သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၁၉ အတြင္း သမၼတထရမ့္ရဲ႕ ႏိုင္ငံျခားေရးမူ၀ါဒ ေအာင္ျမင္ခဲ့သလား


အေမရိကန္သမၼတ Donald Trump

(Zawgyi / Unicode)

အေမရိကန္သမၼတ Donald Trump ဟာ သူ႔လက္ထက္မွာ အရင္ အေမရိကန္သမၼတေတြထက္ စြမ္းစြမ္းတမံ ေဆာင္ရြက္ျပမယ္ဆိုၿပီး အာဏာရွင္ ေျမာက္ကိုရီးယားေခါင္းေဆာင္ကို ေျမာက္ကိုရီးယားႏိုင္ငံပိုင္ နယ္ေျမထဲထိ သြားေရာက္ေတြ႔ဆံုခဲ့သလို အေမရိကန္ရဲ႕ အက်ဳိးစီးပြားကို ထိခိုက္တယ္ဆိုၿပီး အီရန္ႏိုင္ငံနဲ႔ ကမာၻ႔အင္အားႀကီးႏိုင္ငံ ၆ ႏုိင္ငံၾကား ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္ကေန ႏုတ္ထြက္ၿပီးတဲ့ေနာက္ အီရန္ကို ဆက္လက္ဖိအားေတြ ေပးခဲ့တာပါ။ အေမရိကန္ အက်ဳိးစီးပြားသာ ပထမ ဆိုၿပီးေတာ့လည္း တ႐ုတ္ႏိုင္ငံနဲ႔ ကုန္သြယ္ေရးစစ္ပြဲ ဆင္ႏႊဲလာတာကလည္း ႏွစ္နဲ႔ခ်ီ ၾကာေနပါၿပီ။ ၂၀၁၉ ခုႏွစ္အတြင္း သမၼတ Trump ရဲ႕ ႏိုင္ငံျခားေရးမူ၀ါဒေတြ ဘယ္ေလာက္ မွန္မွန္ကန္ကန္ ခ်မွတ္ႏုိင္ခဲ့လဲ၊ ဘယ္ေလာက္ထိ ေအာင္ျမင္ခဲ့လဲ ဆိုတာေတြကို ကိုေအာင္ေအာင္က စုစည္းတင္ျပထားပါတယ္။

အေမရိကန္သမၼတ Donald Trump ရဲ႕ ၂၀၁၉ ခုႏွစ္အတြင္း သူ႔ရဲ႕ ႏိုင္ငံျခားေရးမူ၀ါဒဆိုင္ရာ ကိစၥေတြမွာေတာ့ ေျမာက္ကိုရီးယားန႔ဲ အီရန္ ႏ်ဴကလီးယားအေရး၊ ႐ုရွားနဲ႔ ဆီးရီးယား၊ NATO အဖြဲ႔၀င္ေတြနဲ႔ ဆက္ဆံေရး၊ တ႐ုတ္နဲ႔ ကုန္သြယ္ေရးစစ္ပြဲ စတဲ့ ကိစၥရပ္ေတြက ထိပ္ဆံုးက ရွိေနခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္ ၀င္ေရာက္လာစမွာပဲ သမၼတ Trump က ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un ဆီကေန ေတြ႔ဆံုေဆြးေႏြးဖို႔ ဖိတ္ၾကားစာ ရရွိတယ္လို႔ ဆိုပါတယ္။ ဒီလိုစာမ်ဳိး ဘယ္တုန္းကမွ ေျမာက္ကိုရီးယားဘက္က မေရးခဲ့ဖူးဘူး။ ဥကၠ႒ႀကီး Kim နဲ႔ ခိုင္မာတဲ့ဆက္ဆံေရး တည္ေဆာက္ႏုိင္ခဲ့ၿပီလို႔လည္း ေျပာပါတယ္။ Kim Jong Un ကလည္း အေမရိကန္သမၼတနဲ႔ ေတြ႔ဆံုလို ေဆြးေႏြးလိုၿပီး ကမာၻႀကီးအေနနဲ႔ ၀ိုင္း၀န္းႀကိဳဆိုၾကမယ့္ အေျဖတခုေတာ့ ထြက္ႏုိင္လိမ့္မယ္ဆိုၿပီး ေျပာဆိုခဲ့တာေၾကာင့္ ေျမာက္ကိုရီးယားနဲ႔ ေတာင္ကိုရီးယား စစ္ပြဲႀကီး တရား၀င္ အဆံုးသတ္ၿပီလို႔ေတာင္ ေၾကညာေတာ့မလား ေမွ်ာ္လင့္ခဲ့ၾကတာပါ။ ေျမာက္ကိုရီးယားေခါင္းေဆာင္နဲ႔ သမၼတ Trump တို႔ဟာ ဟႏြိဳင္းက Metropole ဟုိတယ္မွာ ေဖေဖာ္၀ါရီ ၂၇ ရက္ေန႔က ေတြ႔ဆံုခဲ့ၾကပါတယ္။ ပထမအႀကိမ္ စင္ကာပူ ထိပ္သီးညီလာခံလိုပဲ ဒီ ဒုတိယအႀကိမ္ဟာလည္း ေအာင္ျမင္မႈ ရရွိလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း Trump က ေျပာပါတယ္။

"ဥကၠ႒ႀကီး Kim နဲ႔ ေတြ႔ဆံုရတာ ဂုဏ္ယူစရာပါ။ အထူးသျဖင့္ ေကာ္ေဇာနီခင္းၿပီး က်ေနာ္တို႔ႏွစ္ဦးကို ဂါရ၀ျပဳၿပီးေတာ့ အခုလို ႀကိဳဆိုၾကတဲ့ ဗီယက္နမ္ႏုိင္ငံမွာ အတူတကြ ေတြ႔ဆံုရတာ သိပ္ကို ဂုဏ္ယူပါတယ္။ က်ေနာ္တို႔ႏွစ္ဦးရဲ႕ ပထမအႀကိမ္ ညီလာခံဟာ သိပ္ကို ေအာင္ျမင္ခဲ့တယ္လို႔ က်ေနာ္ ယူဆပါတယ္။ ဒီတႀကိမ္ ထိပ္သီးညီလာခံဟာ ပထမတႀကိမ္နဲ႔ တန္းတူ ဒါမွမဟုတ္ ပိုေအာင္ျမင္လိမ့္မယ္လို႔ က်ေနာ္ထင္ပါတယ္။”

အဲဒီေန႔ ညစာစားပြဲ မတိုင္ခင္ ကိုရီးယား စကားျပန္ႏွစ္ဦးက လြဲလို႔ တျခား ဘယ္သူမွမပါတဲ့ ေခါင္းေဆာင္ႀကီးႏွစ္ဦးၾကား သီးျခား ေဆြးေႏြးခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း ေနာက္တရက္မွာေတာ့ ထင္သလို အဆင္ေျပေခ်ာေမြ႔မလာဘဲ ေစာစီးစြာ ေဆြးေႏြးပြဲအစီအစဥ္ေတြ အဆံုးသတ္ၿပီး သတင္းစာရွင္းလင္းပြဲ က်င္းပပါတယ္။ ႏ်ဴကလီးယား ဖ်က္သိမ္းေရးကိစၥ မလုပ္ခင္ ခ်မွတ္ထားတဲ့ ပိတ္ဆုိ႔ဒဏ္ခတ္မႈအားလံုး ဖယ္ရွားေပးဖုိ႔ ေျမာက္ကိုရီးယားဘက္က ေတာင္းဆိုတဲ့အတြက္ ေဆြးေႏြးပြဲ ေရွ႕မဆက္ႏိုင္ခဲ့ဘူးလုိ႔ သမၼတ Trump က ေျပာပါတယ္။ ညႇိႏႈိင္းေဆြးေႏြးၿပီး ရလဒ္ေကာင္းေတြ ဖန္တီးရာမွာ အင္မတန္ေတာ္သူ ျဖစ္တယ္လို႔ ေႂကြးေၾကာ္ေလ့ရွိတဲ့ သမၼတ Donad Trump ဟာ ေျမာက္ကုိရီးယားနဲ႔ ဒုတိယအႀကိမ္ ေတြ႔ဆံုခဲ့ေပမယ့္လည္း ဘာရလဒ္မွ ထြက္မလာခဲ့ပါဘူး။

“သေဘာတူညီခ်က္ကို ဒီကေန႔ လက္မွတ္ထိုးလို႔ ရပါတယ္။ ဒါေပမယ့္ အဲဒီလို လက္မွတ္ထိုးလုိက္ျပန္ရင္လည္း ဒီသေဘာတူညီခ်က္ဟာ အလုပ္မျဖစ္ဘူး၊ သူလုပ္ခဲ့တာ တလြဲပဲ စသျဖင့္ လူေတြက ေျပာႏိုင္ပါတယ္။ ဒါေၾကာင့္ ေဆြးေႏြးပြဲ ဘာအေျဖမွ မထြက္ဘဲ ဒီအတုိင္း အဆံုးသတ္လိုက္ဖို႔လည္း ျပင္ဆင္ထားရမွာပါ။”

အေမရိကန္ ေျမာက္ကိုရီးယား ေခါင္းေဆာင္ေတြရဲ႕ ဆက္ဆံေရးဟာ ဒီလိုနဲ႔ ခပ္က်ဲက်ဲသာ ရွိခဲ့ၿပီးတဲ့ေနာက္ ဇြန္လလယ္အနီးမွာ Kim Jong Un က Trump ဆီကို စာေရးသား ေပးပို႔ခဲ့ျပန္ပါတယ။္ သိပ္ေႏြးေထြးၿပီး ပုဂိၢိဳလ္ေရးအရ ေရးထားတဲ့ စာတေစာင္ ျဖစ္တယ္လို႔ Trump က သတင္းေထာက္ေတြကို ေျပာပါတယ္။ သူ႔လက္ထက္မွာ ေျမာက္ကိုရီးယားဘက္က ႏ်ဴကလီးယား စမ္းသပ္မႈ ရပ္ဆိုင္းခဲ့ေၾကာင္း ေျပာၾကားရင္း ေနာက္ထပ္ေဆြးေႏြးပြဲ ရွိလာႏိုင္တဲ့ အေၾကာင္းလည္း အရိပ္အႁမြက္ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း ေျမာက္ကိုရီးယားအေရး သူ႔လက္ထက္မွာ ေျပလည္ခ်င္ပံုရတဲ့ Trump နဲ႔ Kim Jong Un တို႔ဟာ ဇြန္ ၃၀ ရက္ေန႔မွာ တတိယအႀကိမ္ေျမာက္အေနနဲ႔ ေတာင္နဲ႔ ေျမာက္ကိုရီးယား နယ္စပ္မွာ ေတြ႔ဆံုခဲ့ၾကပါတယ္။ ဒါေၾကာင့္ သမၼတ Trump ဟာ သမၼတအျဖစ္ တာ၀န္ထမ္းေဆာင္ေနရင္း ေျမာက္ကိုရီးယားႏုိင္ငံကို သြားေရာက္တဲ့ ပထမဆုံး အေမရိကန္သမၼတ ျဖစ္လာခဲ့ပါတယ္။ သမၼတ Trump ဟာ ႏွစ္ႏုိင္ငံၾကားမွာ ေရးဆဲြထားတဲ့ နယ္စပ္မ်ဥ္းကို ျဖတ္ေက်ာ္၀င္ေရာက္ခဲ့ၿပီး နယ္စပ္က Panmunjom ေက်းရြာမွာ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un နဲ႔ လက္ဆဲြႏႈတ္ဆက္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ႏွစ္ႏုိင္ငံ ေခါင္းေဆာင္ႏွစ္ေယာက္ဟာ ေတာင္ကိုရီးယားႏုိင္ငံဘက္အျခမ္းကို ျပန္ၿပီးေတာ့ လမ္းေလွ်ာက္၀င္ခဲ့ၾကပါတယ္။

Kim Jong Un က “သမၼတ မြန္းက ဒီေနရာမွာေတြ႔မယ့္လို႔ မေန႔မနက္က လွမ္းေျပာတဲ့ အခ်ိန္တုန္းကဆိုရင္ အေတာ္ကို အံ့အားသင့္သြားပါတယ္။ အဲဒီေနာက္ မေန႔က ေႏွာင္းပိုင္းမွာပဲ တရား၀င္ အေၾကာင္းၾကားစာကို ရရွိခဲ့ပါတယ္။” လုိ႔ ေျပာပါတယ္။

သူတုိ႔ႏွစ္ေယာက္ ေတြ႔ဆုံမႈကို ၂ မိနစ္ေလာက္ပဲ ၾကာမွာျဖစ္တယ္လို႔ သမၼတ Trump က ေျပာထားေပမယ့္လည္း သူတုိ႔ ၂ မိနစ္ ၅၀ ေလာက္ ၾကာျမင့္ခဲ့တယ္လို႔ ဆုိပါတယ္။ သူနဲ႔ Kim Jong Un တုိ႔ အလုပ္သေဘာ ေဆြးေႏြးမႈေတြ ျပန္လည္စတင္ႏုိင္ေအာင္ အဖဲြ႔ေတြ႔ဖဲြ႔ဖို႔ သေဘာတူခဲ့ၾကတယ္လို႔ ေဆြးေႏြးမႈအၿပီး သမၼတ Trump က ေျပာပါတယ္။

“တခုခုေတာ့ အေျဖထြက္လာတာကို ေတြ႔ၾကမွာပါ။ ဒါေပမယ့္ ျဖစ္သင့္တာေတြ ျဖစ္ဖို႔လိုပါတယ္။ ခပ္ျမန္ျမန္ လုပ္လိုက္တာ မဟုတ္ဘဲ ျဖစ္သင့္တာေတြကို လုပ္ဖို႔ စဥ္းစားထားပါတယ္။”

အဲဒီေနာက္ေတာ့ ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးဟာ ခပ္က်ဲက်ဲ ျပန္ျဖစ္လာၿပီး ေျမာက္ကုိရီးယားဘက္က ဒံုးက်ည္ေတြ စမ္းသပ္ပစ္လႊတ္ခဲ့သလို အေမရိကန္ကလည္း ေတာင္ကိုရီးယားနဲ႔ ပူးတြဲၿပီး စစ္ေရးေလ့က်င့္ခဲ့ၾကျပန္ပါတယ္။ ဒီႏွစ္ကုန္မွာ အေျဖရလဒ္ တခုခုထြက္ဖို႔ ရက္သတ္မွတ္ထားခဲ့ေပမယ့္လည္း ပိတ္ဆို႔ဒဏ္ခတ္မႈေတြ အလံုးစံု ဖယ္ရွားေပးဖို႔ ေျမာက္ကိုရီးယားဘက္က ေတာင္းဆိုမႈေတြဟာ မျဖစ္ႏိုင္ဘူးဆိုၿပီး အေမရိကန္ဘက္က ပယ္ခ်ထားသလုိ အေမရိကန္ေတြ ျဖစ္ေစခ်င္တဲ့ အလုံးစုံ လက္နက္ဖ်က္သိမ္းေရးကိုလည္း ေျမာက္ကိုရီးယားဘက္က လက္မခံတာေၾကာင့္ ဒီႏွစ္အတြင္း ကိုရီးယားကြ်န္းဆြယ္ ျပႆနာဟာ ေျပလည္မႈမရဘဲ အဆံုးသတ္မယ့္ပံု ရွိေနပါတယ္။

၂၀၁၉ ခုႏွစ္အတြင္း သမၼတ Donald Trump ရဲ႕ ႏုိင္ငံျခားေရးမူ၀ါဒေတြထဲ အီရန္ ႏ်ဴကလီးယားအေရးနဲ႔ အစိုးရအေျပာင္းအလဲ ျဖစ္ဖို႔ဆိုတာလည္း ထိပ္ဆံုးက ရွိေနခဲ့ပါတယ္။ ဧၿပီလအတြင္း အီရန္ အစၥလာမၼစ္ သမၼတႏုိင္ငံရဲ႕ ၾသဇာအႀကီးဆံုး လံုၿခံဳေရးအဖြဲ႔ အီရန္ ေတာ္လွန္ေရးျပည္ေစာင့္တပ္ (IRGC) ကို အေမရိကန္ အစိုးရက ပထမဆံုးအႀကိမ္အျဖစ္နဲ႔ ႏုိင္ငံျခားအစိုးရ အစိတ္အပိုင္းတခုကို အၾကမ္းဖက္၀ါဒစြဲ အဖြဲ႔အျဖစ္ သတ္မွတ္လိုက္ပါတယ္။ အိမ္ျဖဴေတာ္ ေၾကညာခ်က္ထြက္ၿပီး မိနစ္ပိုင္း အၾကာမွာပဲ ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo က ႏုိင္ငံျခားေရး၀န္ႀကီးဌာန စင္ျမင့္ကေန IRGC ဟာ ကမၻာတလႊား အၾကမ္းဖက္၀ါဒစြဲ ေဆာင္ရြက္ခ်က္ေတြကို ဖြဲ႔စည္းစီမံ ေဆာင္ရြက္ေနတယ္လု႔ိ ေျပာဆိုခဲ့ပါတယ္။

“IRGC ဟာ တရား၀င္ စစ္တပ္အဖြဲ႔အစည္းပံု ဟန္ေဆာင္ထားေပမယ့္ က်ေနာ္တို႔ကို အ႐ူးလာလုပ္လို႔ မရပါဘူး။ ဒီအဖြဲ႔အစည္းဟာ ပံုမွန္ဆိုသလို လက္နက္အားကိုးနဲ႔ ဥပေဒခ်ဳိးေဖာက္ပါတယ္။ ကမာၻတ၀ွမ္း အၾကမ္းဖက္မႈေတြကို စနစ္တက် စုဖြဲ႔ၿပီး လုပ္ေနပါတယ္။”

အီရန္ကလည္း အလားတူ တံု႔ျပန္ေၾကညာခဲ့တာေၾကာင့္ စိုးရိမ္မႈေတြ ရွိလာခဲ့တဲ့ေနာက္ အေမရိကန္က USS Abraham Lincoln ေလယာဥ္တင္ တိုက္ခိုက္ေရးသေဘၤာ အုပ္စုနဲ႔ B-52 ဗံုးႀကဲေလယာဥ္ ၄ စင္း အေရွ႕အလယ္ပိုင္းကို ပို႔လႊတ္ခဲ့ပါတယ္။ ႏ်ဴကလီးယားဆိုင္ရာ သေဘာတူညီခ်က္ကေန ၂၀၁၈ ခုႏွစ္က အေမရိကန္ ႏုတ္ထြက္ခဲ့သလို အီရန္သမၼတကလည္း ႏုတ္ထြက္ေတာ့မယ္လို႔ ေၾကညာပါတယ္။ အီရန္အတြက္ပဲ ျဖစ္ေနၿပီး သေဘာတူညီခ်က္ လက္မွတ္ထိုးထားတဲ့ က်န္သူအားလံုးအတြက္ကေတာ့ ဘယ္လိုမွ အက်ိဳးမရိွဘူးလို႔ ဆိုၿပီး အေမရိကန္က ႏုတ္ထြက္တာပါ။

“ပဲ့ထိန္းတပ္ ဒုံးလက္နက္ စမ္းသပ္ခြင့္ အီရန္ကို ေပးထားတယ္။ ဒါေပမယ့္ အီရန္က ေနရာအေတာ္မ်ားမ်ားကို ခင္ဗ်ားတို႔ စစ္ေဆးခြင့္မရိွဘူး။ အဲဒီထဲက အခ်ိဳ႕ေနရာေတြဟာ ႏ်ဴကလီးယားလက္နက္ ထုတ္လုပ္ဖို႔ လုပ္ေနတဲ့ အထင္ရွားဆံုးေနရာေတြ ျဖစ္ေနတယ္။ ဒါေတြကို ေျပာင္းပစ္ရမယ္။ အျခားအခ်က္ေတြကိုလည္း ေျပာင္းပစ္ရပါမယ္။”

ဇြန္လလယ္ပိုင္းက အိုမန္ပင္လယ္ေကြ႔မွာ ေနာ္ေ၀နဲ႔ ဂ်ပန္ပိုင္ ေရနံတင္သေဘၤာ ၂ စင္းကို တိုက္ခုိက္မႈ၊ အေမရိကန္ရဲ႕ ေမာင္းသူမဲ့ ဒ႐ုန္းယာဥ္ကို Hormuz ေရလက္ၾကားအနီးက ႏုိင္ငံတကာ ေ၀ဟင္ပိုင္နက္အတြင္း အီရန္တို႔ ပစ္ခ်ခဲ့တာလို႔ အေမရိကန္က ေျပာဆိုထားၿပီးေနာက္မွာေတာ့ ႏွစ္ႏိုင္ငံၾကား စစ္ျဖစ္လုနီးပါး အေျခအေနကို ေရာက္ခဲ့ၿပီးေနာက္ အီရန္ ဘာသာေရးေခါင္းေဆာင္ Ayatollah Ali Khamenei ကို အတိအက် ပစ္မွတ္ထားတဲ့ အီရန္အေပၚ ဘ႑ာေရးအရ ဒဏ္ခတ္ပိတ္ဆို႔မႈသစ္ကို အေမရိကန္သမၼတ Donald Trump က ခ်မွတ္လုိက္ပါတယ္။

ႏုိင္ငံတကာနဲ႔ ဆက္ဆံေရး တင္မာေနတဲ့ အီရန္မွာ ႏုိဝင္ဘာလလယ္ပုိင္း အေရာက္မွာေတာ့ အစိုးရ ေထာက္ပံ့ေၾကးေပးေနတဲ့ ေလာင္စာဆီေဈးႏႈန္းကုိ ၅၀ ရာခုိင္ႏႈန္းအထိ ျမႇင့္တင္ခဲ့တာေၾကာင့္ လူေသဆုံးမႈေတြ ရွိခဲ့တဲ့အထိ ဆႏၵျပပြဲေတြ ျဖစ္ခဲ့ပါတယ္။

ဒီလို အေရးယူ ေဆာင္ရြက္မႈေၾကာင့္ အီရန္ရဲ႕ ပိုင္ဆိုင္မႈ ေဒၚလာ သန္းေထာင္ေပါင္းမ်ားစြာကို အမွန္တကယ္ ထိန္းခ်ဳပ္လိုက္ႏုိင္မွာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ဒါေပမယ့္လည္း အေမရိကန္ဘက္ကေတာ့ ေတြ႔ဆံုေဆြးေႏြးဖို႔လည္း လိုလားေနတာပါ။

Trump က “သူတို႔ကို ကူညီခ်င္ပါတယ္။ သူတို႔အက်ဳိးကိုလည္း လိုလားတာေၾကာင့္ ပူးေပါင္းေဆာင္ရြက္သြားဖို႔ အဆင္သင့္ပါ။ ဒါေပမယ့္ ႏ်ဴကလီးယားလက္နက္ သူတို႔မွာ ပိုင္ဆုိင္ခြင့္မရွိပါဘူး။ တခ်ဳိ႕ေတြက အေမရိကန္အေနနဲ႔ လက္ရွိ အီရန္အစိုးရ ျပဳတ္က်ေအာင္ အားထုတ္ေနတယ္လို႔လည္း ဆိုပါတယ္။ ဒါလည္း မမွန္ပါဘူး။” လုိ႔ ေျပာပါတယ္။

ႏုိ၀င္ဘာလဆန္း အီရန္ႏုိင္ငံက Fordow ႏ်ဴကလီးယားစက္႐ံုမွာ ယူေရနီယံ သန္႔စင္မႈေတြ ျပန္လည္လုပ္ေဆာင္ေနၿပီလို႔ အီရန္ အဏုျမဴစြမ္းအင္ ေအဂ်င္စီက ဒီကေန႔ ေၾကညာလိုက္ပါတယ္။

အီရန္နဲ႔ ႏိုင္ငံတကာၾကား ၂၀၁၅ ခုႏွစ္က ရ႐ွိထားတဲ့ ႏ်ဴကလီးယားဆုိင္ရာ သေဘာတူညီခ်က္ထဲမွာ Fordow ႏ်ဴကလီးယားစက္႐ံုမွာ ယူေရနီယံ သန္႔စင္တာနဲ႔ သန္႔စင္မႈနဲ႔ ဆက္စပ္တဲ့ လုပ္ရပ္ေတြ မလုပ္ဖုိ႔ တားျမစ္ထားတာပါ။

သမၼတ Donald Trump အာဏာရလာၿပီးေနာက္ပုိင္း အေမရိကန္ အက်ဳိးစီးပြားသာ ပထမဆုိတဲ့ မူဝါဒကို ကုိင္စြဲရင္း အရင္အစိုးရအေနနဲ႔ ခ်ဳပ္ဆုိခဲ့တဲ့ နတ္ဖ္တာကုိ ႏုိင္ငံတကာ ကုန္သြယ္ေရး စာခ်ဳပ္ေတြကို ဖ်က္သိမ္းၿပီး အသစ္ျပန္လည္ သေဘာတူညီခ်က္ ရယူခဲ့သလုိ တ႐ုတ္ႏုိင္ငံနဲ႔လည္း ကုန္သြယ္ေရးစစ္ပြဲ ဆင္ႏႊဲေနပါတယ္။

ဉာဏပစၥည္း မူပုိင္ခြင့္ ခ်ဳိးေဖာက္ၿပီး ခုိးယူမႈ နည္းပညာ အတင္းအဓမၼ လႊဲေျပာင္းမႈနဲ႔ ကြန္ပ်ဴတာ Hack လုပ္မႈ စတဲ့ျပႆနာေတြ ရွိေနတာကို တ႐ုတ္ဘက္က လက္ခံေပမယ့္ အေမရိကန္ ေတာင္းဆုိခ်က္ေတြ အားလုံးကို မလုိက္ေလ်ာႏုိင္တာေၾကာင့္ တ႐ုတ္နဲ႔ အေမရိကန္ သြင္းကုန္ခြန္ေတြ အျပန္အလွန္ တုိးျမႇင့္ေကာက္ခံၿပီး ကုန္သြယ္ေရးစစ္ပြဲ ဆင္ႏႊဲေနတာပါ။

သမၼတ Trump နဲ႔ တ႐ုတ္သမၼတ Xi Jinping ဟာ ဂ်ပန္မွာက်င္းပတဲ့ G20 ႏုိင္ငံေတြရဲ႕ ေဆြးေႏြးပဲြျပင္ပမွာ သီးျခားေတြ႔ဆုံခဲ့ေပမယ့္လည္း ဘာမွ ထူးထူးျခားျခား ရလဒ္ ထြက္မလာပါဘူး။ အခုလို ညႇိႏႈိင္းမရ ျဖစ္ေနခ်ိန္မွာပဲ သမၼတ Donald Trump က တ႐ုတ္နဲ႔ ကုန္သြယ္ေရး သေဘာတူညီခ်က္ရဖို႔ အခ်ိန္အကန္႔အသတ္ မထားေၾကာင္းနဲ႔ ၂၀၂၀ သမၼတ ေရြးေကာက္ပြဲ ၿပီးခ်ိန္ေလာက္အထိ ေစာင့္ဆုိင္းမွာ ျဖစ္တဲ့အေၾကာင္း ဒီလအေစာပုိင္းမွာ ေျပာၾကားထားပါတယ္။

ဒါေပမယ့္လည္း တ႐ုတ္နဲ႔ အေမရိကန္ၾကား မၾကာခင္က ရရွိခဲ့တဲ့ ကုန္သြယ္ေရး သေဘာတူညီမႈအတြက္ သမၼတ Xi Jinping နဲ႔ ေတြ႔တဲ့အခါ လက္မွတ္ထုိးပြဲလုပ္မယ္လို႔ သမၼတ Trump က ဒီဇင္ဘာ ၁၉ ရက္ေန႔မွာ ေျပာၾကားခဲ့ျပန္ပါတယ္။ တ႐ုတ္ႏုိင္ငံဘက္ကေတာ့ ကုန္သြယ္ေရးကိစၥ တ႐ုတ္နဲ႔ အေမရိကန္ၾကား အနီးကပ္ ဆက္သြယ္ ေဆြးေႏြးေနၾကေပမယ့္ ဆက္လက္ညိႇႏႈိင္းေနဆဲပဲလုိ႔ ေျပာထားပါတယ္။

------------------------------------

(Unicode)

၂၀၁၉ အတွင်း သမ္မတထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒ အောင်မြင်ခဲ့သလား

အမေရိကန်သမ္မတ Donald Trump ဟာ သူ့လက်ထက်မှာ အရင် အမေရိကန်သမ္မတတွေထက် စွမ်းစွမ်းတမံ ဆောင်ရွက်ပြမယ်ဆိုပြီး အာဏာရှင် မြောက်ကိုရီးယားခေါင်းဆောင်ကို မြောက်ကိုရီးယားနိုင်ငံပိုင် နယ်မြေထဲထိ သွားရောက်တွေ့ဆုံခဲ့သလို အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်တယ်ဆိုပြီး အီရန်နိုင်ငံနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံ ၆ နိုင်ငံကြား ချုပ်ဆိုခဲ့တဲ့ စာချုပ်ကနေ နုတ်ထွက်ပြီးတဲ့နောက် အီရန်ကို ဆက်လက်ဖိအားတွေ ပေးခဲ့တာပါ။ အမေရိကန် အကျိုးစီးပွားသာ ပထမ ဆိုပြီးတော့လည်း တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲလာတာကလည်း နှစ်နဲ့ချီ ကြာနေပါပြီ။ ၂၀၁၉ ခုနှစ်အတွင်း သမ္မတ Trump ရဲ့ နိုင်ငံခြားရေးမူဝါဒတွေ ဘယ်လောက် မှန်မှန်ကန်ကန် ချမှတ်နိုင်ခဲ့လဲ၊ ဘယ်လောက်ထိ အောင်မြင်ခဲ့လဲ ဆိုတာတွေကို ကိုအောင်အောင်က စုစည်းတင်ပြထားပါတယ်။

အမေရိကန်သမ္မတ Donald Trump ရဲ့ ၂၀၁၉ ခုနှစ်အတွင်း သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကိစ္စတွေမှာတော့ မြောက်ကိုရီးယားနဲ့ အီရန် နျူကလီးယားအရေး၊ ရုရှားနဲ့ ဆီးရီးယား၊ NATO အဖွဲ့ဝင်တွေနဲ့ ဆက်ဆံရေး၊ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲ စတဲ့ ကိစ္စရပ်တွေက ထိပ်ဆုံးက ရှိနေခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဝင်ရောက်လာစမှာပဲ သမ္မတ Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဆီကနေ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားစာ ရရှိတယ်လို့ ဆိုပါတယ်။ ဒီလိုစာမျိုး ဘယ်တုန်းကမှ မြောက်ကိုရီးယားဘက်က မရေးခဲ့ဖူးဘူး။ ဥက္ကဋ္ဌကြီး Kim နဲ့ ခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ပြီလို့လည်း ပြောပါတယ်။ Kim Jong Un ကလည်း အမေရိကန်သမ္မတနဲ့ တွေ့ဆုံလို ဆွေးနွေးလိုပြီး ကမ္ဘာကြီးအနေနဲ့ ဝိုင်းဝန်းကြိုဆိုကြမယ့် အဖြေတခုတော့ ထွက်နိုင်လိမ့်မယ်ဆိုပြီး ပြောဆိုခဲ့တာကြောင့် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား စစ်ပွဲကြီး တရားဝင် အဆုံးသတ်ပြီလို့တောင် ကြေညာတော့မလား မျှော်လင့်ခဲ့ကြတာပါ။ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ သမ္မတ Trump တို့ဟာ ဟနွိုင်းက Metropole ဟိုတယ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။ ပထမအကြိမ် စင်ကာပူ ထိပ်သီးညီလာခံလိုပဲ ဒီ ဒုတိယအကြိမ်ဟာလည်း အောင်မြင်မှု ရရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း Trump က ပြောပါတယ်။

"ဥက္ကဋ္ဌကြီး Kim နဲ့ တွေ့ဆုံရတာ ဂုဏ်ယူစရာပါ။ အထူးသဖြင့် ကော်ဇောနီခင်းပြီး ကျနော်တို့နှစ်ဦးကို ဂါရဝပြုပြီးတော့ အခုလို ကြိုဆိုကြတဲ့ ဗီယက်နမ်နိုင်ငံမှာ အတူတကွ တွေ့ဆုံရတာ သိပ်ကို ဂုဏ်ယူပါတယ်။ ကျနော်တို့နှစ်ဦးရဲ့ ပထမအကြိမ် ညီလာခံဟာ သိပ်ကို အောင်မြင်ခဲ့တယ်လို့ ကျနော် ယူဆပါတယ်။ ဒီတကြိမ် ထိပ်သီးညီလာခံဟာ ပထမတကြိမ်နဲ့ တန်းတူ ဒါမှမဟုတ် ပိုအောင်မြင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

အဲဒီနေ့ ညစာစားပွဲ မတိုင်ခင် ကိုရီးယား စကားပြန်နှစ်ဦးက လွဲလို့ တခြား ဘယ်သူမှမပါတဲ့ ခေါင်းဆောင်ကြီးနှစ်ဦးကြား သီးခြား ဆွေးနွေးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း နောက်တရက်မှာတော့ ထင်သလို အဆင်ပြေချောမွေ့မလာဘဲ စောစီးစွာ ဆွေးနွေးပွဲအစီအစဉ်တွေ အဆုံးသတ်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပပါတယ်။ နျူကလီးယား ဖျက်သိမ်းရေးကိစ္စ မလုပ်ခင် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုအားလုံး ဖယ်ရှားပေးဖို့ မြောက်ကိုရီးယားဘက်က တောင်းဆိုတဲ့အတွက် ဆွေးနွေးပွဲ ရှေ့မဆက်နိုင်ခဲ့ဘူးလို့ သမ္မတ Trump က ပြောပါတယ်။ ညှိနှိုင်းဆွေးနွေးပြီး ရလဒ်ကောင်းတွေ ဖန်တီးရာမှာ အင်မတန်တော်သူ ဖြစ်တယ်လို့ ကြွေးကြော်လေ့ရှိတဲ့ သမ္မတ Donad Trump ဟာ မြောက်ကိုရီးယားနဲ့ ဒုတိယအကြိမ် တွေ့ဆုံခဲ့ပေမယ့်လည်း ဘာရလဒ်မှ ထွက်မလာခဲ့ပါဘူး။

“သဘောတူညီချက်ကို ဒီကနေ့ လက်မှတ်ထိုးလို့ ရပါတယ်။ ဒါပေမယ့် အဲဒီလို လက်မှတ်ထိုးလိုက်ပြန်ရင်လည်း ဒီသဘောတူညီချက်ဟာ အလုပ်မဖြစ်ဘူး၊ သူလုပ်ခဲ့တာ တလွဲပဲ စသဖြင့် လူတွေက ပြောနိုင်ပါတယ်။ ဒါကြောင့် ဆွေးနွေးပွဲ ဘာအဖြေမှ မထွက်ဘဲ ဒီအတိုင်း အဆုံးသတ်လိုက်ဖို့လည်း ပြင်ဆင်ထားရမှာပါ။”

အမေရိကန် မြောက်ကိုရီးယား ခေါင်းဆောင်တွေရဲ့ ဆက်ဆံရေးဟာ ဒီလိုနဲ့ ခပ်ကျဲကျဲသာ ရှိခဲ့ပြီးတဲ့နောက် ဇွန်လလယ်အနီးမှာ Kim Jong Un က Trump ဆီကို စာရေးသား ပေးပို့ခဲ့ပြန်ပါတယ။် သိပ်နွေးထွေးပြီး ပုဂ္ဂိိုလ်ရေးအရ ရေးထားတဲ့ စာတစောင် ဖြစ်တယ်လို့ Trump က သတင်းထောက်တွေကို ပြောပါတယ်။ သူ့လက်ထက်မှာ မြောက်ကိုရီးယားဘက်က နျူကလီးယား စမ်းသပ်မှု ရပ်ဆိုင်းခဲ့ကြောင်း ပြောကြားရင်း နောက်ထပ်ဆွေးနွေးပွဲ ရှိလာနိုင်တဲ့ အကြောင်းလည်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း မြောက်ကိုရီးယားအရေး သူ့လက်ထက်မှာ ပြေလည်ချင်ပုံရတဲ့ Trump နဲ့ Kim Jong Un တို့ဟာ ဇွန် ၃၀ ရက်နေ့မှာ တတိယအကြိမ်မြောက်အနေနဲ့ တောင်နဲ့ မြောက်ကိုရီးယား နယ်စပ်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒါကြောင့် သမ္မတ Trump ဟာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေရင်း မြောက်ကိုရီးယားနိုင်ငံကို သွားရောက်တဲ့ ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာခဲ့ပါတယ်။ သမ္မတ Trump ဟာ နှစ်နိုင်ငံကြားမှာ ရေးဆွဲထားတဲ့ နယ်စပ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး နယ်စပ်က Panmunjom ကျေးရွာမှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက်တော့ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ယောက်ဟာ တောင်ကိုရီးယားနိုင်ငံဘက်အခြမ်းကို ပြန်ပြီးတော့ လမ်းလျှောက်ဝင်ခဲ့ကြပါတယ်။

Kim Jong Un က “သမ္မတ မွန်းက ဒီနေရာမှာတွေ့မယ့်လို့ မနေ့မနက်က လှမ်းပြောတဲ့ အချိန်တုန်းကဆိုရင် အတော်ကို အံ့အားသင့်သွားပါတယ်။ အဲဒီနောက် မနေ့က နှောင်းပိုင်းမှာပဲ တရားဝင် အကြောင်းကြားစာကို ရရှိခဲ့ပါတယ်။” လို့ ပြောပါတယ်။

သူတို့နှစ်ယောက် တွေ့ဆုံမှုကို ၂ မိနစ်လောက်ပဲ ကြာမှာဖြစ်တယ်လို့ သမ္မတ Trump က ပြောထားပေမယ့်လည်း သူတို့ ၂ မိနစ် ၅၀ လောက် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ သူနဲ့ Kim Jong Un တို့ အလုပ်သဘော ဆွေးနွေးမှုတွေ ပြန်လည်စတင်နိုင်အောင် အဖွဲ့တွေ့ဖွဲ့ဖို့ သဘောတူခဲ့ကြတယ်လို့ ဆွေးနွေးမှုအပြီး သမ္မတ Trump က ပြောပါတယ်။

“တခုခုတော့ အဖြေထွက်လာတာကို တွေ့ကြမှာပါ။ ဒါပေမယ့် ဖြစ်သင့်တာတွေ ဖြစ်ဖို့လိုပါတယ်။ ခပ်မြန်မြန် လုပ်လိုက်တာ မဟုတ်ဘဲ ဖြစ်သင့်တာတွေကို လုပ်ဖို့ စဉ်းစားထားပါတယ်။”

အဲဒီနောက်တော့ နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ခပ်ကျဲကျဲ ပြန်ဖြစ်လာပြီး မြောက်ကိုရီးယားဘက်က ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ခဲ့သလို အမေရိကန်ကလည်း တောင်ကိုရီးယားနဲ့ ပူးတွဲပြီး စစ်ရေးလေ့ကျင့်ခဲ့ကြပြန်ပါတယ်။ ဒီနှစ်ကုန်မှာ အဖြေရလဒ် တခုခုထွက်ဖို့ ရက်သတ်မှတ်ထားခဲ့ပေမယ့်လည်း ပိတ်ဆို့ဒဏ်ခတ်မှုတွေ အလုံးစုံ ဖယ်ရှားပေးဖို့ မြောက်ကိုရီးယားဘက်က တောင်းဆိုမှုတွေဟာ မဖြစ်နိုင်ဘူးဆိုပြီး အမေရိကန်ဘက်က ပယ်ချထားသလို အမေရိကန်တွေ ဖြစ်စေချင်တဲ့ အလုံးစုံ လက်နက်ဖျက်သိမ်းရေးကိုလည်း မြောက်ကိုရီးယားဘက်က လက်မခံတာကြောင့် ဒီနှစ်အတွင်း ကိုရီးယားကျွန်းဆွယ် ပြဿနာဟာ ပြေလည်မှုမရဘဲ အဆုံးသတ်မယ့်ပုံ ရှိနေပါတယ်။

၂၀၁၉ ခုနှစ်အတွင်း သမ္မတ Donald Trump ရဲ့ နိုင်ငံခြားရေးမူဝါဒတွေထဲ အီရန် နျူကလီးယားအရေးနဲ့ အစိုးရအပြောင်းအလဲ ဖြစ်ဖို့ဆိုတာလည်း ထိပ်ဆုံးက ရှိနေခဲ့ပါတယ်။ ဧပြီလအတွင်း အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံရဲ့ သြဇာအကြီးဆုံး လုံခြုံရေးအဖွဲ့ အီရန် တော်လှန်ရေးပြည်စောင့်တပ် (IRGC) ကို အမေရိကန် အစိုးရက ပထမဆုံးအကြိမ်အဖြစ်နဲ့ နိုင်ငံခြားအစိုးရ အစိတ်အပိုင်းတခုကို အကြမ်းဖက်ဝါဒစွဲ အဖွဲ့အဖြစ် သတ်မှတ်လိုက်ပါတယ်။ အိမ်ဖြူတော် ကြေညာချက်ထွက်ပြီး မိနစ်ပိုင်း အကြာမှာပဲ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က နိုင်ငံခြားရေးဝန်ကြီးဌာန စင်မြင့်ကနေ IRGC ဟာ ကမ္ဘာတလွှား အကြမ်းဖက်ဝါဒစွဲ ဆောင်ရွက်ချက်တွေကို ဖွဲ့စည်းစီမံ ဆောင်ရွက်နေတယ်လု့ိ ပြောဆိုခဲ့ပါတယ်။

“IRGC ဟာ တရားဝင် စစ်တပ်အဖွဲ့အစည်းပုံ ဟန်ဆောင်ထားပေမယ့် ကျနော်တို့ကို အရူးလာလုပ်လို့ မရပါဘူး။ ဒီအဖွဲ့အစည်းဟာ ပုံမှန်ဆိုသလို လက်နက်အားကိုးနဲ့ ဥပဒေချိုးဖောက်ပါတယ်။ ကမ္ဘာတဝှမ်း အကြမ်းဖက်မှုတွေကို စနစ်တကျ စုဖွဲ့ပြီး လုပ်နေပါတယ်။”

အီရန်ကလည်း အလားတူ တုံ့ပြန်ကြေညာခဲ့တာကြောင့် စိုးရိမ်မှုတွေ ရှိလာခဲ့တဲ့နောက် အမေရိကန်က USS Abraham Lincoln လေယာဉ်တင် တိုက်ခိုက်ရေးသင်္ဘော အုပ်စုနဲ့ B-52 ဗုံးကြဲလေယာဉ် ၄ စင်း အရှေ့အလယ်ပိုင်းကို ပို့လွှတ်ခဲ့ပါတယ်။ နျူကလီးယားဆိုင်ရာ သဘောတူညီချက်ကနေ ၂၀၁၈ ခုနှစ်က အမေရိကန် နုတ်ထွက်ခဲ့သလို အီရန်သမ္မတကလည်း နုတ်ထွက်တော့မယ်လို့ ကြေညာပါတယ်။အီရန်အတွက်ပဲ ဖြစ်နေပြီး သဘောတူညီချက် လက်မှတ်ထိုးထားတဲ့ ကျန်သူအားလုံးအတွက်ကတော့ ဘယ်လိုမှ အကျိုးမရှိဘူးလို့ ဆိုပြီး အမေရိကန်က နုတ်ထွက်တာပါ။

“ပဲ့ထိန်းတပ် ဒုံးလက်နက် စမ်းသပ်ခွင့် အီရန်ကို ပေးထားတယ်။ ဒါပေမယ့် အီရန်က နေရာအတော်များများကို ခင်ဗျားတို့ စစ်ဆေးခွင့်မရှိဘူး။ အဲဒီထဲက အချို့နေရာတွေဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ လုပ်နေတဲ့ အထင်ရှားဆုံးနေရာတွေ ဖြစ်နေတယ်။ ဒါတွေကို ပြောင်းပစ်ရမယ်။ အခြားအချက်တွေကိုလည်း ပြောင်းပစ်ရပါမယ်။”

ဇွန်လလယ်ပိုင်းက အိုမန်ပင်လယ်ကွေ့မှာ နော်ဝေနဲ့ ဂျပန်ပိုင် ရေနံတင်သင်္ဘော ၂ စင်းကို တိုက်ခိုက်မှု၊ အမေရိကန်ရဲ့ မောင်းသူမဲ့ ဒရုန်းယာဉ်ကို Hormuz ရေလက်ကြားအနီးက နိုင်ငံတကာ ဝေဟင်ပိုင်နက်အတွင်း အီရန်တို့ ပစ်ချခဲ့တာလို့ အမေရိကန်က ပြောဆိုထားပြီးနောက်မှာတော့ နှစ်နိုင်ငံကြား စစ်ဖြစ်လုနီးပါး အခြေအနေကို ရောက်ခဲ့ပြီးနောက် အီရန် ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ကို အတိအကျ ပစ်မှတ်ထားတဲ့ အီရန်အပေါ် ဘဏ္ဍာရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုသစ်ကို အမေရိကန်သမ္မတ Donald Trump က ချမှတ်လိုက်ပါတယ်။

နိုင်ငံတကာနဲ့ ဆက်ဆံရေး တင်မာနေတဲ့ အီရန်မှာ နိုဝင်ဘာလလယ်ပိုင်း အရောက်မှာတော့ အစိုးရ ထောက်ပံ့ကြေးပေးနေတဲ့ လောင်စာဆီဈေးနှုန်းကို ၅၀ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့တာကြောင့် လူသေဆုံးမှုတွေ ရှိခဲ့တဲ့အထိ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။

ဒီလို အရေးယူ ဆောင်ရွက်မှုကြောင့် အီရန်ရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ သန်းထောင်ပေါင်းများစွာကို အမှန်တကယ် ထိန်းချုပ်လိုက်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ဘက်ကတော့ တွေ့ဆုံဆွေးနွေးဖို့လည်း လိုလားနေတာပါ။

Trump က “သူတို့ကို ကူညီချင်ပါတယ်။ သူတို့အကျိုးကိုလည်း လိုလားတာကြောင့် ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ပါ။ ဒါပေမယ့် နျူကလီးယားလက်နက် သူတို့မှာ ပိုင်ဆိုင်ခွင့်မရှိပါဘူး။ တချို့တွေက အမေရိကန်အနေနဲ့ လက်ရှိ အီရန်အစိုးရ ပြုတ်ကျအောင် အားထုတ်နေတယ်လို့လည်း ဆိုပါတယ်။ ဒါလည်း မမှန်ပါဘူး။” လို့ ပြောပါတယ်။

နိုဝင်ဘာလဆန်း အီရန်နိုင်ငံက Fordow နျူကလီးယားစက်ရုံမှာ ယူရေနီယံ သန့်စင်မှုတွေ ပြန်လည်လုပ်ဆောင်နေပြီလို့ အီရန် အဏုမြူစွမ်းအင် အေဂျင်စီက ဒီကနေ့ ကြေညာလိုက်ပါတယ်။

အီရန်နဲ့ နိုင်ငံတကာကြား ၂၀၁၅ ခုနှစ်က ရရှိထားတဲ့ နျူကလီးယားဆိုင်ရာ သဘောတူညီချက်ထဲမှာ Fordow နျူကလီးယားစက်ရုံမှာ ယူရေနီယံ သန့်စင်တာနဲ့ သန့်စင်မှုနဲ့ ဆက်စပ်တဲ့ လုပ်ရပ်တွေ မလုပ်ဖို့ တားမြစ်ထားတာပါ။

သမ္မတ Donald Trump အာဏာရလာပြီးနောက်ပိုင်း အမေရိကန် အကျိုးစီးပွားသာ ပထမဆိုတဲ့ မူဝါဒကို ကိုင်စွဲရင်း အရင်အစိုးရအနေနဲ့ ချုပ်ဆိုခဲ့တဲ့ နတ်ဖ်တာကို နိုင်ငံတကာ ကုန်သွယ်ရေး စာချုပ်တွေကို ဖျက်သိမ်းပြီး အသစ်ပြန်လည် သဘောတူညီချက် ရယူခဲ့သလို တရုတ်နိုင်ငံနဲ့လည်း ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲနေပါတယ်။

ဉာဏပစ္စည်း မူပိုင်ခွင့် ချိုးဖောက်ပြီး ခိုးယူမှု နည်းပညာ အတင်းအဓမ္မ လွှဲပြောင်းမှုနဲ့ ကွန်ပျူတာ Hack လုပ်မှု စတဲ့ပြဿနာတွေ ရှိနေတာကို တရုတ်ဘက်က လက်ခံပေမယ့် အမေရိကန် တောင်းဆိုချက်တွေ အားလုံးကို မလိုက်လျောနိုင်တာကြောင့် တရုတ်နဲ့ အမေရိကန် သွင်းကုန်ခွန်တွေ အပြန်အလှန် တိုးမြှင့်ကောက်ခံပြီး ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲနေတာပါ။

သမ္မတ Trump နဲ့ တရုတ်သမ္မတ Xi Jinping ဟာ ဂျပန်မှာကျင်းပတဲ့ G20 နိုင်ငံတွေရဲ့ ဆွေးနွေးပွဲပြင်ပမှာ သီးခြားတွေ့ဆုံခဲ့ပေမယ့်လည်း ဘာမှ ထူးထူးခြားခြား ရလဒ် ထွက်မလာပါဘူး။ အခုလို ညှိနှိုင်းမရ ဖြစ်နေချိန်မှာပဲ သမ္မတ Donald Trump က တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ အချိန်အကန့်အသတ် မထားကြောင်းနဲ့ ၂၀၂၀ သမ္မတ ရွေးကောက်ပွဲ ပြီးချိန်လောက်အထိ စောင့်ဆိုင်းမှာ ဖြစ်တဲ့အကြောင်း ဒီလအစောပိုင်းမှာ ပြောကြားထားပါတယ်။
ဒါပေမယ့်လည်း တရုတ်နဲ့ အမေရိကန်ကြား မကြာခင်က ရရှိခဲ့တဲ့ ကုန်သွယ်ရေးသဘောတူညီမှုအတွက် သမ္မတ Xi Jinping နဲ့ တွေ့တဲ့အခါ လက်မှတ်ထိုးပွဲလုပ်မယ်လို့ သမ္မတ Trump က ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပြန်ပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ ကုန်သွယ်ရေးကိစ္စ တရုတ်နဲ့ အမေရိကန်ကြား အနီးကပ် ဆက်သွယ် ဆွေးနွေးနေကြပေမယ့် ဆက်လက်ညှိနှိုင်းနေဆဲပဲလို့ ပြောထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG