သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဂ္ဂဒက် ကန်သံရုံးအနီး ဒုံးကျည်ပေါက်ကွဲ


ဘဂ္ဂဒက်က အမေရိကန် သံရုံး။
ဘဂ္ဂဒက်က အမေရိကန် သံရုံး။

အီရတ်နိုင်ငံ ဘဂ္ဂဒက် မြို့တော်က အမေရိကန် သံရုံးနားမှာ မကြာခင် အချိန်ပိုင်း အတွင်းက ဒုံးကျည်တွေ ကျရောက်ပေါက်ကွဲတယ်လို့ CNN အပါအဝင် အမေရိကန် အခြေစိုက် သတင်းဌာနတွေက ထုတ်လွင့် ဖော်ပြနေကြပါတယ်။ အီရတ်နိုင်ငံတွင်း အမေရိကန် လေတပ် အခြေစိုက် စခန်း ၂ ခုကို ဒုံးကျည် တဒါဇင်ထက် မနည်း အီရန်က ပစ်လွှတ် တိုက်ခိုက် အပြီး ၂၄ နာရီ ပတ်ဝန်းကျင် အတွင်းမှာဘဲ အခုလို နောက်ထပ် ဒုံးကျည် ကျတဲ့ သတင်း ထွက်လာတာပါ။

ပထမ တိုက်ခိုက်မှု ဖြစ်အပြီး ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာတော့ သမ္မတ Donald Trump က အီရန် နိုင်ငံဟာ နောက်ဆုတ်သွားပုံ ရတယ်လို့ ပြောခဲ့ပါသေးတယ်။ ကြိုတင် သတိပြု လုပ်ဆောင်ထားတာ တပ်ဖွဲ့တွေကို ဖြန့်ခွဲထားတာနဲ့ ကောင်းကောင်း အလုပ်ဖြစ်ခဲ့တဲ့ ကြိုတင်သတိပေး စနစ်တို့ ကြောင့် အမေရိကန် ဒါမှမဟုတ် အီရတ်နိုင်ငံသား တယောက်မှ အသက် ဆုံးရှုံးတာ မရှိဘူးလို့ သမ္မတ က ပြောသလို ထိခိုက် ပျက်စီးမှုလည်း အနည်းငယ်ဘဲ ရှိတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)

ဘဂ်ဂဒကျ ကနျသံရုံးအနီး ဒုံးကညြျပေါကျကှဲ


XS
SM
MD
LG