(Zawgyi / Unicode)
အေမရိကန္ရဲ႕ တိုက္ခုိက္မႈေၾကာင့္ အီရန္ စစ္ဗိုလ္ခ်ဳပ္တဦး ေသာၾကာေန႔က ေသဆုံးသြားတာကို လက္တုံ႔ျပန္ဖို႔ အီရန္က ဘယ္ေနရာေတြကို တိုက္ခိုက္လာမယ္ဆုိတာ ဘယ္သူမွ မသိႏုိင္ေပမယ့္ အီရန္က အဲဒီလို လက္တုံ႔ျပန္မွာ မဟုတ္ဘူးလို႔ ယုံၾကည္သူ မရွိသေလာက္ ျဖစ္ေနပါတယ္။
အီရတ္၊ ဆီးရီးယား၊ လက္ဘႏြန္နဲ႔ ယီမင္ႏိုင္ငံေတြကို ၾကားခံထားၿပီး ျပႆနာေတြ ဖန္တီးလာႏိုင္တယ္လုိ႔ အကဲခတ္ေတြက သုံးသပ္ပါတယ္။
ဗိုလ္ခ်ဳပ္ Qassem Soleimani ကုိသတ္မယ့္ အစီအစဥ္ကို သူတုိ႔ ႀကဳိတင္မသိခဲ့ရဘူးလို႔ အေမရိကန္ရဲ႕ မဟာမိတ္တခ်ဳိ႕က အျပစ္တင္ၾကၿပီး ဆုိးရြားတဲ့ အေျခအေန ျဖစ္လာရင္ ကိုင္တြယ္ႏိုင္ဖို႔ အေရးေပၚအစီအစဥ္ေတြ ေရးဆြဲထားၾကပါတယ္။
အီရန္ကိုု “အရမ္းခက္ခဲ လ်င္ျမန္စြာ” တိုက္ခိုက္လိမ့္မယ္လို႔ သမၼတ Donald Trump က သတိေပးခဲ့ၿပီး အကယ္၍ အီရန္က ျပန္တုိက္လာရင္ အီရန္ရဲ႕ အဓိကက်တဲ့ ပစ္မွတ္ ၅၂ ခုကို တိုက္ခုိက္သြားဖို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္ကို ညႊန္ၾကားထားေၾကာင္းလည္း ေျပာပါတယ္။
အီရတ္မွာ ၿဗိတိသွ်တပ္ဖြဲ႔ဝင္ ၄၀၀ ရွိထားေပမယ့္ ပင္လယ္ေကြ႔ေဒသမွာ ေနာက္ထပ္ ၁၀၀၀ လုံၿခဳံေရးတိုးခ်ဖို႔ ၿဗိတိသွ် စစ္တပ္အႀကီးအကဲက ဝန္ႀကီးခ်ဳပ္နဲ႔ တုိင္ပင္ေနပါတယ္။
ျပင္သစ္နဲ႔ နယ္သာလန္ႏုိင္ငံေတြကလည္း အေမရိကန္နည္းတူ သူတို႔ႏိုင္ငံသားေတြ အီရတ္က ထြက္ခြာၾကဖို႔ သတိေပးထားပါတယ္။
-------------------------------
(Unicode)
အီရန် လက်တုံ့ပြန်လာနိုင်တဲ့အတွက် နိုင်ငံတချို့ ပြင်ဆင်
အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် အီရန် စစ်ဗိုလ်ချုပ်တဦး သောကြာနေ့က သေဆုံးသွားတာကို လက်တုံ့ပြန်ဖို့ အီရန်က ဘယ်နေရာတွေကို တိုက်ခိုက်လာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပေမယ့် အီရန်က အဲဒီလို လက်တုံ့ပြန်မှာ မဟုတ်ဘူးလို့ ယုံကြည်သူ မရှိသလောက် ဖြစ်နေပါတယ်။
အီရတ်၊ ဆီးရီးယား၊ လက်ဘနွန်နဲ့ ယီမင်နိုင်ငံတွေကို ကြားခံထားပြီး ပြဿနာတွေ ဖန်တီးလာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
ဗိုလ်ချုပ် Qassem Soleimani ကိုသတ်မယ့် အစီအစဉ်ကို သူတို့ ကြိုတင်မသိခဲ့ရဘူးလို့ အမေရိကန်ရဲ့ မဟာမိတ်တချို့က အပြစ်တင်ကြပြီး ဆိုးရွားတဲ့ အခြေအနေ ဖြစ်လာရင် ကိုင်တွယ်နိုင်ဖို့ အရေးပေါ်အစီအစဉ်တွေ ရေးဆွဲထားကြပါတယ်။
အီရန်ကို “အရမ်းခက်ခဲ လျင်မြန်စွာ” တိုက်ခိုက်လိမ့်မယ်လို့ သမ္မတ Donald Trump က သတိပေးခဲ့ပြီး အကယ်၍ အီရန်က ပြန်တိုက်လာရင် အီရန်ရဲ့ အဓိကကျတဲ့ ပစ်မှတ် ၅၂ ခုကို တိုက်ခိုက်သွားဖို့ ပင်တဂွန်စစ်ဌာနချုပ်ကို ညွှန်ကြားထားကြောင်းလည်း ပြောပါတယ်။
အီရတ်မှာ ဗြိတိသျှတပ်ဖွဲ့ဝင် ၄၀၀ ရှိထားပေမယ့် ပင်လယ်ကွေ့ဒေသမှာ နောက်ထပ် ၁၀၀၀ လုံခြုံရေးတိုးချဖို့ ဗြိတိသျှ စစ်တပ်အကြီးအကဲက ဝန်ကြီးချုပ်နဲ့ တိုင်ပင်နေပါတယ်။
ပြင်သစ်နဲ့ နယ်သာလန်နိုင်ငံတွေကလည်း အမေရိကန်နည်းတူ သူတို့နိုင်ငံသားတွေ အီရတ်က ထွက်ခွာကြဖို့ သတိပေးထားပါတယ်။