(Zawgyi / Unicode)
ကမၻာတလႊား တင္းမာမႈေတြ တိုးလာေနတယ္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က တနလာၤေန႔မွာ ေျပာၾကားလိုက္ၿပီး စစ္ရဲ႕ ဆိုးရြားတဲ႔ အက်ိဳးဆက္ေတြကိုလည္း သတိေပးလိုက္ပါတယ္။ ႏုိင္ငံေတြ အေနနဲ႔ တည္တည္ၿငိမ္ၿငိမ္ ရွိၾကဖို႔နဲ႔ ျပန္လည္ ေဆြးေႏြးၾကဖို႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က တိုက္တြန္းလိုက္ပါတယ္။ ဗီြအိုေအရဲ႕ ကုလသမဂၢဆိုင္ရာ သတင္းေထာက္ Margaret Besheer သတင္းေပးပုိ႔ထားတာကို မသိဂၤ ီထုိက္ ေျပာျပေပးမွာပါ။
ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ပထ၀ီ၀င္ ႏုိင္ငံေရး တင္းမာမႈေတြနဲ႔ ပတ္သက္ၿပီး သတိေပးခ်က္နဲ႔ ႏွစ္သစ္ကို အစျပဳလုိက္ပါတယ္။ ဒီ တင္းမာမႈေတြဟာဆိုရင္ အခု ရာစုႏွစ္ အတြက္ အျမင့္ဆံုး အေျခအေနကို ေရာက္ေနၿပီး ဆက္ၿပီးလည္း ႀကီးထြားလာေနတယ္လို႔ ကုလသမဂၢ အႀကီးအကဲက ေျပာဆိုလိုက္ပါတယ္။
“ႏ်ဴးကလီးယား လက္နက္ မျပန္႔ပြားေရး ကိစၥ ပင္လ်င္ အာမခံခ်က္ မရွိေတာ့ပါဘူး။ ဒီ တင္းမာမႈ အေျခအေနႀကီးေၾကာင့္ ႀကိဳတင္မွန္းဆ မရႏုိင္တဲ႔ အက်ိဳးဆက္ေတြ၊ သိပ္ၿပီး ႀကီးမားတဲ႔ မွားယြင္း တြက္ဆမႈေတြနဲ႔ အတူ ႏုိင္ငံေတြ အေနနဲ႔ ခန္႔မွန္းရခက္တဲ႔ ဆံုးျဖတ္ခ်က္ေတြ ပိုၿပီး ပိုၿပီး ျဖစ္လာေစပါတယ္။”
အေမရိကန္နဲ႔ အီရန္ အစိုးရၾကား အေျခအေနေတြကို ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က တိုက္ရိုက္ ရည္ညႊန္း မေျပာေပမယ့္လည္း အေမရိကန္ရဲ႕ ေမာင္းသူမဲ႔ ဒရုန္းယာဥ္နဲ႔ တိုက္ခုိက္မႈေၾကာင့္ အီရတ္ကို ေရာက္ရွိေနခဲ႔တဲ႔ အီရန္ စစ္တပ္ ထိပ္တန္း အရာရွိ တဦး ေသဆံုးခဲ႔ရတာေၾကာင့္ ဒီကိစၥက ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ အဓိက စဥ္းစားမယ့္ အခ်က္ဆိုတာကေတာ႔ ေသခ်ာပါတယ္။
“လက္တေလာ ျဖစ္ေနတဲ႔ တကမၻာလံုး ဆိုင္ရာ တင္းမာမႈေတြ မ်ားလာေနတာကို အႀကီးအက်ယ္ စိုးရိမ္ၿပီး က်ေနာ္ ေစာင့္ၾကည့္ေနပါတယ္။ ကမၻာတလႊားက ဦးစီး ဦးေဆာင္ အစိုးရ တာ၀န္ရွိသူေတြ နဲ႔လည္း က်ေနာ္ မျပတ္ ဆက္သြယ္ေနပါတယ္။ က်ေနာ္ ေျပာခ်င္တာကေတာ့ ရိုးရွင္းပါတယ္။ တင္းမာမႈေတြ ထပ္မျဖစ္ေစဘဲ ရပ္ၾကပါ။ အစြမ္းကုန္ တည္ၿငိမ္ ေအးေဆးေအာင္ က်င့္ႀကံပါ။ ေဆြးေႏြးညွိႏိႈင္းမႈေတြ ျပန္စပါ။ ႏုိင္ငံတကာ ပူးေပါင္းေဆာင္ရြက္မႈကို ျပန္လည္ ဆန္းသစ္ပါ။”
ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ၂၀၁၅ အီရန္ ႏ်ဴးကလီးယား သေဘာတူညီခ်က္ကို အခိုင္အမာ ေထာက္ခံသူ ျဖစ္ၿပီး ဒီသေဘာတူညီခ်က္ကို လိုက္နာၾကဖို႔လည္း သက္ဆိုင္သူ အားလံုးကို တစိုက္မတ္မတ္ တုိက္တြန္းေနတာ ျဖစ္ပါတယ္။ တခ်ိန္တည္းမွာဘဲ ကုလသမဂၢ ပညာေရး သိပၸံနဲ႔ ယဥ္ေက်းမႈ အဖြဲ႔ UNESCO ရဲ႕ ညႊန္ၾကားေရးမွဴးခ်ဳပ္နဲ႔ UNESCO ဆိုင္ရာ အီရန္ သံအမတ္ႀကီးတို႔လည္း ျပင္သစ္ႏုိင္ငံ ပါရီၿမိဳ႕ေတာ္မွာ ေတြ႔ဆံုခဲ႔ၾကပါတယ္။
အီရန္ ဗိုလ္ခ်ဳပ္ႀကီး Qassem Soleimani သတ္ျဖတ္ခံရမႈ အတြက္ အီရန္က အေမရိကန္ကို လက္တံု႔ျပန္ရင္ အီရန္ႏုိင္ငံတြင္းက ယဥ္ေက်းမႈ အေမြအႏွစ္ ေဒသေတြ အပါအ၀င္ ပစ္မွတ္ေတြကို အေမရိကန္ စစ္တပ္က တိုက္ခိုက္မယ္လို႔ သမၼတ Donald Trump ရဲ႕ ၿခိမ္းေျခာက္မႈနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးဖို႔ အခုလို ေတြ႔ဆံုၾကတာပါ။
အေမရိကန္ဘက္က ဒီလို လုပ္လာမယ္ဆိုရင္ေတာ့ ဒါဟာ လက္ရွိ ႏုိင္ငံတကာ သေဘာတူညီခ်က္ေတြကို ခ်ိဳးေဖာက္ရာ ေရာက္ေၾကာင္း၊ ဒါ႔အျပင္ ေရွးေဟာင္း ယဥ္ေက်းမႈ အေမြအႏွစ္ေတြကို ဖ်က္ဆီးတဲ႔ လုပ္ရပ္ကို ရႈတ္ခ်တဲ႔ ၂၀၁၇ ခုႏွစ္က ကုလသမဂၢ လံုၿခံဳေရး ေကာင္စီ ဆံုးျဖတ္ခ်က္ကိုလည္း ခ်ိဳးေဖာက္ရာ ေရာက္မွာ ျဖစ္ေၾကာင္း UNESCO အႀကီးအကဲက ေျပာဆိုခဲ႔ပါတယ္။
.................
တင်းမာမှု အကျိုးဆက် ကုလအကြီးအကဲ သတိပေး
(Unicode)
ကမ္ဘာတလွှား တင်းမာမှုတွေ တိုးလာနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တနလာၤနေ့မှာ ပြောကြားလိုက်ပြီး စစ်ရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကိုလည်း သတိပေးလိုက်ပါတယ်။ နိုင်ငံတွေ အနေနဲ့ တည်တည်ငြိမ်ငြိမ် ရှိကြဖို့နဲ့ ပြန်လည် ဆွေးနွေးကြဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။ ဗွီအိုအေရဲ့ ကုလသမဂ္ဂဆိုင်ရာ သတင်းထောက် Margaret Besheer သတင်းပေးပို့ထားတာကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပထဝီဝင် နိုင်ငံရေး တင်းမာမှုတွေနဲ့ ပတ်သက်ပြီး သတိပေးချက်နဲ့ နှစ်သစ်ကို အစပြုလိုက်ပါတယ်။ ဒီ တင်းမာမှုတွေဟာဆိုရင် အခု ရာစုနှစ် အတွက် အမြင့်ဆုံး အခြေအနေကို ရောက်နေပြီး ဆက်ပြီးလည်း ကြီးထွားလာနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။
“နျူးကလီးယား လက်နက် မပြန့်ပွားရေး ကိစ္စ ပင်လျင် အာမခံချက် မရှိတော့ပါဘူး။ ဒီ တင်းမာမှု အခြေအနေကြီးကြောင့် ကြိုတင်မှန်းဆ မရနိုင်တဲ့ အကျိုးဆက်တွေ၊ သိပ်ပြီး ကြီးမားတဲ့ မှားယွင်း တွက်ဆမှုတွေနဲ့ အတူ နိုင်ငံတွေ အနေနဲ့ ခန့်မှန်းရခက်တဲ့ ဆုံးဖြတ်ချက်တွေ ပိုပြီး ပိုပြီး ဖြစ်လာစေပါတယ်။”
အမေရိကန်နဲ့ အီရန် အစိုးရကြား အခြေအနေတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်ရိုက် ရည်ညွှန်း မပြောပေမယ့်လည်း အမေရိကန်ရဲ့ မောင်းသူမဲ့ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် အီရတ်ကို ရောက်ရှိနေခဲ့တဲ့ အီရန် စစ်တပ် ထိပ်တန်း အရာရှိ တဦး သေဆုံးခဲ့ရတာကြောင့် ဒီကိစ္စက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဓိက စဉ်းစားမယ့် အချက်ဆိုတာကတော့ သေချာပါတယ်။
“လက်တလော ဖြစ်နေတဲ့ တကမ္ဘာလုံး ဆိုင်ရာ တင်းမာမှုတွေ များလာနေတာကို အကြီးအကျယ် စိုးရိမ်ပြီး ကျနော် စောင့်ကြည့်နေပါတယ်။ ကမ္ဘာတလွှားက ဦးစီး ဦးဆောင် အစိုးရ တာဝန်ရှိသူတွေ နဲ့လည်း ကျနော် မပြတ် ဆက်သွယ်နေပါတယ်။ ကျနော် ပြောချင်တာကတော့ ရိုးရှင်းပါတယ်။ တင်းမာမှုတွေ ထပ်မဖြစ်စေဘဲ ရပ်ကြပါ။ အစွမ်းကုန် တည်ငြိမ် အေးဆေးအောင် ကျင့်ကြံပါ။ ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်စပါ။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည် ဆန်းသစ်ပါ။”
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ၂၀၁၅ အီရန် နျူးကလီးယား သဘောတူညီချက်ကို အခိုင်အမာ ထောက်ခံသူ ဖြစ်ပြီး ဒီသဘောတူညီချက်ကို လိုက်နာကြဖို့လည်း သက်ဆိုင်သူ အားလုံးကို တစိုက်မတ်မတ် တိုက်တွန်းနေတာ ဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ UNESCO ရဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ UNESCO ဆိုင်ရာ အီရန် သံအမတ်ကြီးတို့လည်း ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
အီရန် ဗိုလ်ချုပ်ကြီး Qassem Soleimani သတ်ဖြတ်ခံရမှု အတွက် အီရန်က အမေရိကန်ကို လက်တုံ့ပြန်ရင် အီရန်နိုင်ငံတွင်းက ယဉ်ကျေးမှု အမွေအနှစ် ဒေသတွေ အပါအဝင် ပစ်မှတ်တွေကို အမေရိကန် စစ်တပ်က တိုက်ခိုက်မယ်လို့ သမ္မတ Donald Trump ရဲ့ ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အခုလို တွေ့ဆုံကြတာပါ။
အမေရိကန်ဘက်က ဒီလို လုပ်လာမယ်ဆိုရင်တော့ ဒါဟာ လက်ရှိ နိုင်ငံတကာ သဘောတူညီချက်တွေကို ချိုးဖောက်ရာ ရောက်ကြောင်း၊ ဒါ့အပြင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို ဖျက်ဆီးတဲ့ လုပ်ရပ်ကို ရှုတ်ချတဲ့ ၂၀၁၇ ခုနှစ်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကိုလည်း ချိုးဖောက်ရာ ရောက်မှာ ဖြစ်ကြောင်း UNESCO အကြီးအကဲက ပြောဆိုခဲ့ပါတယ်။