သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရန္အေရး သမၼတ Trump မိန္႔ခြန္း ေကာက္ႏႈတ္ခ်က္


အီရန္တိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ သမၼတ Trump မိန္႔ခြန္းေျပာ

(Zawgyi / Unicode)

အေမရိကန္စစ္စခန္းေတြကုိ အီရန္ႏုိင္ငံက တုိက္ခုိက္မႈနဲ႔ ပတ္သက္လုိ႔ သမၼတ Donald Trump ရဲ႕ မိန္႔ခြန္းကုိ စီစဥ္ထားတဲ့ အခ်ိန္ထက္ နာရီ၀က္ေလာက္ ေနာက္က်ၿပီးမွ စတင္ခဲ့ပါတယ္။ စုစုေပါင္း ၈ မိနစ္ေလာက္ၾကာ မိန္႔ခြန္း အစမွာေတာ့ သူ႔သမၼတသက္တမ္းတေလွ်ာက္ အီရန္ကုိ ႏ်ဴကလီးယား လက္နက္ ပုိင္ဆုိင္ခြင့္ လုံး၀ေပးမွာ မဟုတ္ေၾကာင္း အေလးထား ေျပာခဲ့ပါတယ္။

အိမ္ျဖဴေတာ္မွာ ဒုသမၼတ၊ ကာကြယ္ေရး၀န္ႀကီးနဲ႔ စစ္ဦးစီးဗုိလ္ခ်ဳပ္ႀကီးေတြ ျခံရံၿပီး ေျပာဆုိခဲ့တဲ့ မိန္႔ခြန္းမွာတာ့ အီရန္က မစ္ဇုိင္းဒုံးေတြနဲ႔ တုိက္ခုိက္မႈအေပၚ ျပစ္တင္႐ႈတ္ခ်ခဲ့တာပါ။ အေမရိကန္စစ္တပ္ရဲ႕ ႀကိဳတင္အသိေပး ကာကြယ္ေရး စနစ္ေတြေၾကာင့္ အေမရိကန္နဲ႔ အီရတ္တပ္ဖဲြ႔၀င္ေတြ အေသအေပ်ာက္မရွိခဲ့သလုိ ထိခုိက္ပ်က္စီးမႈလည္း အနည္းဆုံးျဖစ္ခဲ့ေၾကာင္း ေျပာပါတယ္။

အီရန္ႏုိင္ငံက Quds အထူးတပ္ဖဲြ႔ရဲ႕ တပ္မွဴး Qassem Soleimani ကုိ အေမရိကန္က အီရတ္ႏုိင္ငံ ဘဂၢဒက္ၿမိဳ႕ေတာ္မွာ သုတ္သင္ရွင္းလင္းခဲ့တဲ့အေၾကာင္း ရွင္းျပရာမွာေတာ့ ဟဇ္ဘူလာ အၾကမ္းဖက္သမားေတြကုိ ေလ့က်င့္ေပးတာ၊ အေရွ႕အလယ္ပုိင္းမွာ ျပည္တြင္းစစ္ျဖစ္ေအာင္လုပ္တာ၊ အီရတ္နဲ႔ အေမရိကန္ တပ္ဖြဲ႔ေတြကုိ သတ္ျဖတ္တာ မၾကာေသးခင္တုန္းက ဘဂၢဒက္ၿမိဳ႕ေတာ္မွာရွိတဲ့ အေမရိကန္ သံ႐ုံးကုိတုိက္ခုိက္ခဲ့တာေတြကုိ လက္တုံ႔ျပန္ခဲ့တာျဖစ္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။ အီရန္ႏုိင္ငံအေနနဲ႔ ကုိယ့္အသက္ကုိ တန္ဖိုးထားရင္ တျခားလူေတြကုိ မၿခိမ္းေျခာက္ဖုိ႔လည္း သတိေပးခဲ့တာပါ။

တခ်ိန္တည္းမွာပဲ အရင္သမၼတ Barack Obama အစုိးရ လက္ထက္တုန္းက အေမရိကန္ အပါအ၀င္ ကမာၻ႔အင္အားႀကီး ၅ ႏုိင္ငံနဲ႔ ခ်ဳပ္ဆုိခဲ့တဲ့ ၂၀၁၅ အီရန္ႏ်ဴကလီးယား လက္နက္ဖ်က္သိမ္းေရး အစီအစဥ္နဲ႔ ပတ္သက္လုိ႔လည္း ေ၀ဖန္ခဲ့ပါတယ္။ အေမရိကန္က ၁.၈ ဘီလီယံေဒၚလာ သုံးၿပီး သေဘာတူညီခ်က္မွာ ပါ၀င္ခဲ့ေပမဲ့ အီရန္က ဒါကုိ တန္ဘုိးမထားခဲ့ဘဲ အေမရိကန္က်ဆုံးဖုိ႔ အၾကမ္းဖက္လုပ္ရပ္ေတြကုိ ဆက္လက္ က်ဳးလြန္ခဲ့ေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။ သေဘာတူညီခ်က္မွာ ပါ၀င္ၾကတဲ့ တ႐ုတ္၊ ႐ုရွားႏုိင္ငံေတြ အေနနဲ႔လည္း အီရန္နဲ႔ မပူးေပါင္းဖုိ႔လည္း တုိက္တြန္းခဲ့ပါတယ္။

အီရန္ႏုိင္ငံအေနနဲ႔ ႏ်ဴကလီးယားရည္မွန္းခ်က္နဲ႔ အၾကမ္းဖက္မႈကုိ စြန္႔လႊတ္ဖုိ႔နဲ႔ အေရွ႕အလယ္ပုိင္းေဒသ တည္ၿငိမ္ေရးမွာ အေရးႀကီးတဲ့ အခန္းက႑မွာ ရွိေနေၾကာင္းလည္း သတိေပးခဲ့ပါတယ္။ အီရန္ရဲ႕ အျပဳအမူေတြ ေျပာင္းလဲလာေစဖုိ႔ ေျမာက္အတၱလန္တိတ္စာခ်ဳပ္အဖဲြ႔ (NATO) က ပူးေပါင္းေဆာင္ရြက္ေအာင္ ေတာင္းဆုိမွာျဖစ္ေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။

အီရန္ႏုိင္ငံအေပၚ အေမရိကန္က ပိတ္ဆုိ႔ဒဏ္ခတ္မႈ အသစ္ေတြ စတင္မွာျဖစ္ေၾကာင္းလည္း ေၾကညာသြားပါတယ္။ အေမရိကန္ အေနနဲ႔ စီးပြားေရး ေတာင့္တင္းၿပီး ေခတ္မီဒုံးလက္နက္ေတြ အပါအ၀င္ စစ္လက္နက္ အင္အားေတာင့္တင္းေပမဲ့ ဒီအင္အားေတြကုိ စစ္မျဖစ္ေအာင္ ဟန္႔တားရာမွာ အသုံးျပဳဖုိ႔ ရည္ရြယ္ထားေၾကာင္းလည္း ေျပာဆုိခဲ့ပါတယ္။

အီရန္ျပည္သူေတြနဲ႔ ေခါင္းေဆာင္ေတြ အီရန္ႏုိင္ငံရဲ႕ အနာဂတ္ေကာင္းဖုိ႔ ႏုိင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္ဖုိ႔ တုိက္တြန္းခဲ့သလုိ ကုလသမဂၢ အေနနဲ႔လည္း ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ ပူးေပါင္းႏုိင္တာေတြ ရွိေၾကာင္းလည္း ေျပာဆုိခဲ့ပါတယ္။

.........................

အီရန်အရေး သမ္မတ Trump မိန့်ခွန်း ကောက်နှုတ်ချက်

(Unicode)

အမေရိကန်စစ်စခန်းတွေကို အီရန်နိုင်ငံက တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သမ္မတ Donald Trump ရဲ့ မိန့်ခွန်းကို စီစဉ်ထားတဲ့ အချိန်ထက် နာရီဝက်လောက် နောက်ကျပြီးမှ စတင်ခဲ့ပါတယ်။ စုစုပေါင်း ၈ မိနစ်လောက်ကြာ မိန့်ခွန်း အစမှာတော့ သူ့သမ္မတသက်တမ်းတလျှောက် အီရန်ကို နျူကလီးယား လက်နက် ပိုင်ဆိုင်ခွင့် လုံးဝပေးမှာ မဟုတ်ကြောင်း အလေးထား ပြောခဲ့ပါတယ်။

အိမ်ဖြူတော်မှာ ဒုသမ္မတ၊ ကာကွယ်ရေးဝန်ကြီးနဲ့ စစ်ဦးစီးဗိုလ်ချုပ်ကြီးတွေ ခြံရံပြီး ပြောဆိုခဲ့တဲ့ မိန့်ခွန်းမှာတာ့ အီရန်က မစ်ဇိုင်းဒုံးတွေနဲ့ တိုက်ခိုက်မှုအပေါ် ပြစ်တင်ရှုတ်ချခဲ့တာပါ။ အမေရိကန်စစ်တပ်ရဲ့ ကြိုတင်အသိပေး ကာကွယ်ရေး စနစ်တွေကြောင့် အမေရိကန်နဲ့ အီရတ်တပ်ဖွဲ့ဝင်တွေ အသေအပျောက်မရှိခဲ့သလို ထိခိုက်ပျက်စီးမှုလည်း အနည်းဆုံးဖြစ်ခဲ့ကြောင်း ပြောပါတယ်။

အီရန်နိုင်ငံက Quds အထူးတပ်ဖွဲ့ရဲ့ တပ်မှူး Qassem Soleimani ကို အမေရိကန်က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်မှာ သုတ်သင်ရှင်းလင်းခဲ့တဲ့အကြောင်း ရှင်းပြရာမှာတော့ ဟဇ်ဘူလာ အကြမ်းဖက်သမားတွေကို လေ့ကျင့်ပေးတာ၊ အရှေ့အလယ်ပိုင်းမှာ ပြည်တွင်းစစ်ဖြစ်အောင်လုပ်တာ၊ အီရတ်နဲ့ အမေရိကန် တပ်ဖွဲ့တွေကို သတ်ဖြတ်တာ မကြာသေးခင်တုန်းက ဘဂ္ဂဒက်မြို့တော်မှာရှိတဲ့ အမေရိကန် သံရုံးကိုတိုက်ခိုက်ခဲ့တာတွေကို လက်တုံ့ပြန်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အီရန်နိုင်ငံအနေနဲ့ ကိုယ့်အသက်ကို တန်ဖိုးထားရင် တခြားလူတွေကို မခြိမ်းခြောက်ဖို့လည်း သတိပေးခဲ့တာပါ။

တချိန်တည်းမှာပဲ အရင်သမ္မတ Barack Obama အစိုးရ လက်ထက်တုန်းက အမေရိကန် အပါအဝင် ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံနဲ့ ချုပ်ဆိုခဲ့တဲ့ ၂၀၁၅ အီရန်နျူကလီးယား လက်နက်ဖျက်သိမ်းရေး အစီအစဉ်နဲ့ ပတ်သက်လို့လည်း ဝေဖန်ခဲ့ပါတယ်။ အမေရိကန်က ၁.၈ ဘီလီယံဒေါ်လာ သုံးပြီး သဘောတူညီချက်မှာ ပါဝင်ခဲ့ပေမဲ့ အီရန်က ဒါကို တန်ဘိုးမထားခဲ့ဘဲ အမေရိကန်ကျဆုံးဖို့ အကြမ်းဖက်လုပ်ရပ်တွေကို ဆက်လက် ကျုးလွန်ခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။ သဘောတူညီချက်မှာ ပါဝင်ကြတဲ့ တရုတ်၊ ရုရှားနိုင်ငံတွေ အနေနဲ့လည်း အီရန်နဲ့ မပူးပေါင်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အီရန်နိုင်ငံအနေနဲ့ နျူကလီးယားရည်မှန်းချက်နဲ့ အကြမ်းဖက်မှုကို စွန့်လွှတ်ဖို့နဲ့ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေကြောင်းလည်း သတိပေးခဲ့ပါတယ်။ အီရန်ရဲ့ အပြုအမူတွေ ပြောင်းလဲလာစေဖို့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) က ပူးပေါင်းဆောင်ရွက်အောင် တောင်းဆိုမှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

အီရန်နိုင်ငံအပေါ် အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေ စတင်မှာဖြစ်ကြောင်းလည်း ကြေညာသွားပါတယ်။ အမေရိကန် အနေနဲ့ စီးပွားရေး တောင့်တင်းပြီး ခေတ်မီဒုံးလက်နက်တွေ အပါအဝင် စစ်လက်နက် အင်အားတောင့်တင်းပေမဲ့ ဒီအင်အားတွေကို စစ်မဖြစ်အောင် ဟန့်တားရာမှာ အသုံးပြုဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အီရန်ပြည်သူတွေနဲ့ ခေါင်းဆောင်တွေ အီရန်နိုင်ငံရဲ့ အနာဂတ်ကောင်းဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့သလို ကုလသမဂ္ဂ အနေနဲ့လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းနိုင်တာတွေ ရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG