သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခြိမ်းခြောက်မှုနဲ့ အမေရိကန်ရပ်တည်ချက်


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက နူကလီးယားနဲ့ တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု ကိုယ့်သဘောနဲ့ကိုယ် ယာယီ ရပ်ထားတာကို ဆက်ပြီး စောင့်ထိန်းတော့မှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။ နူကလီးယားအရေး ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အမေရိကန်ဘက်က ပျော့ပျောင်းတဲ့ ရပ်တည်ချက်မပြဘူးဆိုရင်၊ အတိကျပြောမထားတဲ့ ထိန့်လန့်ဖွယ် တုန့်ပြန်ချက်တွေနဲ့ ကြုံရလိမ့်မယ်လို့လည်း ကင်ဂျုံအွန်းက ခြိမ်းခြောက်နေပါတယ်။ ဒါပေမဲ့လည်း စေ့စပ်ညှိနှိုင်းမှုတွေ ဆက်မလုပ်တော့ဘူး ဆိုတာမျိုးတော့ တရားဝင်မပြောတဲ့အကြောင်း VOA သတင်းထောက် Bill Gallo ဆိုးလ်မြို့ ကနေ သတင်းပို့ထားတာကို မဆုမွန် တင်ပြမှာပါ။

XS
SM
MD
LG