(Zawgyi/Unicode)
ေျမာက္ကိုရီးယား ႏ်ဴကလီးယားလက္နက္ ဖ်က္သိမ္းေရးမွာ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ သံတမန္ေရးအျပင္ တျခားနည္းလမ္းေပါင္းစုံကို သုံးသြားမယ္လို႔ အေမရိကန္ သမၼတအိမ္ျဖဴေတာ္ အမ်ိဳးသား လုံၿခဳံေရးအႀကံေပးက သတိေပးလိုက္ပါတယ္။
ႏ်ဴကလီးယားအေရး ေဆြးေႏြးပြဲေတြ ရပ္တန႔္ေနတာနဲ႔ ပတ္သက္လို႔ အေမရိကန္ျပည္ေထာင္စုဘက္က ႏွစ္မကုန္ခင္ ေျပလည္ေအာင္ လိုက္ေလ်ာတာမ်ိဳး မလုပ္ဘူးဆိုရင္ အံအားသင့္သြားေစမယ့္ ခရစၥမတ္ လက္ေဆာင္ေပးမယ္လို႔ ေျမာက္ကိုရီးယားဘက္က ၿခိမ္းေျခာက္ထားခ်ိန္မွာ အေမရိကန္ အိမ္ျဖဴေတာ္အၾကံေပး Robert O'Brien က ABC ႐ုပ္သံမွာ မေန႔က ခုလို သတိေပးခဲ့တာပါ။
ေျမာက္ကိုရီးယားရဲ့ ဒီၿခိမ္းေျခာက္တဲ့အေပၚမွာ ႀကိဳတင္ခန႔္မွန္း တြက္ဆတာမ်ိဳး မလုပ္ခ်င္ေပမဲ့ တာေဝးပစ္ ဒုံးက်ည္ စမ္းသပ္တာမ်ိဳး ျဖစ္ခဲ့မယ္ဆိုရင္ အေမရိကန္ဘက္က အေတာ္ေလး စိတ္ပ်က္မိမယ္လို႔ အမ်ိဳးသားလုံၿခဳံေရးအႀကံေပး O'Brien က ေျပာခဲ့ပါတယ္။
ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong-un အေနနဲ႔ သူ႔ႏိုင္ငံသားေတြ ခ်မ္းသာႂကြယ္ဝႏိုင္တဲ့ လမ္းကို ေ႐ြးမလား၊ အထီးက်န္ ဝိုင္းပယ္ခံရမယ့္ ပိတ္ဆို႔ ဒဏ္ခတ္မႈေတြကို ေ႐ြးမလားဆိုတာ ဆုံးျဖတ္ရလိမ့္မယ္လို႔လည္းလည္း O'Brien က ဆက္ေျပာခဲ့ပါတယ္။
သမၼတ Donald Trump ကေတာ့ ေျမာက္ကိုရီးယားဘက္က ေပးမယ့္ လက္ေဆာင္ဆိုတာ လွပတဲ့ ပန္းအိုးတအိုးလည္း ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္ဆိုၿပီး ေလွ်ာ့ေလွ်ာ့ေပါ့ေပါ့ တုံ႔ျပန္ေျပာဆိုထားပါတယ္။
[Unicode Version]
မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေး ကန် နည်းလမ်းစုံ သုံးမည်
မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖျက်သိမ်းရေးမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ သံတမန်ရေးအပြင် တခြားနည်းလမ်းပေါင်းစုံကို သုံးသွားမယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသား လုံခြုံရေးအကြံပေးက သတိပေးလိုက်ပါတယ်။
နျူကလီးယားအရေး ဆွေးနွေးပွဲတွေ ရပ်တန့်နေတာနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုဘက်က နှစ်မကုန်ခင် ပြေလည်အောင် လိုက်လျောတာမျိုး မလုပ်ဘူးဆိုရင် အံအားသင့်သွားစေမယ့် ခရစ္စမတ် လက်ဆောင်ပေးမယ်လို့ မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်ထားချိန်မှာ အမေရိကန် အိမ်ဖြူတော်အကြံပေး Robert O'Brien က ABC ရုပ်သံမှာ မနေ့က ခုလို သတိပေးခဲ့တာပါ။
မြောက်ကိုရီးယားရဲ့ ဒီခြိမ်းခြောက်တဲ့အပေါ်မှာ ကြိုတင်ခန့်မှန်း တွက်ဆတာမျိုး မလုပ်ချင်ပေမဲ့ တာဝေးပစ် ဒုံးကျည် စမ်းသပ်တာမျိုး ဖြစ်ခဲ့မယ်ဆိုရင် အမေရိကန်ဘက်က အတော်လေး စိတ်ပျက်မိမယ်လို့ အမျိုးသားလုံခြုံရေးအကြံပေး O'Brien က ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un အနေနဲ့ သူ့နိုင်ငံသားတွေ ချမ်းသာကြွယ်ဝနိုင်တဲ့ လမ်းကို ရွေးမလား၊ အထီးကျန် ဝိုင်းပယ်ခံရမယ့် ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ရွေးမလားဆိုတာ ဆုံးဖြတ်ရလိမ့်မယ်လို့လည်းလည်း O'Brien က ဆက်ပြောခဲ့ပါတယ်။
သမ္မတ Donald Trump ကတော့ မြောက်ကိုရီးယားဘက်က ပေးမယ့် လက်ဆောင်ဆိုတာ လှပတဲ့ ပန်းအိုးတအိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဆိုပြီး လျှော့လျှော့ပေါ့ပေါ့ တုံ့ပြန်ပြောဆိုထားပါတယ်။