သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ကခွဲထွက်ရေးကိစ္စ ပါတီဝင်တွေညီညွတ်ဖို့ Theresa May တိုက်တွန်း


ဗြိတိန်နိုင်ငံ Birmingham မှာ ကျင်းပတဲ့ ကွန်ဆာဗေးတစ်ပါတီ နှစ်ပတ်လည် ညီလာခံမှာ မိန့်ခွန်းပြောကြားဖို့ ဝန်ကြီးချုပ် Theresa May စင်မြင့်ပေါ်ကို ကပြီး တက်ရောက်လာတာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံ Birmingham မှာ ကျင်းပတဲ့ ကွန်ဆာဗေးတစ်ပါတီ နှစ်ပတ်လည် ညီလာခံမှာ မိန့်ခွန်းပြောကြားဖို့ ဝန်ကြီးချုပ် Theresa May စင်မြင့်ပေါ်ကို ကပြီး တက်ရောက်လာတာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ အီးယူ ဥရောပ သမဂ္ဂကနေ ခွဲထွက်ရေး မဟာဗျူဟာအတွက် အချင်းချင်း သွေးစည်းညီညွတ်ကြဖို့ သဘောထားကွဲလွဲမှု ရှိနေတဲ့ သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီဝင်တွေကို ဝန်ကြီးချုပ် Therasa May က ပန်ကြားလိုက်ပါတယ်။ ဒါ့အပြင် အီးယူ ဥရောပ သမဂ္ဂကနေ ခွဲထွက်ရေး အတွက် ညှိနှိုင်းမှုတွေမှာ သူ့ကို ကူညီကြဖို့ ပြောကြားခဲ့တာပါ။

Birmingham မှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ပါတီ နှစ်ပတ်လည် ညီလာခံမှာ ဝန်ကြီးချုပ် May က ခုလို ပန်ကြားလိုက်တာ ဖြစ်ပြီး ဗြိတိန်နိုင်ငံ ရဲ့ အခြေအနေဟာ ညှိနှိုင်းဆွေးနွေးမှုရဲ့ အခက်ခဲဆုံးအဆင့်ထဲ ရောက်နေပြီဖြစ်ကြောင်းလည်းပြောပါတယ်။

ဗြိတိန်နိုင်ငံဟာ မတ်လ ၂၉ ရက်နေ့မှာ နိုင်ငံပေါင်း ၂၈ နိုင်ငံပါဝင်တဲ့ အီးယူ ဥရောပ သမဂ္ဂ ကနေ ခွဲထွက်တော့မှာ ဖြစ်ပြီး ခွဲထွက်ရေးအတွက် သဘောတူညီနှိုင်းမှုတွေ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတာပါ။

May ရဲ့ ပါတီထဲက ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Boris Johnson ဦးဆောင်တဲ့ ခွဲထွက်ရေးလိုလားတဲ့ သြဇာကြီးတဲ့ အုပ်စုကတော့ တကယ်လို့ လိုအပ်ရင် ဘာသဘောတူညီချက်မှ ယူမနေပဲ အီးယူကနေ ခွဲထွက်ဖို့ ခိုင်ခိုင်မာမာ ရပ်တည်ရေး ဝန်ကြီးချုပ် May ကို တိုက်တွန်းနေပါတယ်။ ပြတ်ပြတ်သားသား ခွဲထွက်သွားမယ့်အစား ခွဲထွက်ပြီးနောက်မှာ ဗြိတိန်က အီးယူရဲ့ ကုန်သွယ်ရေးဆိုင်ရာ ဥပဒေတွေ အတိုင်းလိုက်နာဖို့ ဝန်ကြီးချုပ်ရဲ့ အဆိုပြုချက်ကို ဒီအုပ်စုက လက်မခံကြပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG