သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ်သစ် မဲပေးရွေးချယ်မှု ပြီးဆုံး


ဗြိတိန်နိုင်ငံရဲ့ နောက်တက်မယ့် ဝန်ကြီးချုပ်ရွေးချယ်ဖို့ မဲပေးမှုဟာ တနင်္လာနေ့မှာ ပြီးဆုံးသွားပြီ။

အမျိုးသား ၂ ဦး ကြား ဒီရွေးချယ်မှုမှာ အနိုင်ရဖို့ များတဲ့ Boris Johnson က ဗြိတိန်ကို ဥရောပ သမဂ္ဂကနေ ခွဲထွက်ဖို့ သဘောတူညီချက် ရသည်ဖြစ်စေ ၊ မရသည် ဖြစ်စေ နုတ်ထွက်ရေးအတွက် လုပ်ဆောင်မှာ ဖြစ်တယ်လို့ ပြောဆိုချက်တွေ အပေါ် အပြစ်တင် ဝေဖန်မှုတွေ တိုးခဲ့ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဟောင်း Boris Johnson နဲ့ လက်ရှိနိုင်ငံခြားရေးဝန်ကြီး Jeremy Hunt တို့ ၂ ဦး အနက် ဘယ်သူက နိုင်ငံနဲ့ အာဏာရ ကွန်ဆာဗေးတစ်ပါတီ ကို ဦးဆောင်မယ် ဆိုတာကို ပါတီဝင်တွေက စာတိုက်ကနေတဆင့် မဲများကို ဒေသစံတော်ချိန် ညနေ ၅ နာရီအထိ မဲထည့်နိုင်ကြတာ ဖြစ်ပါတယ်။

အနိုင်ရရှိသူကို ဒီကနေ့ အင်္ဂါနေ့မှာ ကြေညာမှာ ဖြစ်ပြီး သူဟာ ဗုဒ္ဓဟူးနေ့မှာ ဝန်ကြီးချုပ် Theresa May ဆီကနေ ရာထူး လွှဲပြောင်းယူရမှာ ဖြစ်ပါတယ်။ လန်ဒန်မြို့တော်ဝန်ဟောင်း တဦးလည်း ဖြစ်ခဲ့သူ Boris Johnson အနိုင်ရဖို့ တစ်ပြေးနေပါတယ်။

အီးယူနဲ့ ခွဲထွက်ရေး Brexit မှာ ဘာသဘောတူညီမှုမှ မရပဲ ဖြစ်နေရင်တောင် ဗြိတိန်အီးယူကနေ နုတ်ထွက်ဖို့ သူလုပ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ Boris Johnson ကို ဆန့်ကျင်တဲ့ လက်ရှိ Theresa May အစိုးရအဖွဲ့က အဖွဲ့ဝင်တွေကတော့ သူ ဝန်ကြီးချုပ် ဖြစ်လာရင် သူတို့ ရာထူးကနေ နုတ်ထွက်မယ်လို့ ပြောဆိုနေကြပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်သစ် မဲပေးရွေးချယ်မှု ပြီးဆုံး
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG