သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏ်ဴ စမ္းသပ္မႈ ရပ္ဆိုင္းထားတာ ေျမာက္ကိုရီးယား ျပန္႐ုပ္သိမ္းဖြယ္ရွိ


တာေဝးပစ္ ဒုံးက်ည္နဲ႔ ႏ်ဴးကလီးယား စမ္းသပ္မႈေတြကို ကိုယ့္ဘာသာ ရပ္ဆိုင္းထားတာကို သူ႔အေနနဲ႔ ဆက္လက္ ေစာင့္ထိန္းလိုက္နာဖို႔ မလိုေတာ့ဘူးလို႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ Kim Jong Un က သတိေပးလိုက္သလို ႏ်ဴးကလီယား ေဆြးေႏြးပြဲေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္တို႔ ဘက္က ေပ်ာ့ေပ်ာင္းတဲ့ ရပ္တည္ခ်က္ကို မျပဘူးဆိုရင္လည္း ထိတ္လန႔္စဖြယ္ အေရးယူ ေဆာင္႐ြက္ ခ်က္ေတြ လုပ္ေဆာင္သြားမယ္လို႔ ၿခိမ္းေျခာက္လိုက္ပါတယ္။


ဘယ္လို အေရးယူ ေဆာင္႐ြက္မလဲ ဆိုတာေတာ့ သူက ရွင္းရွင္း လင္းလင္း မေျပာပါဘူး။ အေမရိကန္ဘက္က ေတာင္ကိုရီးယားနဲ႔ စစ္ေရးေလ့က်င့္မႈေတြ ဆက္လုပ္ေနၿပီး ေတာင္ကိုရီးယားကို ေခတ္မီလက္နက္ေတြ ဆက္ေရာင္းေနမယ္ဆိုရင္ သူ႔အေနနဲ႔ ႏ်ဴးကလီးယား နဲ႔ ဒုံးစမ္းသပ္မႈေတြကို ရပ္ဆိုင္းထားစရာ အေၾကာင္းမရွိဘူး လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un က ေျပာၾကားေၾကာင္း အစိုးရပိုင္ KCNA သတင္းက ထုတ္ျပန္ခဲ့ပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံဟာ ၂ ႏွစ္ေက်ာ္ၾကာ ႏ်ဴးကလီးယားနဲ႔ တိုက္ခ်င္းပစ္ ပဲ့ထိန္း ဒုံးက်ည္ (ICBM) ေတြ စမ္းသပ္ ပစ္လႊတ္ျခင္း မရွိခဲ့ပါဘူး။ ဒါေတြ စမ္းသပ္ဖို႔ မလိုအပ္ေတာ့ဘူးလို႔ သူက ၂၀၁၈ ခုႏွစ္ ဧၿပီလက ေျပာထားခဲ့ပါတယ္။ သူ႔ရဲ႕ အဲဒီ ဆုံးျဖတ္ခ်က္ဟာ အေမရိကန္နဲ႔ ေျမာက္ကိုရီးယားတို႔အၾကား ၂ ႏွစ္ေက်ာ္ၾကာ ေစ့စပ္ေဆြးေႏြးပြဲေတြ ျဖစ္လာဖို႔ လမ္းပြင့္သြားေစခဲ့တာပါ။

Kim Jong Un နဲ႔ သုံးႀကိမ္တိုင္ ေတြ႕ဆုံခဲ့သူ သမၼတ ေဒၚနယ္ထရမ့္ကေတာ့ ေျမာက္ကိုရီးယား ေခါင္းေဆာင္ဟာ ICBM နဲ႔ ႏ်ဴးကလီးယား စမ္းသပ္မႈေတြ မလုပ္ေတာ့ဘူးလို႔ သူ႔ကို ပုဂၢိဳလ္ေရးအရ ကတိေပးထားတာလို႔ ေျပာပါတယ္။ အဂၤါေန႔ကလည္း သူနဲ႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္အၾကား ဆက္ဆံေရး သိပ္ေကာင္းတယ္လို႔ ေျပာၿပီး Kim ရဲ႕ ၿခိမ္းေျခာက္မႈကို အေရးမပါသလို ေျပာၾကားခဲ့ပါတယ္။

ေျမာက္ကိုရီးယား ေခါင္းေဆာင္က သမၼတ Trump ကို ေပးထားတဲ့ ကတိကို ေဖာက္ဖ်က္မယ္ဆိုရင္ေတာ့ အင္မတန္စိတ္ပ်က္စရာ ျဖစ္မယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကလည္း မၾကာေပးခင္က ေျပာၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

နျူ စမ်းသပ်မှု ရပ်ဆိုင်းထားတာ မြောက်ကိုရီးယား ပြန်ရုပ်သိမ်းဖွယ်ရှိ

တာဝေးပစ် ဒုံးကျည်နဲ့ နျူးကလီးယား စမ်းသပ်မှုတွေကို ကိုယ့်ဘာသာ ရပ်ဆိုင်းထားတာကို သူ့အနေနဲ့ ဆက်လက် စောင့်ထိန်းလိုက်နာဖို့ မလိုတော့ဘူးလို့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က သတိပေးလိုက်သလို နျူးကလီယား ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး အမေရိကန်တို့ ဘက်က ပျော့ပျောင်းတဲ့ ရပ်တည်ချက်ကို မပြဘူးဆိုရင်လည်း ထိတ်လန့်စဖွယ် အရေးယူ ဆောင်ရွက် ချက်တွေ လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ဘယ်လို အရေးယူ ဆောင်ရွက်မလဲ ဆိုတာတော့ သူက ရှင်းရှင်း လင်းလင်း မပြောပါဘူး။ အမေရိကန်ဘက်က တောင်ကိုရီးယားနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ဆက်လုပ်နေပြီး တောင်ကိုရီးယားကို ခေတ်မီလက်နက်တွေ ဆက်ရောင်းနေမယ်ဆိုရင် သူ့အနေနဲ့ နျူးကလီးယား နဲ့ ဒုံးစမ်းသပ်မှုတွေကို ရပ်ဆိုင်းထားစရာ အကြောင်းမရှိဘူး လို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ပြောကြားကြောင်း အစိုးရပိုင် KCNA သတင်းက ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ၂ နှစ်ကျော်ကြာ နျူးကလီးယားနဲ့ တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည် (ICBM) တွေ စမ်းသပ် ပစ်လွှတ်ခြင်း မရှိခဲ့ပါဘူး။ ဒါတွေ စမ်းသပ်ဖို့ မလိုအပ်တော့ဘူးလို့ သူက ၂၀၁၈ ခုနှစ် ဧပြီလက ပြောထားခဲ့ပါတယ်။ သူ့ရဲ့ အဲဒီ ဆုံးဖြတ်ချက်ဟာ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား ၂ နှစ်ကျော်ကြာ စေ့စပ်ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ လမ်းပွင့်သွားစေခဲ့တာပါ။

Kim Jong Un နဲ့ သုံးကြိမ်တိုင် တွေ့ဆုံခဲ့သူ သမ္မတ ဒေါ်နယ်ထရမ့်ကတော့ မြောက်ကိုရီးယား ခေါင်းဆောင်ဟာ (ICBM)နဲ့ နျူးကလီးယား စမ်းသပ်မှုတွေ မလုပ်တော့ဘူးလို့ သူ့ကို ပုဂ္ဂိုလ်ရေးအရ ကတိပေးထားတာလို့ ပြောပါတယ်။ အင်္ဂါနေ့ကလည်း သူနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်အကြား ဆက်ဆံရေး သိပ်ကောင်းတယ်လို့ ပြောပြီး Kim ရဲ့ ခြိမ်းခြောက်မှုကို အရေးမပါသလို ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်က သမ္မတ Trump ကို ပေးထားတဲ့ ကတိကို ဖောက်ဖျက်မယ်ဆိုရင်တော့ အင်မတန်စိတ်ပျက်စရာ ဖြစ်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း မကြာပေးခင်က ပြောကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG