သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump မိန႔္ခြန္း တင္းမာမႈေလွ်ာ့ခ်ေရး ဦးတည္သလား


အီရတ္မွာ ရွိတဲ့ အေမရိကန္ စစ္စခန္းေတြ အီရန္ဘက္က ပစ္လႊတ္တဲ့ ဒုံက်ည္ေတြနဲ႔ တိုက္ခိုက္ခံရအၿပီး ဗုဒၶဟူးေန႔မွာ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ျပည္သူေတြကို မိန႔္ခြန္းေျပာၾကားခဲ့ပါတယ္။ အီရန္အေပၚ စီပြားေရး ပိတ္ဆို႔မႈ အသစ္ေတြ ခ်မွတ္သြားမွာျဖစ္သလို NATO မဟာမိတ္ေတြရဲ႕ အခန္းက႑ကို အေရွ႕အလယ္ပိုင္းေဒသ အတြင္းျမႇင့္တင္ဖို႔ကိုလည္း သမၼတထရမ့္က တိုက္တြန္းလိုက္ပါတယ္။

ဒီလိုေျပာတာ ဟာ အီရန္ တပ္မႉးႀကီးတစ္ေယာက္ကို အေမရိကန္က အေဝးထိန္း ဒ႐ုန္းယာဥ္နဲ႔ တိုက္ခိုက္ သတ္ျဖတ္အၿပီး ျမင့္တက္လာေနတဲ့ ႏွစ္ႏိုင္ငံ ဆက္ဆံေရး တင္းမာမႈကို ေလွ်ာ့ခ်ဖို႔ ႀကိဳးစားမႈတရပ္လို႔ အမ်ားက ယူဆၾကပါတယ္။ VOAရဲ႕ အိမ္ျဖဴေတာ္ သတင္းေထာက္ Patsy Widakuswara သတင္းေပးပို႔ ထားတာကို ကိုရဲမင္းထြန္း က ေျပာျပေပးပါမယ္။

အိမ္ျဖဴေတာ္ကေန တင္ငံလုံးကိုေျပာၾကားတဲ့ သူ႔ရဲ႕မိန႔္ခြန္းမွာ သမၼတ ထရမ့္က အီရတ္မွာရွိတဲ့ အေမရိကန္ စစ္စခန္းေတြ တိုက္ခိုက္ခံရတာကို သိပ္ၿပီး အေရးမႀကီး သေယာင္ ေလသံေလွ်ာ့ ေျပာဆိုခဲ့တယ္။

" အေမရိကန္ ျပည္သူေတြအေနနဲ႔ ဝမ္းပန္းတသာနဲ႔ စိတ္သက္သာရ ေက်းဇူးတင္ရမွာက မေန႔ညက အီရန္ရဲ႕ ဒုံးက်ည္နဲ႔တိုက္ခိုက္မႈမွာ အေမရိကန္ေတြ တစ္ေယာက္မွ ထိခိုက္မႈ မရွိတာပါပဲ။"

ဒီလို သိသိသာသာပဲ တင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔ သမၼတ ထရမ့္ ေျပာဆိုလိုက္တဲ့ အထဲ စစ္ေရးအရ လက္တု႔န္မျပန္ဘူးလို႔ ေၾကညာတာ လည္း ပါဝင္ပါတယ္။ ဒဏ္ခတ္မႈ အသစ္ေတြသာ ခ်မွတ္မွာပါလို႔ သူက ေျပာပါတယ္။ အေနာက္ ဥေရာပ အင္အားႀကီး ႏိုင္ငံေတြကိုလည္း န်ဴးကလီးယား ကိစၥ ၂၀၁၅ ခုႏွစ္က အီရန္နဲ႔ လက္မွတ္ေရးထိုးထားတဲ့ သေဘာတူ စာခ်ဳပ္ကို စြန႔္လႊတ္ဖို႔နဲ႔ အသစ္တခု ရဖို႔ တိုက္တြန္း လိုက္သလို အေရွ႕အလယ္ပိုင္း ေဒသကိစၥေတြမွာ ပိုၿပီး ပါဝင္ပတ္သက္ၾကဖို႔ကိုလည္း ေတာင္းဆိုလိုက္ပါတယ္။

" က်ေနာ္တို႔ ကမာၻႀကီးကို ပိုၿပီး လုံၿခဳံၿပီး ၿငိမ္းခ်မ္းေစမယ့္ သေဘာတူညီခ်က္မ်ိဳး ရေအာင္ လုပ္ရပါမယ္။ မေဖာ္ထုတ္ မျပသႏိုင္ေသးတဲ့ အီရန္ ျပည္သူေတြရဲ႕ အလားအလာေကာင္းေတြနဲ႔ အီရန္ႏိုင္ငံ ႀကီးပြားတိုးတက္ေရးကို အခြင့္ေပးမယ့္ သေဘာတူညီခ်က္မ်ိဳး ရဖို႔ လိုပါတယ္။"

အေမရိကန္ စခန္းေတြကို ဒုံးက်ည္နဲ႔ တိုက္ခိုက္အၿပီးမွာ အီရန္ႏိုင္ငံျခားေရး ဝန္ႀကီး Javad Zarif က အီရန္ရဲ႕ တိုက္ခိုက္မႈဟာ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ေရးအတြက္ ေလ်ာ္ညီတဲ့ တိုက္ခိုက္မႈတခု ျဖစ္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။ အီရန္ သမၼတ Hassan Rouhani ကေတာ့ အီရန္ တပ္မႉး Qassem Soleimani သတ္ျဖတ္ခံရတာကို ကလဲ့စားေခ် လိုတဲ့ အီရန္ရဲ႕ အႏၲိမရည္မွန္းခ်က္က အေမရိကန္ တပ္ေတြအားလုံးကို ေဒသတြင္းက ႏွင္ထုတ္ဖို႔ပဲ ျဖစ္တယ္လို႔ ဆိုပါတယ္။

အီရန္ ဗိုလ္ခ်ဳပ္ Qassem Soleimani ကို အေမရိကန္တို႔က အီရတ္ပိုင္နက္ ဘဂၢဒက္ၿမိဳ႕ထဲမွာ သုတ္သင္တာျဖစ္လို႔ ေဒါသထြက္ေနတဲ့ အီရတ္ပါလီမန္ကေတာ့ အင္အား ၅၂၀၀ ရွိတဲ့ အေမရိကန္တပ္ေတြကို အီရတ္ႏိုင္ငံထဲက ႏွင္ထုတ္ဖို႔အေရး မဲေပးဆုံးျဖတ္ခဲ့ပါတယ္။ ဒီလိုလုပ္ဖို႔ တကယ္ေျပာလာလို႔ အေမရိကန္တပ္ေတြ အီရတ္ကေန အျမင္ၾကည္ၾကည္လင္လင္နဲ႔ ထြက္ခြာရတာမ်ိဳး မဟုတ္ဘူး ဆိုရင္ေတာ့ အီရတ္အေပၚ ျပစ္ဒဏ္ခတ္ ပိတ္ဆို႔ အေရးယူမယ္လို႔ သမၼတ ထရမ့္က ျပန္လည္ ၿခိမ္းေျခာက္လိုက္ပါတယ္။ သမၼတ ထရမ့္က သူ႔ရဲ႕ မိန႔္ခြန္း အပိတ္မွာေတာ့ အီရန္ျပည္သူေတြနဲ႔ အီရန္ႏိုင္ငံ အနာဂတ္ လွပဖို႔ အေမရိကန္ ျပည္ေထာင္စုက လိုလား တယ္လို႔ ဆိုပါတယ္။

" အီရန္ ေခါင္းေဆာင္ေတြနဲ႔ အီရန္ ျပည္သူေတြခင္ဗ်ား၊ ခင္ဗ်ားတို႔မွာ အနာဂတ္ရွိဖို႔နဲ႔ ခင္ဗ်ားတို႔နဲ႔ ထိုက္တန္တဲ့ ခမ္းနားႀကီးက်ယ္တဲ့ အနာဂတ္ တစ္ခု ရရွိေစဖို႔ က်ေနာ္တို႔ လိုလားပါတယ္။ အမိေျမမွာ ႀကီးပြားတိုးတက္ေနသလို ျပင္ပက ကမာၻ႔ႏိုင္ငံေတြနဲ႔လည္း သဟဇာတျဖစ္မယ့္ အနာဂတ္မ်ိဳးပါ။ အေမရိကန္ ျပည္ေထာင္စုအေနနဲ႔ ၿငိမ္းခ်မ္းေရး လိုလားသူေတြအားလုံးနဲ ႔အတူ ၿငိမ္းခ်မ္းေရးကို ႏွစ္ႏွစ္ၿခိဳက္ျခဳက္ ေထြးေပြ႕ ထားဖို႔ အသင့္ရွိေနပါတယ္။ "
အီရတ္မွာ ရွိတဲ့ အေမရိကန္ စစ္စခန္း ၂ ခုကို အီရန္က ဒုံးက်ည္နဲ႔တိုက္ခိုက္တာေၾကာင့္ ထိခိုက္ေသဆုံးမႈေတာ့ တစ္စုံတစ္ရာ မရွိခဲ့ပါဘူး။ ဒီဆို အဆုံးအရႈံး မရွိတာကဘဲ တင္းမာမႈေတြကို ႏႈိင္းႏႈိင္းခ်ိန္ခ်ိန္နဲ႔ ေရွာင္ရွားႏိုင္ေစဖို႔နဲ႔ တင္းမာမႈ ေလ်ာ့က်သြားေအာင္လုပ္ဖို႔ သမၼတ ထရမ့္ အတြက္ အခြင့္အေရးတရပ္ ရရွိသြားေစႏိုင္ခဲ့တယ္လို႔ အေမရိကန္ ကာကြယ္ေရး တာဝန္ရွိသူတခ်ိဳ႕က သုံးသပ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

သမ္မတ Trump မိန့်ခွန်း တင်းမာမှုလျှော့ချရေး ဦးတည်သလား

အီရတ်မှာ ရှိတဲ့ အမေရိကန် စစ်စခန်းတွေ အီရန်ဘက်က ပစ်လွှတ်တဲ့ ဒုံကျည်တွေနဲ့ တိုက်ခိုက်ခံရအပြီး ဗုဒ္ဓဟူးနေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြည်သူတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အီရန်အပေါ် စီပွားရေး ပိတ်ဆို့မှု အသစ်တွေ ချမှတ်သွားမှာဖြစ်သလို NATO မဟာမိတ်တွေရဲ့ အခန်းကဏ္ဍကို အရှေ့အလယ်ပိုင်းဒေသ အတွင်းမြှင့်တင်ဖို့ကိုလည်း သမ္မတထရမ့်က တိုက်တွန်းလိုက်ပါတယ်။ ဒီလိုပြောတာ ဟာ အီရန် တပ်မှူးကြီးတစ်ယောက်ကို အမေရိကန်က အဝေးထိန်း ဒရုန်းယာဉ်နဲ့ တိုက်ခိုက် သတ်ဖြတ်အပြီး မြင့်တက်လာနေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုကို လျှော့ချဖို့ ကြိုးစားမှုတရပ်လို့ အများက ယူဆကြပါတယ်။ VOAရဲ့ အိမ်ဖြူတော် သတင်းထောက် Patsy Widakuswara သတင်းပေးပို့ ထားတာကို ကိုရဲမင်းထွန်း က ပြောပြပေးပါမယ်။

အိမ်ဖြူတော်ကနေ တင်ငံလုံးကိုပြောကြားတဲ့ သူ့ရဲ့မိန့်ခွန်းမှာ သမ္မတ ထရမ့်က အီရတ်မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေ တိုက်ခိုက်ခံရတာကို သိပ်ပြီး အရေးမကြီး သယောင် လေသံလျှော့ ပြောဆိုခဲ့တယ်။

" အမေရိကန် ပြည်သူတွေအနေနဲ့ ဝမ်းပန်းတသာနဲ့ စိတ်သက်သာရ ကျေးဇူးတင်ရမှာက မနေ့ညက အီရန်ရဲ့ ဒုံးကျည်နဲ့တိုက်ခိုက်မှုမှာ အမေရိကန်တွေ တစ်ယောက်မှ ထိခိုက်မှု မရှိတာပါပဲ။"

ဒီလို သိသိသာသာပဲ တင်းမာမှုတွေကို လျှော့ချဖို့ သမ္မတ ထရမ့် ပြောဆိုလိုက်တဲ့ အထဲ စစ်ရေးအရ လက်တု့န်မပြန်ဘူးလို့ ကြေညာတာ လည်း ပါဝင်ပါတယ်။ ဒဏ်ခတ်မှု အသစ်တွေသာ ချမှတ်မှာပါလို့ သူက ပြောပါတယ်။ အနောက် ဥရောပ အင်အားကြီး နိုင်ငံတွေကိုလည်း နျူးကလီးယား ကိစ္စ ၂၀၁၅ ခုနှစ်က အီရန်နဲ့ လက်မှတ်ရေးထိုးထားတဲ့ သဘောတူ စာချုပ်ကို စွန့်လွှတ်ဖို့နဲ့ အသစ်တခု ရဖို့ တိုက်တွန်း လိုက်သလို အရှေ့အလယ်ပိုင်း ဒေသကိစ္စတွေမှာ ပိုပြီး ပါဝင်ပတ်သက်ကြဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

" ကျနော်တို့ ကမ္ဘာကြီးကို ပိုပြီး လုံခြုံပြီး ငြိမ်းချမ်းစေမယ့် သဘောတူညီချက်မျိုး ရအောင် လုပ်ရပါမယ်။ မဖော်ထုတ် မပြသနိုင်သေးတဲ့ အီရန် ပြည်သူတွေရဲ့ အလားအလာကောင်းတွေနဲ့ အီရန်နိုင်ငံ ကြီးပွားတိုးတက်ရေးကို အခွင့်ပေးမယ့် သဘောတူညီချက်မျိုး ရဖို့ လိုပါတယ်။"

အမေရိကန် စခန်းတွေကို ဒုံးကျည်နဲ့ တိုက်ခိုက်အပြီးမှာ အီရန်နိုင်ငံခြားရေး ဝန်ကြီး Javad Zarif က အီရန်ရဲ့ တိုက်ခိုက်မှုဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက် လျော်ညီတဲ့ တိုက်ခိုက်မှုတခု ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ အီရန် သမ္မတ Hassan Rouhani ကတော့ အီရန် တပ်မှူး Qassem Soleimani သတ်ဖြတ်ခံရတာကို ကလဲ့စားချေ လိုတဲ့ အီရန်ရဲ့ အန္တိမရည်မှန်းချက်က အမေရိကန် တပ်တွေအားလုံးကို ဒေသတွင်းက နှင်ထုတ်ဖို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အီရန် ဗိုလ်ချုပ် Qassem Soleimani ကို အမေရိကန်တို့က အီရတ်ပိုင်နက် ဘဂ္ဂဒက်မြို့ထဲမှာ သုတ်သင်တာဖြစ်လို့ ဒေါသထွက်နေတဲ့ အီရတ်ပါလီမန်ကတော့ အင်အား ၅၂၀၀ ရှိတဲ့ အမေရိကန်တပ်တွေကို အီရတ်နိုင်ငံထဲက နှင်ထုတ်ဖို့အရေး မဲပေးဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုလုပ်ဖို့ တကယ်ပြောလာလို့ အမေရိကန်တပ်တွေ အီရတ်ကနေ အမြင်ကြည်ကြည်လင်လင်နဲ့ ထွက်ခွာရတာမျိုး မဟုတ်ဘူး ဆိုရင်တော့ အီရတ်အပေါ် ပြစ်ဒဏ်ခတ် ပိတ်ဆို့ အရေးယူမယ်လို့ သမ္မတ ထရမ့်က ပြန်လည် ခြိမ်းခြောက်လိုက်ပါတယ်။ သမ္မတ ထရမ့်က သူ့ရဲ့ မိန့်ခွန်း အပိတ်မှာတော့ အီရန်ပြည်သူတွေနဲ့ အီရန်နိုင်ငံ အနာဂတ် လှပဖို့ အမေရိကန် ပြည်ထောင်စုက လိုလား တယ်လို့ ဆိုပါတယ်။

" အီရန် ခေါင်းဆောင်တွေနဲ့ အီရန် ပြည်သူတွေခင်ဗျား၊ ခင်ဗျားတို့မှာ အနာဂတ်ရှိဖို့နဲ့ ခင်ဗျားတို့နဲ့ ထိုက်တန်တဲ့ ခမ်းနားကြီးကျယ်တဲ့ အနာဂတ် တစ်ခု ရရှိစေဖို့ ကျနော်တို့ လိုလားပါတယ်။ အမိမြေမှာ ကြီးပွားတိုးတက်နေသလို ပြင်ပက ကမ္ဘာ့နိုင်ငံတွေနဲ့လည်း သဟဇာတဖြစ်မယ့် အနာဂတ်မျိုးပါ။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ငြိမ်းချမ်းရေး လိုလားသူတွေအားလုံးနဲ့အတူ ငြိမ်းချမ်းရေးကို နှစ်နှစ်ခြိုက်ခြုက် ထွေးပွေ့ ထားဖို့ အသင့်ရှိနေပါတယ်။ "
အီရတ်မှာ ရှိတဲ့ အမေရိကန် စစ်စခန်း ၂ ခုကို အီရန်က ဒုံးကျည်နဲ့တိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးမှုတော့ တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ ဒီဆို အဆုံးအရှုံး မရှိတာကဘဲ တင်းမာမှုတွေကို နှိုင်းနှိုင်းချိန်ချိန်နဲ့ ရှောင်ရှားနိုင်စေဖို့နဲ့ တင်းမာမှု လျော့ကျသွားအောင်လုပ်ဖို့ သမ္မတ ထရမ့် အတွက် အခွင့်အရေးတရပ် ရရှိသွားစေနိုင်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူတချို့က သုံးသပ်ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG