သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်စမ်းသပ်မှုတွေ ပြန်စဖို့ မြောက်ကိုရီးယားခြိမ်းခြောက်


(Zawgyi/Unicode)

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား အစီအစဉ်ကို နောက်ထပ် ဆက်လုပ်သွားမှာဖြစ်ပြီး မဟာဗျူဟာ မြောက်လက်နက်သစ် တမျိုးကို မကြာခင်အနာဂါတ်မှာ ထုတ်လုပ်မယ်လို့ ကြေညာခဲ့ပါတယ်။

သူ့သဘောနဲ့သူ နျူကလီးယားနဲ့ တာဝေးဒုံး စမ်းသပ် ပစ်လွှတ်မှုတွေ ရပ်ထားတာကို အဆုံးသတ်တော့မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ကြေညာခဲ့ပြီး နျူကလီးယားကိစ္စ ဆွေးနွေးဖို့အတွက် အမေရိကန်ဘက်က သဘောထား မပျော့ပြောင်းဘူးဆိုရင် ထိတ်လန့် တုန်လှုပ်သွားစေမယ့် တုံ့ပြန်မှု ရင်ဆိုင်ရမယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။

ဘယ်လိုဆောင်ရွက်မှု လုပ်မှာလဲဆိုတာကိုတော့ သူကရှင်းရှင်း မပြောပါဘူး။ အမေရိကန်ဘက်က တောင်ကိုရီးယားနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ဆက်လုပ်နေမယ်။ တောင်ကိုရီးယားကို ခေတ်မှီလက်နက်တွေ ဆက်ရောင်းနေမယ်ဆိုရင် သူ့အနေနဲ့ Nuclear နဲ့ ဒုံးစမ်းသပ်မှုတွေကို ရပ်နေစရာ အကြောင်းမရှိဘူးလို့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က ပြောကြားခဲ့တယ်လို့ အစိုးရပိုင် KCNA သတင်းက ထုတ်ပြန်ခဲ့တာပါ။

အမေရိကန်သမ္မတ Donald Trump ကတော့ Kim Jong Un ရဲ့ ခြိမ်းခြောက်မှုတွေကို သိပ်အရေးမပါသလိုလုပ်ပြီး သူနဲ့ Kim ရဲ့ ဆက်ဆံရေးဟာ အင်မတန် ကောင်းမွန်နေဆဲပဲလို့ အင်္ဂါနေ့ညက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားမှာ နျူကလီးယား ကင်းစင်ရေးအတွက် သမ္မတ Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ သဘောတူထားတာကို Kim Jong Un ဘက်က ဖောက်ဖျက်မယ်ဆိုရင် အင်မတန် စိတ်ပျက်စရာ ကိစ္စဖြစ်မယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ကလည်း ပြောကြားထားပါတယ်။

လက်နက်စမ်းသပ်မှုတွေ ပြန်စဖို့ မြောက်ကိုရီးယားခြိမ်းခြောက်
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG