သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တိုက်ခိုက်မှုနဲ့ သေဆုံးတဲ့ အီရန်တပ်မှူး ဈာပန


အီရန်ထိပ်တန်း တပ်မှူးကြီး Qassem Soleimani ဈာပနအခမ်းအနား။ (ဇန်နဝါရီ ၄၊ ၂၀၂၀)
အီရန်ထိပ်တန်း တပ်မှူးကြီး Qassem Soleimani ဈာပနအခမ်းအနား။ (ဇန်နဝါရီ ၄၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ရဲ့ သောကြာနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြတဲ့ အီရန်ထိပ်တန်း တပ်မှူးကြီး Qassem Soleimani နဲ့ အခြား အီရတ်စစ်ဘက်ခေါင်းဆောင် အတော်များများတို့ရဲ့ ဈာပနအခမ်းအနားကို ထောင်နဲ့ချီတဲ့လူတွေ ဒီကနေ့ တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ တပ်မှူးချုပ် Soleimani ကို ပစ်မှတ်ထားပြီး အမေရိကန်က တိုက်ခိုက်ခဲ့တာပါ။

ဒေသတွင်း အမေရိကန် သံတမန်တွေနဲ့ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို တိုက်ခိုက်ဖို့ စီစဉ်ဆောင်ရွက်နေတဲ့ Soleimani ကို သုတ်သင်ဖို့ သူအမိန့်ပေးခဲ့တာလို့ အမေရိကန်သမ္မတ Donald Trump က ပြောပါတယ်။

ဈာပနအခမ်းအနားကို တက်ရောက်လာတဲ့သူတွေက အနက်ရောင်တွေ ဝတ်ဆင်ထားကြပြီး အီရတ်အလံတွေနဲ့ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်သူ့စစ်အဖဲ့ွရဲ့ အလံတွေကို ကိုင်ဆောင်ထားကြတာပါ။

တချို့ကတော့ “Death to America” အမေရိကန် ကျဆုံးပါစေဆိုပြီး အော်ဟစ်ခဲ့ကြပါတယ်။ ဒီလုပ်ရပ်အပေါ် လက်တုံ့ပြန်မယ်လို့ အီရန်ဘက်က ကတိပြု ပြောဆိုလိုက်တဲ့အတွက် အရှေ့အလယ်ပိုင်းမှာ စစ်ပွဲဖြစ်မလာအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တိုက်တွန်းချက်တွေ ထွက်ပေါ်လာပါတယ်။

သမ္မတ Trump ကတော့ သူ ခုလို အမိန့်ပေးခဲ့တာဟာ စစ်ပွဲကိုစဖို့မဟုတ်ဘဲ စစ်ပွဲရပ်အောင်လုပ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

Soleimani သေဆုံးစေခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု စတင်လိုက်ပြီးတဲ့ နောက်ပိုင်း အခြား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတွေကိုတော့ အမေရိကန်က ငြင်းဆိုထားပါတယ်။

ဘဂ္ဂဒက်က အမေရိကန်သံရုံးကိုလည်း ပိတ်ထားလိုက်ပြီး အမေရိကန် နိုင်ငံသားတွေအားလုံး အီရတ်ကနေ ချက်ချင်းထွက်ခွာဖို့လည်း သောကြာနေ့က တိုက်တွန်းထားပါတယ်။

------------------------------

(Unicode)







သမ်မတ Trump ကတော့ သူ ခုလို အမိန့ျပေးခဲ့တာဟာ စဈပှဲကိုစဖို့မဟုတျဘဲ စဈပှဲရပျအောငျလုပျတာ ဖွဈတယျလို့ ပွောပါတယျ။



တိုက်ရိုက် လင့်ခ်


XS
SM
MD
LG