သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း လေးနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် သတိပေးချက်ထုတ်


ရီယာဒ် မြန်မာသံရုံး၏ ထုတ်ပြန်ချက်။ (ဇန်နဝါရီ ၄၊ ၂၀၁၉)
ရီယာဒ် မြန်မာသံရုံး၏ ထုတ်ပြန်ချက်။ (ဇန်နဝါရီ ၄၊ ၂၀၁၉)

(Zawgyi/Unicode)

အရှေ့အလယ်ပိုင်းဒေသ နိုင်ငံလေးနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် ရီယာဒ်မြို့၊ မြန်မာသံရုံးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဆော်ဒီအာရေးဗျ၊ ဘာရိန်း၊ ကာတာနဲ့ အိုမန်နိုင်ငံတွေမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒေသတွင်း လက်ရှိ အခြေအနေတွေကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး လုံခြုံရေး သတိရှိကြဖို့ ဇန်နဝါရီလ ၄ ရက်နဲ့ မြန်မာသံရုံးကထုတ်ပြန်တဲ့ နှိုးဆော်ချက်မှာ ဖော်ပြထားပါတယ်။

အီရတ်နိုင်ငံတွင်း လက်ရှိဖြစ်ပွားခဲ့တဲ့ လတ်တလော အခြေအနေတွေအရ ဒေသတွင်းမှာ စိုးရိမ်ဖွယ်ရာ၊ စိတ်ပူပန်ဖွယ်ရာ အခြေအနေတွေ ဖြစ်နေတယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကိုယ်ရောက်နေတဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဥပဒေနဲ့အညီ မသက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်မှုမရှိစေဘဲ လိုက်နာ နေထိုင်သွားဖို့နဲ့ သက်ဆိုင်ရာနိုင်ငံတွေက ယာယီ တင်းကျပ်လာနိုင်ဖွယ်ရှိတဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ စနစ်တကျနေထိုင်သွားဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

အခက်အခဲရှိတယ်ဆိုရင် ရီယာဒ် မြန်မာသံရုံးကို ၂၄ နာရီ အချိန်မရွေး ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့ ဖော်ပြထားပြီး တယ်လီဖုန်းနံပါတ်တွေနဲ့ အီးမေးလိပ်စာတွေကိုလည်း ထုတ်ပြန်ချက်ထဲမှာ တပါတည်း ထည့်သွင်းဖော်ပြထားပါတယ်။

အီရန်နိုင်ငံက Quds အထူးတပ်ဖွဲ့ရဲ့တပ်မှူး ဗိုလ်ချုပ် Qasem Soleimani ကို ဇန်နဝါရီလ ၃ ရက်၊ သောကြာနေ့မှာ အမေရိကန်က အဝေးထိန်းဒရုံးယာဉ်ကနေ ဒုံးကျည်နဲ့ ပစ်ခတ် သုတ်သင်ခဲ့ပြီးတဲ့နောက် အီရန်ဘက်က အပြင်းထန်ဆုံး တုံ့ပြန်မယ်လို့ ပြောထားချိန်မှာပဲ ဆော်ဒီ အာရေးဗျနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးရဲ့ သတိပေးချက် ထွက်လာတာ ဖြစ်ပါတယ်။

-----------------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG