သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Soleimani ကို လုပ်ကြံသတ်ဖြတ်မှုအပေါ် အမေရိကန်မှာ ကန့်ကွက်ဆန္ဒပြ


အီရန်တပ်မှူး Qasem Soleimani ကို လုပ်ကြံသတ်ဖြတ်တဲ့ အပေါ် အိမ်ဖြူတော်အနီး ကန့်ကွက်ဆန္ဒပြကြသည့် စစ်ဆန့်ကျင်ရေး ဆန္ဒပြသူများ။ ဇန်နဝါရီ ၄၊ ၂၀၁၉။
အီရန်တပ်မှူး Qasem Soleimani ကို လုပ်ကြံသတ်ဖြတ်တဲ့ အပေါ် အိမ်ဖြူတော်အနီး ကန့်ကွက်ဆန္ဒပြကြသည့် စစ်ဆန့်ကျင်ရေး ဆန္ဒပြသူများ။ ဇန်နဝါရီ ၄၊ ၂၀၁၉။

(Zawgyi/Unicode)

အီရန်နိုင်ငံရဲ့ ထိပ်တန်းတပ်မှူးတဦးကို အမေရိကန်က အဝေးထိန်းဒရုံးယာဉ်ကနေ ဒုံးကျည်ပစ်လွှတ်ပြီး သုတ်သင်လိုက်တဲ့အပေါ် ဝါရှင်တန်၊ နယူးယောက်နဲ့ နိုင်ငံတဝန်းမှာ စနေနေ့က ကန့်ကွက်ဆန္ဒပြကြပြီး “no war on iran” “အီရန်ပေါ် စစ်မတိုက်ရ” လို့ ဆန္ဒပြသူတွေက ကြွေးကြော်ကြပါတယ်။

လက်ဝဲယိမ်းအဖွဲ့အစည်းတွေက နှိုးဆော်တဲ့ ဒီဆန္ဒပြပွဲတွေထဲကတခုကို သမ္မတအိမ်ဖြူတော် ရှေ့မှာ လုပ်ခဲ့ကြပြီး လူ ၂၀၀ ပတ်ဝန်းကျင်ပါဝင်ပါတယ်။ ဆန္ဒပြသူတွေရဲ့ ကြွေးကြော်သံတွေ ထဲမှာ “တရားမျှတမှုမရှိရင် ငြိမ်းချမ်းမှုမရှိ၊ အရှေ့အလယ်ပိုင်းကနေ အမေရိကန်ထွက်” ဆိုတာတွေလည်း ပါဝင်ပါတယ်။

ဗိုလ်ချုပ် Qasem Soleimani ကို သတ်ပစ်လိုက်တဲ့အပေါ် ရှုတ်ချတဲ့ဆန္ဒပြပွဲတွေကို အမေရိကန် နိုင်ငံတဝန်းက မြို့ကြီး ၇၀ လောက်မှာ လုပ်ကြတယ်လို့ စီစဉ်သူတွေကပြောပါတယ်။ သမ္မတ Donald Trump ရဲ့ ညွှန်ကြားချက်နဲ့ Soleimani ကို ဘဂ္ဂဒက်မြို့ လေဆိပ်အနီးမှာ သောကြာနေ့အစောပိုင်းက လုပ်ကြံသတ်ဖြတ်လိုက်တာပါ။ ဒီတိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခကြီးဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

အိမ်ဖြူတော်ရှေ့မှာ ဆန္ဒပြသူတွေဟာ နောက်ပိုင်းမှာတော့ အိမ်ဖြူတော်နဲ့ သိပ်မဝေးလှတဲ့နေရာက Trump International Hotel ဘက်ကို ရွှေ့သွားကြပါတယ်။

“အာရုံလွှဲဖို့ လိုနေသလား၊ စစ်ပွဲတပွဲ စလိုက်ပါ” လို့ ဆန္ဒပြသူတဦး ကိုင်ဆောင်ထားတဲ့ ဆိုင်းဘုတ်မှာ ရေးထားပါတယ်။ သမ္မတ Trump အပေါ် တရားစွဲထားတာကို အထက်လွှတ်တော်မှာ တရားစစ်ဆေးဖို့ ရှိနေချိန်မှာပဲ အခုလို Soleimani ကို လုပ်ကြံသတ်ဖြတ်တဲ့ဖြစ်ရပ် ပေါ်လာတာဖြစ်ပါတယ်။

------------------------------------

(Unicode)

Soleimani ကို လုပျကွံသတျဖွတျမှုအပေါျ အမရေိကနျမှာ ကန့ျကှကျဆန်ဒပွ




အိမျဖွူတောျရှေ့မှာ ဆန်ဒပွသူတှဟော နောကျပိုငျးမှာတော့ အိမျဖွူတောျနဲ့ သိပျမဝေးလှတဲ့နရောက Trump International Hotel ဘကျကို ရှှေ့သှားကွပါတယျ။


တိုက်ရိုက် လင့်ခ်


XS
SM
MD
LG