သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အၾကမ္းဖက္မႈျဖစ္မွာကို ႀကိဳအသိေပးတဲ့ ကန္ကို ႐ုရွားေက်းဇူးတင္


အေမရိကန္သမၼတ Donald Trump ႏွင့္ ႐ုရွားသမၼတ Vladimir Putin.

(Zawgyi / Unicode)

႐ုရွားႏုိင္ငံမွာ အၾကမ္းဖက္မႈျပဳလုပ္မွာကုိ အေမရိဘက္က အထူးလမ္းေၾကာင္းကတဆင့္ သတင္းေပးခဲ့တာေၾကာင့္ ဟန္႔တားႏုိင္ခဲ့တဲ့အတြက္ သမၼတ Donald Trump ကုိ ေက်းဇူးတင္ေၾကာင္း ႐ုရွားသမၼတ Vladimir Putin က တယ္လီဖုန္းနဲ႔ေခၚၿပီး ေျပာၾကားခဲ့တယ္လုိ႔ ႐ုရွားအစုိးရက ေျပာပါတယ္။

အဲဒီလုိ ေျပာဆုိမႈနဲ႔ပတ္သက္လုိ႔ အေမရိကန္ဘက္က အတည္ျပဳေျပာဆုိျခင္း မရွိေသးပါဘူး။

အဲဒီလုိ တယ္လီဖုန္းနဲ႔ ေျပာဆုိမႈအတြင္း ႏွစ္ႏုိင္ငံ အက်ဳိးကိစၥေတြနဲ႔ သက္ဆုိင္တဲ့ အေၾကာင္းအရာေတြကုိလည္း ေဆြးေႏြးျဖစ္ခဲ့တယ္လုိ႔ ႐ုရွားအစုိးရရဲ႕ တရား၀င္ အင္တာနက္ Website မွာ ေဖာ္ျပထားပါတယ္။

အၾကမ္းဖက္မႈေတြကုိ ႏွစ္ႏုိင္ငံ ပူးေပါင္းေဆာင္ရြက္ၿပီး ဆက္လက္ တုိက္ထုတ္သြားၾကဖုိ႔ ေခါင္းေဆာင္ႏွစ္ဦး သေဘာတူခဲ့တယ္လုိ႔ ဆုိပါတယ္။

တျခား အေသးစိတ္ အခ်က္အလက္ေတြေတာ့ ထုတ္ေဖာ္ေျပာဆုိျခင္း မရွိပါဘူး။

---------------------------

(Unicode)

အကြမ်းဖက်မှုဖြစ်မှာကို ကြိုအသိပေးတဲ့ ကန်ကို ရုရှားကျေးဇူးတင်

ရုရှားနိုင်ငံမှာ အကြမ်းဖက်မှုပြုလုပ်မှာကို အမေရိဘက်က အထူးလမ်းကြောင်းကတဆင့် သတင်းပေးခဲ့တာကြောင့် ဟန့်တားနိုင်ခဲ့တဲ့အတွက် သမ္မတ Donald Trump ကို ကျေးဇူးတင်ကြောင်း ရုရှားသမ္မတ Vladimir Putin က တယ်လီဖုန်းနဲ့ခေါ်ပြီး ပြောကြားခဲ့တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။

အဲဒီလို ပြောဆိုမှုနဲ့ပတ်သက်လို့ အမေရိကန်ဘက်က အတည်ပြုပြောဆိုခြင်း မရှိသေးပါဘူး။

အဲဒီလို တယ်လီဖုန်းနဲ့ ပြောဆိုမှုအတွင်း နှစ်နိုင်ငံ အကျိုးကိစ္စတွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့တယ်လို့ ရုရှားအစိုးရရဲ့ တရားဝင် အင်တာနက် Website မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်မှုတွေကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ပြီး ဆက်လက် တိုက်ထုတ်သွားကြဖို့ ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

တခြား အသေးစိတ် အချက်အလက်တွေတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG