သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Brexit ဟာ စီးပွားရေးအခွင့်အလမ်းကြီးဖြစ်တယ်လို့ Boris Johnson ပြောကြား


ဗြိတိန်ဝန်ကြီးချုပ် Boris Johnson (ဇွန်၊ ၂၇၊ ၂၀၁၉)
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson (ဇွန်၊ ၂၇၊ ၂၀၁၉)

ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂက ခွဲထွက်ခြင်းဟာ ကြီးမားတဲ့ စီးပွားရေး အခွင့်အလမ်း တရပ် ဖြစ်ပေမယ့် သူ့မတိုင်ခင်က ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ Theresa May က ဆိုးဝါးတဲ့ အခြေအနေတရပ် ကြုံရတော့မယ့် သဘောမျိုးနဲ့ ကိုင်တွယ်သွားခဲ့တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

ဥရောပသမဂ္ဂ ခွဲထွက်ပြီး ကုန်သွယ်ရေးညှိနှိုင်းမှုနဲ့ တိုင်းပြည်စီးပွားရေး အရှိန်မြင့်အောင် လွတ်လပ်တဲ့ ကုန်သွယ်ဆိပ်ကမ်းတွေ ဖွင့်လှစ် သွားမယ်လို့ Manchester မှာပြောတဲ့ သူ့ရဲ့မိန့်ခွန်းမှာ မစ္စတာ Johnson က ထည့်သွင်းဖေါ်ပြပါတယ်။

အခက်အခဲကြုံနေရတဲ့ မြို့နယ်ပေါင်း ၁၀၀ ကို ဒေါ်လာ လေး ဘီလျံခွဲ ထောက်ပံ့ဖို့ ကတိပေးလိုက်ပြီး ဒါဟာ သယ်ယူပို့ဆောင်ရေးအနဲ့ အင်တာနက် broadband ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ ဥရောပသမဂ္ဂက ခွဲထွက်ခြင်းဟာ ဗြိတိန်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြန်လည်ရယူ လိုက်ခြင်းသာမက၊ ဗြိတိန်ရဲ့မြို့ရွာတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလည်း ရယူလိုက်ခြင်းလည်း ဖြစ်တယ်လို့ သူကဆိုပါတယ်။

ခွဲထွက်ရေးကိစ္စ ညှိနှိုင်းဖို့ အလားအလာနဲ့ ပတ်သက်ပြီး ပြောရာမှာတော့ backstop လို့ခေါ်တဲ့ အိုင်ယာလန်နယ်စပ်နဲ့ ပတ်သက်တဲ့အချက်ကို လောလောဆယ် ရထားတဲ့ သဘောတူညီချက်ထဲက ဖယ်ရှား ပစ်မှသာလျှင် ဆွေးနွေးမှု ပြန်လည်စတင်မယ်လို့ ဆိုပါတယ်။

Brexit ဟာ စီးပွားရေးအခွင့်အလမ်းကြီးဖြစ်တယ်လို့ Boris Johnson ပြောကြား
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG