြောခဲ့တယ်လို့ ဗြိတိန်က သတင်းစာတွေမှာ ဖော်ပြနေပါတယ်။

The Sunday Times သတင်းစာကြီးက အသက် (၉၃) နှစ်အရွယ် ဘုရင်မကြီး အနေနဲ့ ၂၀၁၆ ဗြိတိန်ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲအပြီး ပုဂ္ဂိုလ်ရေး ညစာစားပွဲတစ်ခုမှာ သူ့အမြင်ကို ထုတ်ပြောခဲ့တာလို့ ရေးသားထားပါတယ်။

အဲ့ဒီအမြင်ဟာ ဒီဥရောပသမဂ္ဂကနေ ခွဲထွက်ရေးပြဿနာ ပိုမိုပြင်းထန်လာတာနဲ့အမျှ ပိုမို ပြင်းထန်လာပြီး၊ ဗြိတိန်နိုင်ငံ ပြိုကွဲသွားမှာ အထိတောင် ပိုစိတ်ပျက်လက်ပျက်ဖြစ်လာတယ်လို့ ဒီသတင်းတွေမှာ ဖော်ပြထားပါတယ်။

စကော့တလန် လူမျိုး အများစုကလည်း စကော့တလန် လွတ်လပ်တဲ့သီးခြားနိုင်ငံဖြစ်စေလိုစိတ် ပိုများလာပြီး၊ လူထုဆန္ဒခံယူပွဲတွေလုပ်လာလျှင် ခွဲထွက်ဖို့ မဲပေးကြဖို့ရှိတယ်လို့လည်း စစ်တမ်းတွေမှာ ဖော်ပြနေပါတယ်။

ဗြိတိန်အီးယူက ခွဲထွက်ရေးနဲ့ Elizabeth ဘုရင်မကြီး
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG