သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီိမိုကရက္ကိုယ္စားလွယ္ေလာင္းေတြရဲ႕ ေနာက္ဆံုးစကားစစ္ထိုးပဲြ


(Zawgyi / Unicode)

ဒီမိုကရက္ပါတီသမၼတေလာင္းေတြရဲ ႔ စကားစစ္ထိုးပြဲကို စိုက္ပ်ိဳးေရးနယ္ေျမျဖစ္တဲ့ အိုင္အို၀ါျပည္နယ္မွာ အဂၤါေန႔က က်င္းပခဲ့ပါတယ္။ႏုိ္၀င္ဘာမွာ လုပ္မယ့္ ေရြးေကာက္ပြဲမွာ ရီပါဘလစ္ကန္ သမၼတ Donald Trump ကို အႏုိင္ရေအာင္ ႏုိ္င္ငံေရးအရ ဘယ္လိုလုပ္မလဲဆိုၿပီး ကိုယ္စားလွယ္ေလာင္း အသီးသီးက တင္ျပခဲ့ၾကပါတယ္။

အေမရိကန္နဲ႔ အီရန္ႏုိင္ငံၾကားတင္းမာမႈေတြနဲ႔ ပတ္သက္ၿပီး သမၼတကုိယ္စားလွယ္ေလာင္းေတြၾကား ေရွ ႔က ေျပးေနတဲ့ ဒုသမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ဟာ အီရတ္ႏုိင္ငံကို က်ဴးေက်ာ္တုိက္ခိုက္ေရး ၂၀၀၂ခုႏွစ္မွာေထာက္ခံမဲေပးခဲ့တဲ့ အေပၚ ဗားေမာင့္ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Bernie Sander က ေ၀ဖန္ထိုးႏွက္ခဲ့ပါတယ္။

အီရတ္စစ္အာဏာရွင္ Saddam Hussein ဟာ အႀကီးအက်ယ္ထိခိုက္ေစႏုိင္တဲ့ စစ္လက္နက္ေတြစုေဆာင္းေနတယ္ဆိုၿပီး အေမရိကန္ေထာက္လွမ္းေရးရဲ ႔ မွားယြင္းတဲ့ သတင္းေၾကာင့္ အဲဒီလုို က်ဳးေက်ာ္တုိက္ခိုက္မႈေတြျဖစ္ပြားခဲ့တာလည္း ျဖစ္ပါတယ္။ ၂၀၀၃ ခုႏွစ္မွာ အီရတ္အေပၚ စစ္ပြဲဆင္ႏြႊဲတဲ့ ကိစၥကို ဆန္႔က်င္တဲ့ Sanders က အေမရိကန္သမုိင္းတေလွ်ာက္ အဆိုးရြားဆုံး ႏုိုင္ငံျခားေရးမူ၀ါဒကို မစၥတာ ဘိုင္ဒန္ ေထာက္ခံမဲေပးခဲ့တယ္လို႔လည္း ေ၀ဖန္ပါတယ္။

အီရတ္ကို တုိက္ခိုက္ခဲ့တာမွားယြင္းတဲ့လုပ္ရပ္ျဖစ္တယ္လို႔ ႏွစ္ေတြနဲ႔ခ်ီ ေျပာဆိုလာတဲ့ဒုသမၼတေဟာင္း ဘိုင္ဒန္ကေတာ့ အီရတ္စစ္ပြဲအတြက္ ေထာက္ခံမဲေပးခဲ့တဲ့ သူ႔အမွား ကိုျပင္ဆင္တဲ့အေနနဲ႔ အီရတ္ ပဋိပကၡ အဆုံးသတ္ေရးနဲ႔ အီရတ္ေရာက္ အေမရိကန္တပ္ဖြဲ႔၀င္ ၁ သိ္န္းခြဲကို ေနရပ္ျပန္ေခၚဖို႔ လုပ္ကိုင္ခဲ့တယ္လို႔ တုန္႔ျပန္ေခ်ပခဲ့ပါတယ္။ အီရတ္စစ္ပြဲကို ဆန္႔က်င္ေၾကာင္းေျပာဆိုခဲ့တဲ့ မင္နီဆိုးတာျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Amy Klobuchar ကလည္း အီရန္ထိပ္တန္း တပ္မွဴး Qassem Soleimani ကိုသတ္ျဖတ္ဖုိ႔ အမိန္႔ေပးခဲ့တဲ့ သမၼတ Trump ဟာ အေမရိကန္ကို ေနာက္ထပ္စစ္ပြဲတရပ္ဆီ ေခၚေဆာင္ေနၿပီလို႔ေျပာပါတယ္။

သမၼတ Trump က အေရွ ႔အလယ္ပိုင္းေဒသကို အေမရိကန္တပ္ဖြဲ႔ေတြ လတ္တေလာ ထပ္ၿပီးေစလႊတ္ခဲ့ေပမယ့္ဒီမိုကရက္ကုိယ္စားလွယ္ေလာင္းေတြကေတာ့ အဲဒီကအေမရိကန္တပ္ဖြဲ႔ေတြ ျပန္ေခၚမယ္လို႔ ေျပာဆိုခဲ့ၾကတာပါ။

တိုက္႐ိုက္ လင့္ခ္


..................

ဒီမိုကရက်ကိုယ်စားလှယ်လောင်းတွေရဲ့ နောက်ဆုံးစကားစစ်ထိုးပွဲ

(Unicode)

ဒီမိုကရက်ပါတီသမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲကို စိုက်ပျိုးရေးနယ်မြေဖြစ်တဲ့ အိုင်အိုဝါပြည်နယ်မှာ အင်္ဂါနေ့က ကျင်းပခဲ့ပါတယ်။နိုဝင်ဘာမှာ လုပ်မယ့် ရွေးကောက်ပွဲမှာ ရီပါဘလစ်ကန် သမ္မတ Donald Trump ကို အနိုင်ရအောင် နိုင်ငံရေးအရ ဘယ်လိုလုပ်မလဲဆိုပြီး ကိုယ်စားလှယ်လောင်း အသီးသီးက တင်ပြခဲ့ကြပါတယ်။

အမေရိကန်နဲ့ အီရန်နိုင်ငံကြားတင်းမာမှုတွေနဲ့ ပတ်သက်ပြီး သမ္မတကိုယ်စားလှယ်လောင်းတွေကြား ရှေ့က ပြေးနေတဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန်ဟာ အီရတ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ရေး ၂၀၀၂ခုနှစ်မှာထောက်ခံမဲပေးခဲ့တဲ့ အပေါ် ဗားမောင့်ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sander က ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

အီရတ်စစ်အာဏာရှင် Saddam Hussein ဟာ အကြီးအကျယ်ထိခိုက်စေနိုင်တဲ့ စစ်လက်နက်တွေစုဆောင်းနေတယ်ဆိုပြီး အမေရိကန်ထောက်လှမ်းရေးရဲ့ မှားယွင်းတဲ့ သတင်းကြောင့် အဲဒီလို ကျုးကျော်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ အီရတ်အပေါ် စစ်ပွဲဆင်နွှဲတဲ့ ကိစ္စကို ဆန့်ကျင်တဲ့ Sanders က အမေရိကန်သမိုင်းတလျှောက် အဆိုးရွားဆုံး နိုင်ငံခြားရေးမူဝါဒကို မစ္စတာ ဘိုင်ဒန် ထောက်ခံမဲပေးခဲ့တယ်လို့လည်း ဝေဖန်ပါတယ်။

အီရတ်ကို တိုက်ခိုက်ခဲ့တာမှားယွင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ နှစ်တွေနဲ့ချီ ပြောဆိုလာတဲ့ဒုသမ္မတဟောင်း ဘိုင်ဒန်ကတော့ အီရတ်စစ်ပွဲအတွက် ထောက်ခံမဲပေးခဲ့တဲ့ သူ့အမှား ကိုပြင်ဆင်တဲ့အနေနဲ့ အီရတ် ပဋိပက္ခ အဆုံးသတ်ရေးနဲ့ အီရတ်ရောက် အမေရိကန်တပ်ဖွဲ့ဝင် ၁ သိန်းခွဲကို နေရပ်ပြန်ခေါ်ဖို့ လုပ်ကိုင်ခဲ့တယ်လို့ တုန့်ပြန်ချေပခဲ့ပါတယ်။ အီရတ်စစ်ပွဲကို ဆန့်ကျင်ကြောင်းပြောဆိုခဲ့တဲ့ မင်နီဆိုးတာပြည်နယ် အထက်လွှတ်တော်အမတ် Amy Klobuchar ကလည်း အီရန်ထိပ်တန်း တပ်မှူး Qassem Soleimani ကိုသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တဲ့ သမ္မတ Trump ဟာ အမေရိကန်ကို နောက်ထပ်စစ်ပွဲတရပ်ဆီ ခေါ်ဆောင်နေပြီလို့ပြောပါတယ်။

သမ္မတ Trump က အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်တပ်ဖွဲ့တွေ လတ်တလော ထပ်ပြီးစေလွှတ်ခဲ့ပေမယ့်ဒီမိုကရက်ကိုယ်စားလှယ်လောင်းတွေကတော့ အဲဒီကအမေရိကန်တပ်ဖွဲ့တွေ ပြန်ခေါ်မယ်လို့ ပြောဆိုခဲ့ကြတာပါ။

XS
SM
MD
LG