သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ပါလီမန်ရွေးကောက်ပွဲ EU ခွဲထွက်ရေးပါတီတွေအနိုင်ရ


ကလေးငယ် တဦး EU အလံကို ဝှေ့ယမ်းနေစဉ် (မေ၊ ၂၆၊ ၂၀၁၉)
ကလေးငယ် တဦး EU အလံကို ဝှေ့ယမ်းနေစဉ် (မေ၊ ၂၆၊ ၂၀၁၉)

EU ဥရောပသမဂ္ဂပါလီမာန် ရွေးကောက်ပွဲတွေမှာ EU ထဲက ခွဲထွက်လိုတဲ့ပါတီတွေ အတော်လေးအနိုင်ရခဲ့ပါတယ်။ ဥရောပ ၂၈ နိုင်ငံက လွှတ်တော်ကိုယ်စားလှယ် ၇၅၁ ယောက် ကိုယ်စားပြုတဲ့ ဥရောပပါလီမာန်မှာ အစဉ်အလာအားဖြင့် ဦးဆောင် လွှမ်းမိုးထားတဲ့ ဗဟိုလက်ဝဲနဲ့ ဗဟိုလက်ယာယိမ်းပါတီတွေရဲ့ ထိန်းချုပ်မှု အဆုံးသတ်သွားပြီး Liberal၊ Green နဲ့ အမျိုးသားရေးဝါဒီ ကိုယ်စားလှယ်တွေ အားကောင်းလာပါတယ်။

ဗြိတိန်၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေမှာ EU ထဲက ခွဲထွက်လိုတဲ့ အမျိုးသားရေး ပါတီတွေက အများစု အနိုင်ရပါတယ်။ ဗြိတိန်မှာ Nigel Farage ဦးဆောင်တဲ့ Brexit ပါတီ၊ ပြင်သစ်မှာ Marine Le Pen ဦးဆောင်တဲ့ National Rally ပါတီနဲ့ အီတလီမှာ Matteo Salvini ဦးဆောင်တဲ့ Lega ပါတီတို့က ကိုယ်စားလှယ်တွေ အများစု အနိုင်ရခဲ့ကြတာပါ။

အီတလီမှာ နိုင်ငံပြောင်း အခြေချသူတွေကို မလိုလားတဲ့ Lega ပါတီ ခေါင်းဆောင် Matteo Salvini က EU ကိုပြောင်းလဲဖို့ ပြည်သူတွေက သမိုင်းဝင် လုပ်ပိုင်ခွင့် ပေးလိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူတို့လို EU ထဲက ခွဲထွက်လိုတဲ့ ပါတီတွေရဲ့ ကိုယ်စားလှယ်တွေ အနိုင်ရကြပေမဲ့ EU ပါလီမာန်မှာ အမျိုးသားရေးဝါဒီတွေ အများစုလွှမ်းမိုးဖို့လောက်အထိတော့ အနိုင်မရပါဘူး။

ဗြိတိန်မှာ ၂၀၁၉ နှစ်ဆန်းကမှ တည်ထောင်တဲ့ Brexit ပါတီက အများစု အနိုင်ရခဲ့သလို EU ထဲမှာ ဆက်နေလိုတဲ့ Liberal Democrats ပါတီကလည်း တော်တော်လေး အနိုင်ရပါတယ်။ Germany မှာဆိုလည်း သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးကို အဓိကထားတဲ့ Greens ပါတီ ကိုယ်စားလှယ်တွေက အများစု အနိုင်ရပါတယ်။

ဗဟိုလက်ဝဲနဲ့ ဗဟိုလက်ယာယိမ်းပါတီအုပ်စုပေါင်းက အများစုထိန်းချုပ်နိုင်တဲ့အခြေအနေ မရှိတော့ပေမဲ့ အဲ့ဒီပါတီတွေရဲ့ ကိုယ်စားတွေကတော့ နေရာအများစု ဆက်ရထားပါတယ်။ အခုတခေါက် EU ရွေးကောက်ပွဲတွေကို မဲပေးသူအရေအတွက်ဟာ နှစ် ၂၀ အတွင်း အများဆုံး ဖြစ်ပါတယ်။

ဥရောပသမဂ္ဂရဲ့ ဥပဒေပြုရေးကို တာဝန်ယူရတဲ့ ဥရောပလွှတ်တော်သက်တမ်းက ၅ နှစ် ဖြစ်ပါတယ်။ EU အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူရတဲ့ ဥရောပကော်မရှင်ရဲ့ ဥက္ကဋ္ဌကို ဥရောပပါလီမာန်က ရွေးချယ်တင်မြှောက်ရတာဖြစ်သလို EU ရဲ့ဘတ်ချက်ကိုလည်း အတည်ပြုပေးရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG