သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတထရမ့္ပ္အေပၚ စြဲခ်က္ေတြ ေရွ႕သီတင္းပတ္ အထက္လႊတ္ေတာ္ပို႔မယ္လုိ႔ Nancy Pelosi ေၾကညာ


႔ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi

(Zawgyi/ Unicode)

ေအာက္လႊတ္ေတာ္က ဆံုးျဖတ္ထားတဲ့ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္အေပၚ စြဲခ်က္ေတြကို လာမယ့္သီတင္းပတ္မွာ အထက္ လႊတ္ေတာ္ကိုေပးပို႔ေရး လုပ္ေဆာင္မယ္လုိ႔ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi က ေသာၾကာေန႔မွာေျပာပါတယ္။ အဲဒီလို ဆိုရင္ေတာ့ သမၼတထရမ့္ပ္ကို တရားစြဲဆိုေရးကိစၥမွာ ရီပတ္ဘလီကန္ဦးေဆာင္တဲ့ အထက္လႊတ္ေတာ္နဲ႔ၾကား အျငင္းပြားေနတာ အဆံုးသတ္သြားမွာျဖစ္ပါတယ္။

“မန္ေနဂ်ာေတြခန္႔ထားေရးနဲ႔ အထက္လႊတ္ေတာ္ကို စြဲခ်က္ေတြ ေပးပို႔ေရးအတြက္ ဆံုးျဖတ္ခ်က္မူၾကမ္းတခုကို ျပင္ဆင္ၿပီး ေအာက္လႊတ္ေတာ္ကိုတင္သြင္းဖို႔ တရားေရးေကာ္မတီဥကၠ႒ Jerry Nadler ကို က်မ ေျပာထားၿပီးပါၿပီ” လို႔ ေအာက္လႊတ္ေတာ္ ဒီမိုကရက္ေတြဆီ ေပးပို႔တဲ့စာထဲမွာ မစၥစ္ Pelosi ကေျပာထားပါတယ္။ မန္ေနဂ်ာေတြဆိုတာကေတာ့ သမၼတထရမ့္ပ္ကို တရား စစ္ေဆးတဲ့ တရားခြင္မွာ ဆြဲခ်ေရွ႕ေနေတြသဖြယ္ လုပ္ေဆာင္ရမယ့္ ေအာက္လႊတ္ေတာ္အမတ္ေတြကို ဆိုလိုတာပါ။

မစၥစ္ Pelosi နဲ႔ အထက္လႊတ္ေတာ္ လူမ်ားစုေခါင္းေဆာင္ Mitch McConnell တို႔အၾကား ဒီကိစၥနဲ႔ပတ္သက္ၿပီး ေရွ႕မတိုး ေနာက္ မဆုတ္ျဖစ္ေနတာ သီတင္းသံုးပတ္ေက်ာ္သြားပါၿပီ။

အခု တရားေရးေကာ္မတီကို ျပင္ခုိင္းထားတဲ့ ဆံုးျဖတ္ခ်က္မူၾကမ္းကို ဘယ္ရက္မွာ မဲခြဲအတည္ျပဳမယ္ဆုိတာ မစၥစ္ Pelosi က မေၾကညာေပမယ့္ ေရွ႕ဆက္ၿပီး ဘယ္လိုလုပ္ေဆာင္မယ္ဆိုတာ ေအာက္လႊတ္ေတာ္ ဒီမိုကရက္တစ္အုပ္စုရဲ႕ သီတင္းပတ္စဥ္ အစည္းအေဝးမွာ ေဆြးေႏြးသြားမယ္လုိ႔ စာထဲမွာ ေရးထားပါတယ္။

စြဲခ်က္ေတြကို ရၿပီဆုိတာနဲ႔ မစၥတာ McConnell အေနနဲ႔ တရားစစ္ေဆးတာကို ခ်က္ျခင္းစတင္ႏုိင္မွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

သမ္မတထရမ့်ပ်အပေါ် စွဲချက်တွေ ရှေ့သီတင်းပတ် အထက်လွှတ်တော်ပို့မယ်လို့ Nancy Pelosi ကြေညာ

(Unicode)

အောက်လွှတ်တော်က ဆုံးဖြတ်ထားတဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်အပေါ် စွဲချက်တွေကို လာမယ့်သီတင်းပတ်မှာ အထက် လွှတ်တော်ကိုပေးပို့ရေး လုပ်ဆောင်မယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က သောကြာနေ့မှာပြောပါတယ်။ အဲဒီလို ဆိုရင်တော့ သမ္မတထရမ့်ပ်ကို တရားစွဲဆိုရေးကိစ္စမှာ ရီပတ်ဘလီကန်ဦးဆောင်တဲ့ အထက်လွှတ်တော်နဲ့ကြား အငြင်းပွားနေတာ အဆုံးသတ်သွားမှာဖြစ်ပါတယ်။

“မန်နေဂျာတွေခန့်ထားရေးနဲ့ အထက်လွှတ်တော်ကို စွဲချက်တွေ ပေးပို့ရေးအတွက် ဆုံးဖြတ်ချက်မူကြမ်းတခုကို ပြင်ဆင်ပြီး အောက်လွှတ်တော်ကိုတင်သွင်းဖို့ တရားရေးကော်မတီဥက္ကဋ္ဌ Jerry Nadler ကို ကျမ ပြောထားပြီးပါပြီ” လို့ အောက်လွှတ်တော် ဒီမိုကရက်တွေဆီ ပေးပို့တဲ့စာထဲမှာ မစ္စစ် Pelosi ကပြောထားပါတယ်။ မန်နေဂျာတွေဆိုတာကတော့ သမ္မတထရမ့်ပ်ကို တရား စစ်ဆေးတဲ့ တရားခွင်မှာ ဆွဲချရှေ့နေတွေသဖွယ် လုပ်ဆောင်ရမယ့် အောက်လွှတ်တော်အမတ်တွေကို ဆိုလိုတာပါ။

မစ္စစ် Pelosi နဲ့ အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell တို့အကြား ဒီကိစ္စနဲ့ပတ်သက်ပြီး ရှေ့မတိုး နောက် မဆုတ်ဖြစ်နေတာ သီတင်းသုံးပတ်ကျော်သွားပါပြီ။

အခု တရားရေးကော်မတီကို ပြင်ခိုင်းထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ဘယ်ရက်မှာ မဲခွဲအတည်ပြုမယ်ဆိုတာ မစ္စစ် Pelosi က မကြေညာပေမယ့် ရှေ့ဆက်ပြီး ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ အောက်လွှတ်တော် ဒီမိုကရက်တစ်အုပ်စုရဲ့ သီတင်းပတ်စဉ် အစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ စာထဲမှာ ရေးထားပါတယ်။

စွဲချက်တွေကို ရပြီဆိုတာနဲ့ မစ္စတာ McConnell အနေနဲ့ တရားစစ်ဆေးတာကို ချက်ခြင်းစတင်နိုင်မှာဖြစ်ပါတယ်။

XS
SM
MD
LG