သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏ်ဴကလီးယား စာခ်ဳပ္လိုက္နာမႈ အီရန္ေလွ်ာ႔ခ်


အီရန္ဗိုလ္ခ်ဳပ္ Qassem Soleimani ၏ ႐ုပ္အေလာင္းအား သယ္ေဆာင္လာစဥ္ ဝန္းရံသူအမ်ားအျပားႏွင့္ ေတြ႔ရစဥ္။ (ဇန္နဝါရီ ၅၊ ၂၀၂၀)

(Zawgyi / Unicode)

အီရန္ႏုိင္ငံအေနနဲ႔ ယူေရနီယံ သန္႔စင္မႈမွာ အသံုးျပဳတဲ့ ဗဟုိခြာစက္ အေရအတြက္ ကန္႔သတ္ခ်က္ကို လိုက္နာေတာ့မွာ မဟုတ္ဘူးလို႔ ေျပာၾကားလိုက္ပါတယ္။ ဒါဟာ ၂၀၁၅ ႏုိင္ငံတကာ ႏ်ဴကလီးယား သေဘာတူညီခ်က္ကို ႏုတ္ထြက္လိုက္တဲ့သေဘာပဲ ျဖစ္ပါတယ္။

ႏ်ဴကလီးယားထုတ္လုပ္ေရး အစီအစဥ္ေတြမွာ ယူေရနီယံသန္႔စင္မႈ ပမာဏ၊ ရာခိုင္ႏႈန္း စတဲ့ ကန္႔သတ္ခ်က္ကို လိုက္နာေတာ့မွာ မဟုတ္ဘူးလို႔ တနဂၤေႏြေန႔ထုတ္ အီရန္အစိုးရ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အေမရိကန္ရဲ႕ ေလေၾကာင္းတုိက္ခိုက္မႈေၾကာင့္ ဘဂၢဒက္ၿမဳိ႕မွာ အီရန္ ထိပ္တန္းဗိုလ္ခ်ဳပ္တဦးျဖစ္တဲ့ Qassem Soleimani ေသဆုံးခဲ့ၿပီးေနာက္ ၂ ရက္အၾကာမွာ အီရန္ရဲ႕ ဒီဆုံးျဖတ္ခ်က္ ထြက္ေပၚလာတာျဖစ္ၿပီး အီရန္ဘက္က တန္ျပန္လက္စားေခ်မႈရဲ႕ ေရွ႕ေျပးလုပ္ရပ္လည္း ျဖစ္ပါတယ္။

ဒါေပမယ့္ တနဂၤေႏြ ေၾကညာခ်က္ဟာ အီရန္က ႏ်ဴကလီးယားလက္နက္ ဆက္ထုတ္မယ္ဆိုတဲ့ အတိအလင္း ၿခိမ္းေျခာက္မႈမ်ဳိး မဟုတ္ဘဲ IAEA ႏုိင္ငံတကာ အဏုျမဴေအဂ်င္စီနဲ႔ ဆက္လက္ပူးေပါင္း ေဆာင္ရြက္မယ္လို႔ ပါရွိပါတယ္။

၂၀၁၅ ႏ်ဴကလီးယား သေဘာတူစာခ်ဳပ္ကေန အေမရိကန္က ႏုတ္ထြက္ၿပီးေနာက္ပိုင္း အီရန္ဟာ စာခ်ဳပ္ပါ ကတိေပးခ်က္ေတြကေန တျဖည္းျဖည္းခ်င္း လိုက္နာမႈ ေလ်ာ့လာပါတယ္။

ဒီအေတာအတြင္း ဗိုလ္ခ်ဳပ္ႀကီး Qassem Soleimani ေသဆုံးခဲ့မႈနဲ႔ ပတ္သက္တဲ့ ေလေၾကာင္းတိုက္ခိုက္မႈအတြက္ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Pompeo က အခုိင္အမာ ခုခံေျပာဆိုခဲ့ပါတယ္။

---------------------------------

(Unicode)

နျူကလီးယား စာချုပ်လိုက်နာမှု အီရန်လျှော့ချ

အီရန်နိုင်ငံအနေနဲ့ ယူရေနီယံ သန့်စင်မှုမှာ အသုံးပြုတဲ့ ဗဟိုခွာစက် အရေအတွက် ကန့်သတ်ချက်ကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ဒါဟာ ၂၀၁၅ နိုင်ငံတကာ နျူကလီးယား သဘောတူညီချက်ကို နုတ်ထွက်လိုက်တဲ့သဘောပဲ ဖြစ်ပါတယ်။

နျူကလီးယားထုတ်လုပ်ရေး အစီအစဉ်တွေမှာ ယူရေနီယံသန့်စင်မှု ပမာဏ၊ ရာခိုင်နှုန်း စတဲ့ ကန့်သတ်ချက်ကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ တနင်္ဂနွေနေ့ထုတ် အီရန်အစိုးရ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘဂ္ဂဒက်မြို့မှာ အီရန် ထိပ်တန်းဗိုလ်ချုပ်တဦးဖြစ်တဲ့ Qassem Soleimani သေဆုံးခဲ့ပြီးနောက် ၂ ရက်အကြာမှာ အီရန်ရဲ့ ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပြီး အီရန်ဘက်က တန်ပြန်လက်စားချေမှုရဲ့ ရှေ့ပြေးလုပ်ရပ်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် တနင်္ဂနွေ ကြေညာချက်ဟာ အီရန်က နျူကလီးယားလက်နက် ဆက်ထုတ်မယ်ဆိုတဲ့ အတိအလင်း ခြိမ်းခြောက်မှုမျိုး မဟုတ်ဘဲ IAEA နိုင်ငံတကာ အဏုမြူအေဂျင်စီနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်မယ်လို့ ပါရှိပါတယ်။

၂၀၁၅ နျူကလီးယား သဘောတူစာချုပ်ကနေ အမေရိကန်က နုတ်ထွက်ပြီးနောက်ပိုင်း အီရန်ဟာ စာချုပ်ပါ ကတိပေးချက်တွေကနေ တဖြည်းဖြည်းချင်း လိုက်နာမှု လျော့လာပါတယ်။

ဒီအတောအတွင်း ဗိုလ်ချုပ်ကြီး Qassem Soleimani သေဆုံးခဲ့မှုနဲ့ ပတ်သက်တဲ့ လေကြောင်းတိုက်ခိုက်မှုအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Pompeo က အခိုင်အမာ ခုခံပြောဆိုခဲ့ပါတယ်။

ႏ်ဴကလီးယား စာခ်ဳပ္လိုက္နာမႈ အီရန္ေလွ်ာ႔ခ်
please wait

No media source currently available

0:00 0:01:11 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG