သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်စစ်တပ်ထိပ်တန်း ပုဂ္ဂိုလ်ကို ကန် သုတ်သင်တဲ့အပေါ် ကမ္ဘာ့ခေါင်းဆောင်တွေ သတိနဲ့ တုံ့ပြန်


အီရန်ထိပ်တန်းတပ်မှူးကြီး Qasem Soleimani
အီရန်ထိပ်တန်းတပ်မှူးကြီး Qasem Soleimani

(Zawgyi/Unicode)

အီရန်ထိပ်တန်းတပ်မှူးကြီး Qasem Soleimani ကို အမေရိကန်တို့ သုတ်သင်ခဲ့တဲ့အပေါ် ကမ္ဘာ့ခေါင်းဆောင်တွေ သတိနဲ့ တုံ့ပြန်နေကြပါတယ်။

အီရန်မှာတော့ ဝမ်းနည်းခြင်းအထိမ်းမှတ် ၃ ရက် သတ်မှတ်တယ်လို့ ဘာသာရေး ခေါင်းဆောင်ကြီး Ayatollah Ali Khamenei က Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ သူမရှိတော့ပေမဲ့ သူ့ခင်းခဲ့တဲ့ လမ်းက ရပ်သွားမှာ မဟုတ်ကြောင်းနဲ့ သူ့ကို သတ်ဖြတ်ခဲ့သူတွေအပေါ် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့လည်း ဆိုပါတယ်။

အမေရိကန်တိုက်ခိုက်မှုအတွင်း အီရတ်တပ်မှူးကြီး တယောက်လည်း သေဆုံးသွားတဲ့အတွက် ဒါဟာ အီရတ်နိုင်ငံအပေါ် ရန်လိုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အီရတ်ဝန်ကြီးချုပ် Adel Abdel Mahdi က ကြေညာချက် ထုတ်ပြန်တုံ့ပြန်ပါတယ်။

အီရတ်မြေပေါ်မှာ အမေရိကန်တပ်တွေ တပ်စွဲခွင့်ပြုထားတာကို စော်ကားတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း အီရတ်ဝန်ကြီးချုပ်ရဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။ အမေရိကန်မှာတော့ သမ္မတ Donald Trump ကို အမာခံထောက်ခံနေတဲ့ Republican အမတ်တွေက သုတ်သင်သတ်ဖြတ်မှုကို အားပေးထောက်ခံကြောင်း ပြောနေကြပါတယ်။

အမေရိကန်တွေကို သတ်ဖြတ်မှု ထိခိုက်ဒဏ်ရာရအောင်လုပ်မှုအတွက် ရရှိတဲ့ တုံ့ပြန်မှုဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် Lindsey Graham က Twitter ပေါ်မှာ ရေးသားပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Peloci ကတော့ သမ္မတရဲ့လုပ်ရပ်ကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ ကြီးကျယ်တဲ့ ပဋိပက္ခကြီးဖြစ်လာနိုင်တယ်လို့ သတိပေးပါတယ်။ နောက်ပြန်လှည့်လို့ မရတဲ့ တင်းမာမှုမျိုးကို အမေရိကန်ပြည်ထောင်စုရော ကမ္ဘာကြီးပါ မလိုချင်ဘူးလို့ အောက်လွှတ်တော်အမတ် Peloci ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အီရန်ထိပ်တန်း တပ်မှူးကြီးကို သတ်ဖြတ်လိုက်တဲ့အတွက် ပိုပြီးအန္တရာယ်များတဲ့ ကမ္ဘာကြီးဖြစ်လာတယ်လို့ EU ဥရောပသမဂ္ဂဆိုင်ရာ ပြင်သစ်ဝန်ကြီး Amelie de Montchalin ကပြင်သစ်ရေဒီယိုကို ပြောကြားပါတယ်။

သမ္မတ Emmanuel Macron အနေနဲ့ ဒေသတွင်း အဓိကကျသူတွေနဲ့ ဆွေးနွေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အီရန်ပြည်သူတွေရဲ့ အကျိုးစီးပွားကို အလေးထားကာကွယ်နေတဲ့ တပ်မှူးကြီး Soleimani သေဆုံးသွားတဲ့အပေါ် စိတ်မကောင်းကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားပြီး ဒေသတွင်း တင်းမာမှုတွေ ပိုဖြစ်လာမယ်လို့ တုံ့ပြန်ကြောင်း ရုရှားအစိုးရသတင်းတွေမှာ ဖော်ပြကြပါတယ်။ တရုတ်နိုင်ငံကတော့ တင်းမာမှုတွေ နောက်ထပ်မဖြစ်အောင် သက်ဆိုင်သူအားလုံးကို တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာဆက်ဆံရေးမှာ အင်အားသုံးတဲ့အပေါ် တရုတ်က အမြဲကန့်ကွက်ကြောင်းနဲ့ အီရတ်ရဲ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာဖို့လိုကြောင်း တရုတ်ပြောခွင့်ရ Geng Shuang က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









သမ်မတ Emmanuel Macron အနနေဲ့ ဒသေတှငျး အဓိကကသြူတှနေဲ့ ဆှေးနှေးသှားမယျလို့ ပွောကွားခဲ့ပါတယျ။



XS
SM
MD
LG