(Zawgyi / Unicode)
(ထပ္မံသိရွိရသည့္ အခ်က္အလက္)
အီရတ္ႏုိင္္ငံမွာ အေမရိကန္တပ္ဖြဲ႔ေတြ စခန္းခ်ထားတဲ့ ေလတပ္အေျခစိုက္စခန္းႏွစ္ခုကို ပဲ့ထိန္းဒံုးက်ည္ ၁၂ စင္းေက်ာ္နဲ႔ ပစ္ခတ္ တုိက္ခုိက္ခံရတယ္ဆိုတာ ပန္တဂြန္စစ္ဌာနခ်ဳပ္က အတည္ျပဳ ထုတ္ျပန္ပါတယ္။
အဲဒီ ပဲ့ထိန္းဒံုးက်ည္ေတြကို အီရန္ႏုိင္ငံတြင္းကေန ဝါရွင္တန္စံေတာ္ခ်ိန္ အဂၤါညေန ၅ နာရီခြဲက ပစ္ခတ္ တို္က္ခိုက္တာလို႔ ပန္တဂြန္စစ္ဌာနခ်ဳပ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
အခုျဖစ္သြားတဲ့ တုိက္ခုိက္မႈနဲ႔ပတ္သက္လုိ႔ သမၼတ Donald Trump နဲ႔ အေရးေပၚ စည္းေ၀းပြဲ က်င္းပဖုိ႔ ၀ါရွင္တန္ေဒသစံေတာ္ခ်ိန္ ည ၇ နာရီေက်ာ္ေလာက္မွာ ႏုိင္ငံျခားေရး ၀န္ႀကီး Mike Pompeo ၊ ကာကြယ္ေရး၀န္ႀကီး Mike Esper ၊ အေမရိကန္ ပူးတြဲ စစ္ဦးခ်ဳပ္မ်ားရဲ႕ အႀကီးအကဲနဲ႔ တျခား အမ်ဳိးသားလုံၿခံဳေရးဆုိင္ရာ တာ၀န္ရွိသူေတြ သမၼတ အိမ္ျဖဴေတာ္ကုိ ေရာက္သြားၾကၿပီ ျဖစ္ပါတယ္။
(ဒီသတင္းဟာ ဆက္လက္ျဖစ္ေပၚေနဆဲ အေျခအေနျဖစ္ၿပီး ေနာက္ထပ္ အခ်က္အလက္သစ္ေတြ ထပ္သိရခ်ိန္မွာ ေဖာ္ျပေပးသြားပါမယ္။)
.................
[Unicode]
(ထပ်မံသိရှိရသည့် အချက်အလက်)
အီရတ်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေ စခန်းချထားတဲ့ လေတပ်အခြေစိုက်စခန်းနှစ်ခုကို ပဲ့ထိန်းဒုံးကျည် ၁၂ စင်းကျော်နဲ့ ပစ်ခတ် တိုက်ခိုက်ခံရတယ်ဆိုတာ ပန်တဂွန်စစ်ဌာနချုပ်က အတည်ပြု ထုတ်ပြန်ပါတယ်။
အဲဒီ ပဲ့ထိန်းဒုံးကျည်တွေကို အီရန်နိုင်ငံတွင်းကနေ ဝါရှင်တန်စံတော်ချိန် အင်္ဂါညနေ ၅ နာရီခွဲက ပစ်ခတ် တိုက်ခိုက်တာလို့ ပန်တဂွန်စစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုဖြစ်သွားတဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ သမ္မတ Donald Trump နဲ့ အရေးပေါ် စည်းဝေးပွဲ ကျင်းပဖို့ ဝါရှင်တန်ဒေသစံတော်ချိန် ည ၇ နာရီကျော်လောက်မှာ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ၊ ကာကွယ်ရေးဝန်ကြီး Mike Esper ၊ အမေရိကန် ပူးတွဲစစ်ဦးချုပ်များရဲ့ အကြီးအကဲနဲ့ တခြား အမျိုးသားလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေ သမ္မတ အိမ်ဖြူတော်ကို ရောက်သွားကြပြီ ဖြစ်ပါတယ်။
(ဒီသတင်းဟာ ဆက်လက်ဖြစ်ပေါ်နေဆဲ အခြေအနေဖြစ်ပြီး နောက်ထပ် အချက်အလက်သစ်တွေ ထပ်သိရချိန်မှာ ဖော်ပြပေးသွားပါမယ်။)
.....................
(Zawgyi / Unicode)
အီရတ္ႏိုင္ငံမွာ အေမရိကန္တပ္ဖြဲ႔ေတြ စခန္းခ်ထားတဲ့ al-Asad ေလတပ္ အေျခစိုက္စခန္းကို သိပ္မၾကာခင္ အခ်ိန္ပိုင္းအတြင္းက ပဲ ဒံုးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ပါတယ္။
ဒီတိုက္ခိုက္မႈဟာ သူတို႔လက္ခ်က္ျဖစ္တယ္ဆုိၿပီး အီရန္ ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႔က ေၾကညာတဲ့အေၾကာင္း CNN အပါအဝင္ အေမရိကန္ ႐ုပ္သံသတင္းဌာနေတြက ထုတ္လႊင့္ ေဖာ္ျပပါတယ္။
ဒီတိုက္ခိုက္မႈအေျခအေနကို သိရွိထားၿပီး သမၼတကို အစီရင္ခံထားၿပီးေတာ့ အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနသလို ႏုိင္ငံေတာ္လံုျခံဳေရးဆိုင္ရာ တာဝန္ရွိသူေတြနဲ႔လည္း တိုင္ပင္ညႇိႏိႈင္းေနတယ္လုိ႔ အိမ္ျဖဴေတာ္ေျပာခြင့္ရ Stephanie Grisham က Twitter မွာေရးပါတယ္။
(ဒီသတင္းဟာ ဆက္လက္ျဖစ္ေပၚေနဆဲ အေျခအေနျဖစ္ၿပီး ေနာက္ထပ္ အခ်က္အလက္သစ္ေတြ ထပ္သိရခ်ိန္မွာ ေဖာ္ျပေပးသြားပါမယ္။)
................
( Unicode)
အီရတ်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေ စခန်းချထားတဲ့ al-Asad လေတပ် အခြေစိုက်စခန်းကို သိပ်မကြာခင် အချိန်ပိုင်းအတွင်းက ပဲ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပါတယ်။
ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်ဆိုပြီး အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ကြေညာတဲ့အကြောင်း CNN အပါအဝင် အမေရိကန် ရုပ်သံသတင်းဌာနတွေက ထုတ်လွှင့် ဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုအခြေအနေကို သိရှိထားပြီး သမ္မတကို အစီရင်ခံထားပြီးတော့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေသလို နိုင်ငံတော်လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့လည်း တိုင်ပင်ညှိနှိုင်းနေတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Stephanie Grisham က Twitter မှာရေးပါတယ်။
(ဒီသတင်းဟာ ဆက်လက်ဖြစ်ပေါ်နေဆဲ အခြေအနေဖြစ်ပြီး နောက်ထပ် အချက်အလက်သစ်တွေ ထပ်သိရချိန်မှာ ဖော်ပြပေးသွားပါမယ်။)