သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတထရမ့္ရဲ႕ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un ေမြးေန႔ ဆုေတာင္း


၂၀၁၉ ဇြန္ ၃၀ ရက္ေန႔တုန္းက သမၼတထရမ့္ရဲ႕ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un တို႔ ေတြ႔ဆံုစဥ္

(Zawgyi/ Unicode)

အေမရိကန္သမၼတ Donald Trump က ေတာင္ကိုရီးယားကတဆင့္ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un ရဲ႕ ေမြးေန႔အတြက္ ဆုေတာင္းစကား ပါးခဲ့ပါတယ္။

Kim Jong Un ရဲ႕ေမြးေန႔ကို မွတ္မိေနတဲ့ သမၼတ Trump က ေမြးေန႔ဆုေတာင္းစကားပါးဖို႔ ေတာင္းဆိုခဲ့တဲ့အတြက္ ၾကာသပေတးေန႔က ဆုေတာင္းစကားပါးခဲ့ေၾကာင္း ဝါ႐ွင္တန္ၿမိဳ႕ေတာ္မွာ သမၼတ Trump နဲ႔ေတြ႔ဆုံခဲ့တဲ့ ေတာင္ကိုရီးယား အမ်ဳိးသားလံုၿခံဳေရးအႀကံေပး Chung Eui-Yong က ေျပာၾကားခဲ့ပါတယ္။

သမၼတ Trump ကေမြးေန႔ဆုေတာင္းစကားအျပင္ တျခားလက္ေဆာင္ေပးခဲ့သလားဆုိတာကိုေတာ့ Chung Eui-Yong က ဒီကေန႔ မေျပာပါဘူး။Kim Jong Un ရဲ႕ေမြးေန႔ဟာ ဇန္န၀ါရီလ ၈ ရက္ေန႔လို႔ ယံုၾကည္ရေပမဲ့ အဲဒီေန႔ျဖစ္တယ္ဆုိတာကို ေျမာက္ကိုရီးယားက ဘယ္တုန္းကမွ အတည္မျပဳပါဘူး။ အေမရိကန္အစိုးရကေတာ့ သူ႔ကို ၁၉၈၄ မွာေမြးတယ္လို႔ မွတ္ထားတဲ့အတြက္ ဒီႏွစ္မွာ ၃၆ ႏွစ္ျပည့္သြားပံုရပါတယ္။

ဗုဒၶဟူးေန႔တုန္းက ေတာင္ကိုရီးယား အမ်ဳိးသားလံုၿခံဳေရးအႀကံေပး Chung Eui-Yong ဟာ ဝါ႐ွင္တန္မွာ သမၼတ Trump အျပင္ ေျမာက္ကိုရီးယားဆုိင္ရာ အေမရိကန္အထူးသံတမန္ Stephen Biegun နဲ႔လည္း ေတြ႔ဆံုခဲ့ပါတယ္။ ေျမာက္ကိုရီးယားအေရးအတြက္ အေမရိကန္နဲ႔ ေတာင္ကိုရီးယားၾကား ဆက္ၿပီး အနီးကပ္ပူးေပါင္းေဆာင္႐ြက္သြားဖုိ႔ ကတိျပဳခဲ့ၾကတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနက ေျပာခြင့္ရသူက ေျပာၾကား ထားပါတယ္။

ေျမာက္ကိုရီးယားနဲ႔ အေမရိကန္ Nuclear အေရးေဆြးေႏြးမႈေတြ ေ႐ွ႕မတိုး ေနာက္မဆုတ္ျဖစ္ေနသလို၊ ေတာင္ကိုရီးယားနဲ႔ဆက္ဆံေရးကိုလည္း ေျမာက္ကုိရီးယားဘက္က ျဖတ္ေတာက္ထားပါတယ္။ ေျမာက္ကိုရီးယားနဲ႔ဆက္ဆံေရး တုိးတက္ေအာင္ လက္ေတြ႔က်တဲ့နည္းလမ္းေတြ အျမန္ဆံုး႐ွာဖို႔ လိုအပ္ေနၿပီး၊ သူ႔အေနနဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္နဲ႔ေတြ႔ဆံုဖို႔ အသင့္ပဲလို႔ ေတာင္ကိုရီးယားသမၼတ Moon Jae-in ကလည္း အဂၤါေန႔က ေျပာၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

သမ္မတထရမ့်ရဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွမ်မွေးနေ့ ဆုတောင်း

(Unicode)

အမေရိကန်သမ္မတ Donald Trump က တောင်ကိုရီးယားကတဆင့် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ မွေးနေ့အတွက် ဆုတောင်းစကား ပါးခဲ့ပါတယ်။

Kim Jong Un ရဲ့မွေးနေ့ကို မှတ်မိနေတဲ့ သမ္မတ Trump က မွေးနေ့ဆုတောင်းစကားပါးဖို့ တောင်းဆိုခဲ့တဲ့အတွက် ကြာသပတေးနေ့က ဆုတောင်းစကားပါးခဲ့ကြောင်း ဝါရှင်တန်မြို့တော်မှာ သမ္မတ Trump နဲ့တွေ့ဆုံခဲ့တဲ့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး Chung Eui-Yong က ပြောကြားခဲ့ပါတယ်။

သမ္မတ Trump ကမွေးနေ့ဆုတောင်းစကားအပြင် တခြားလက်ဆောင်ပေးခဲ့သလားဆိုတာကိုတော့ Chung Eui-Yong က ဒီကနေ့ မပြောပါဘူး။Kim Jong Un ရဲ့မွေးနေ့ဟာ ဇန်နဝါရီလ ၈ ရက်နေ့လို့ ယုံကြည်ရပေမဲ့ အဲဒီနေ့ဖြစ်တယ်ဆိုတာကို မြောက်ကိုရီးယားက ဘယ်တုန်းကမှ အတည်မပြုပါဘူး။ အမေရိကန်အစိုးရကတော့ သူ့ကို ၁၉၈၄ မှာမွေးတယ်လို့ မှတ်ထားတဲ့အတွက် ဒီနှစ်မှာ ၃၆ နှစ်ပြည့်သွားပုံရပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး Chung Eui-Yong ဟာ ဝါရှင်တန်မှာ သမ္မတ Trump အပြင် မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးသံတမန် Stephen Biegun နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြောက်ကိုရီးယားအရေးအတွက် အမေရိကန်နဲ့ တောင်ကိုရီးယားကြား ဆက်ပြီး အနီးကပ်ပူးပေါင်းဆောင်ရွက်သွားဖို့ ကတိပြုခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောခွင့်ရသူက ပြောကြား ထားပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန် Nuclear အရေးဆွေးနွေးမှုတွေ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေသလို၊ တောင်ကိုရီးယားနဲ့ဆက်ဆံရေးကိုလည်း မြောက်ကိုရီးယားဘက်က ဖြတ်တောက်ထားပါတယ်။ မြောက်ကိုရီးယားနဲ့ဆက်ဆံရေး တိုးတက်အောင် လက်တွေ့ကျတဲ့နည်းလမ်းတွေ အမြန်ဆုံးရှာဖို့ လိုအပ်နေပြီး၊ သူ့အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့တွေ့ဆုံဖို့ အသင့်ပဲလို့ တောင်ကိုရီးယားသမ္မတ Moon Jae-in ကလည်း အင်္ဂါနေ့က ပြောကြားထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG