အမေရိကန်သမ္မတ Donald Trump ရဲ့ ကွန်ဂရက်စ်လွှတ်တော် မိန့်ခွန်းအပေါ် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေက ချီးကျူးပြီး ဒီမိုကရက် လွှတ်တော်အမတ်တွေက ဝေဘန်ပါတယ်။ Apple ကုမ္ပဏီက အမေရိကမှာ ဒေါ်လာ ဘီလျံ ၅၀၀ ရင်းနှီးမြှပ်နှံမှာပါ။ သုတစုံလင် အမေရိကန်တခွင် အစီအစဥ်မှာ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အခုဆက်လက်ပြီး သုတစုံလင် အမေရိကန်တခွင် အစီအစဥ်ကို တင်ဆက်ပေးပါမယ်။ ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Trump ကရွေးကောက်ပွဲမဲဆွယ်ကာလကတည်းက တရားမဝင်နေပြီး ရာဇဝတ်မှုကျူးလွန်သူတွေကို ပြန်ပို့မယ်ဆိုတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖေါ်ရာမှာ ပြည်တွင်းပြည်ပမှာပါ ရိုက်ခတ်မှုတွေ ရှိပါတယ်။ အဲဒီထဲမှာ အမေရိကန် စိုက်ပျိုးရေးလုပ်ငန်းမှာ လုပ်သားရှားပါးတဲ့ပြဿနာလည်း ပါဝင်ပါတယ်။ ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်၊ စိန့်ပေါလ်မြို့က အခြေခံပညာကျောင်းတွေမှာ ခုအခါ ကရင်ဘာသာ စကားကိုပါ သင်ကြားနိုင်ပါပြီ။ အမေရိကန်လူမှုအသိုင်းအဝိုင်းကြား ဘာသာစကားကတဆင့် ပေါင်းကူးပြီး အကျိုးပြုနိုင်အောင် ခုလို စီစဥ်တာဖြစ်တယ်လို့လည်း ကျောင်းတာဝန်ရှိသူတွေရော ကရင်မိဘ အသိုင်းအဝိုင်းက ပြောပါတယ်။
မြန်မာနိုင်ငံထဲ အခြေစိုက်တဲ့ အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ နယ်စပ်နဲ့ကပ်လျက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ခုရက်ပိုင်းလုံခြုံရေး အလွန်တင်းကြပ်နေပါတယ်။ ဒီအကြောင်း မဲဆောက်မြို့ကို ရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်းမိတ္တူပွားကို ငွေကြေးဘယ်လောက် ပေးပြီး လေလံစွဲခဲ့ပါသလဲ၊ တရားမဝင် ကိုလံဘီယာနိုင်ငံသားတွေ အမေရိကန်က ပြန်ပို့လိုက်နိုင်တဲ့အပေါ် သုတေသီတွေက ဘယ်လိုသုံးသပ်ပါလဲ၊ ကျောင်းဆရာ ဆရာမတွေအတွက် နေစရာအိမ် ဘယ်သူတွေက ကူညီသလဲ စတာတွေကို ကိုအောင်အောင်က စုစည်းတင်ပြပေးထားပါတယ်။
အမေရိကန်လုံခြုံရေး အန္တရာယ်ပေးနိုင်တဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို နေရပ်ရင်း ပြန်ပို့ရေးဟာ Trump အစိုးရရဲ့ ဦးစားပေးဆောင်ရွက်တဲ့ ကိစ္စဖြစ်တယ်လို့ နယ်စပ်လုံခြုံရေး အကြီးအကဲက တနင်္ဂနွေနေ့က ပြောပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ရဲ့ သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Donald Trump သဘာဝဘေးအန္တရာယ်သင့် ဒေသတွေကို ဒီကနေ့ သွားရောက်ဖို့ ရှိနေတာနဲ့ အနာဂတ်မှာ လေယာဉ်မှူးတွေ ပိုလိုအပ်လာနေတာကို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ အကြောင်းအရာတွေကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ဦးမြောက်သမ္မတအဖြစ် ကျမ်းသစ္စာဆိုခဲ့တဲ့ သမ္မတ Trump လက်ထက်မှာ မြန်မာ့အရေးကို ထိထိရောက်ရောက် ပိုပြီးဆောင်ရွက်လာဖို့ အမေရိကန်ရောက်မြန်မာတချို့က မျှော်လင့်သလို၊ တချို့က ငွေကြေးဖောင်းပွမှုကိုဖြေရှင်းပြီး ကုန်ဈေးနှုန်းကျဆင်းဖို့ကို မျှော်လင့်ကြပါတယ်။ ကိုအောင်အောင်တင်ပြထားပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ရွေးကောက်ခံ သမ္မတ Donald Trump တာဝန်ထမ်းဆောင်ဖို့ ကျမ်းသစ္စာကျိန်ဆိုပွဲ အထူး အစီအစဥ်အနေနဲ့ တင်ဆက်ပေးမှာပါ။ သူအနေနဲ့ သမ္မတတာဝန် စတင် ယူပြီးနောက် ဘယ်လို မူဝါဒတွေ စတင် အကောင်အထည်ဖေါ်မလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ကိုအောင်အောင်ကို ဆက်သွယ်မေးမြန်းတင်ပြပါမယ်။
အကျဥ်းသားတွေလွတ်ရက်စေ့တဲ့အခါ သာမန်အရပ်သားတယောက်အနေနဲ့ ဘဝရပ်တည်နိုင်ဖို့ ဝါရှင်တန်ပြည်နယ်ကအကျဥ်းထောင်မှာ ဘယ်လို အစီအစဥ်တွေ အကောင်အထည်ဖေါ်နေပါလဲ ... သတင်းစီးဆင်းမှု မြန်ဆန်တဲ့ခေတ်မှာ အကျဥ်းထောင်ထဲမှာ ရေဒီယိုအစီအစဥ် ဘယ်လိုတင်ဆက်နေပါလဲ .. သုတစုံလင် အမေရိကန်တခွင်မှာ ကိုအောင်အောင်က တင်ဆက်ပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ၃၉ ယောက်မြောက် သမ္မတ Jimmy Carter ရဲ့ စျာပနအခမ်းအနား ၆ ရက်တာ ကျင်းပတာမှာ သမ္မတရဲ့ ဇာတိ ဂျော်ဂျီယာပြည်နယ်ကနေ စတင်လိုက်ပါတယ်။ VOA သတင်းထောက် Kane Farabaugh ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပေးပါတယ်။
အမေရိကမှာ မွေးဖွားပြီး ငယ်စဥ်ကတည်းက ဂီတပညာရပ်ကို နာမည်ကျော်ကျောင်းတွေမှာ လေ့လာသင်ကြားခဲ့တဲ့ Austin Chen ဟာ မြန်မာတေးသီချင်းတွေကို အနောက်တိုင်း စန္ဒယားတီးခတ်ဟန်နဲ့ ပြန်လည် ဖန်တီးသလို စန္ဒယားပညာရပ်ကိုလည်း သင်ကြားပို့ချပေးနေသူပါ။ ရေမြေခြားမှရုပ်ပုံလွှာ အစီအစဥ်မှာကိုအောင်အောင် စီစဥ် တင်ဆက်ထားပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့ကစပြီး ဒီဇင်ဘာ တလလုံး တရုတ်အစိုးရရဲ့ မြန်မာဆိုင်ရာ မူဝါဒအပေါ် ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ဝါရှင်တန်ဒီစီ တရုတ်သံအမတ်နေအိမ်ရှေ့မှာလည်း ဆန္ဒပြကြပါတယ်။ ကိုအောင်အောင် ရိုက်ကူးတင်ပြထားပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump အစိုးရအဖွဲ့ စတင် တာဝန်မယူခင်မှာ ပြည်ထောင်စုအစိုးရအဖွဲ့သစ်က ချမှတ်လာမယ့် ဥပဒေတွေကို အံတု တုံ့ပြန်နိုင်ဖို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က စတင်ပြင်ဆင်နေပါတယ်။
သုတစုံလင် အမေရိကန်တခွင်အစီအစဥ်ကို တင်ဆက်ပေးပါမယ်။ အမေရိကန်ပြည်ထောင်စုမှာ အစိုးရက စိုက်ပျိုးရေးသမားတွေကို ဘယ်လို အကူအညီတွေပေးလဲ ဆိုတာကို တက္ကဆတ်ပြည်နယ် Houston မြို့နားက Yoe Ranch စိုက်ပျိုးရေးခြံပိုင်ရှင် ကိုစတီဗင်ရိုးက ရှင်းပြပေးထားပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းနဲ့ မနီးစပ်ခဲ့ပေမဲ့လည်း မြေဧက ရာချီဝယ်ပြီးနောက် မြန်မာတွေ ကြိုက်နှစ်သက်စွာ စားသုံးကြတဲ့ ချဥ်ပေါင်ပင်အပါအဝင် တခြားဟင်းသီးဟင်းရွက်မျိုးစုံ စတင်စိုက်ပျိုးနေပြီလို့ Yoe စိုက်ပျိုးရေးခြံ ပိုင်ရှင် Steven Yoe က ပြောပါတယ်။
Donald Trump အနိုင်ရခဲ့တာကြောင့် ကယ်လီဖိုးနီးယားပြည်နယ်က သူ့ကို ထောက်ခံသူတွေ ပျော်ရွှင်နေကြပါတယ်။ ဒီမိုကရက် ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ Trump သမ္မတ သက်တမ်းအတွင်း ဖက်ဒရယ်ဥပဒေအရ လွှမ်းမိုးပယ်ဖျက်လာနိုင်တဲ့ မူဝါဒကို ကာကွယ်နိုင်အောင် ပြည်နယ်လွှတ်တော် အထူး အစည်းအဝေး ကျင်းပဖို့ ပြောနေပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်သမ္မတဟောင်း Donald Trump အနိုင်ရခဲ့တာကြောင့် ကယ်လီဖိုးနီးယားပြည်နယ်က သူ့ကို ထောက်ခံသူတွေ အောင်ပွဲခံခဲ့ကြပါတယ်။
၄၇ ယောက်မြောက် အမေရိကန်သမ္မတ Donald Trump ရဲ့ အမေရိက ပထမ ဆိုတဲ့ မူဝါဒကနေ မဟာမိတ်အာရှနိုင်ငံတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မှာပါလဲ။ အထူးသဖြင့် တောင်ကိုရီးယားနဲ့ ထိုင်ဝမ်ကတော့ အမေရိကန်ပြည်ထောင်စုနဲ့ ပိုပြီး နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်သွားမဲ့အကြောင်း ပြောနေတာပါ။
နောက်ထပ်ကြည့်ရှုရန်