သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယား ဒံုးက်ည္ပစ္လႊတ္လွ်င္ ကန္ တုံ႔ျပန္လုပ္ေဆာင္မည္


အေမရိကန္ အမ်ဳိးသားလုံၿခံဳေရးအႀကံေပး Robert O'Brien. (ႏုိဝင္ဘာ ၄၊ ၂၀၁၉)

(Zawgyi / Unicode)

ေျမာက္ကုိရီးယားက ေပးမယ္ဆုိတဲ့ ခရစၥမတ္လက္ေဆာင္ ကိစၥအတြက္ သူ႔အေနနဲ႔ ခန္႔မွန္းေျပာဆုိျခင္း မလုပ္လုိေပမယ့္ တကယ္လုိ႔ ေျမာက္ကုိရီးယားက တာေ၀းပစ္ဒုံးက်ည္၊ ဒါမွမဟုတ္ ႏ်ဴကလီးယား စမ္းသပ္ ေဖာက္ခြဲမႈေတြ ျပဳလုပ္ခဲ့မယ္ဆုိရင္ လြန္စြာစိတ္ပ်က္မိိမွာျဖစ္ေၾကာင္း အေမရိကန္ အမ်ဳိးသားလုံၿခံဳေရးအႀကံေပး Robert O’Brien က တနဂၤေႏြေန႔မွာ ေျပာပါတယ္။

ေျမာက္ကုိရီးယားအေနနဲ႔ အဲဒီလုိ စမ္းသပ္မႈေတြ ျပဳလုပ္ခဲ့မယ္ဆုိရင္ ကမၻာမွာ စစ္အင္အားအႀကီးဆုံး ႏုိင္ငံျဖစ္တဲ့ အေမရိကန္ျပည္ေထာင္စု အေနနဲ႔ သင့္ေတာ္တဲ့ တုံ႔ျပန္မႈကုိ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ABC ႐ုပ္သံသတင္းဌာနနဲ႔ ျပဳလုပ္တဲ့ ေမးျမန္းခန္းအတြင္း O’Brien က ေျပာပါတယ္။

ေျမာက္ကုိရီးယားရဲ႕ လုပ္ေဆာင္မႈေတြကုိ တုံ႔ျပန္ဖုိ႔အတြက္ အေမရိကန္မွာ နည္းလမ္းေပါင္းစုံ ရွိေၾကာင္းလည္း သူက ေျပာပါတယ္။

အေမရိကန္အေနနဲ႔ ဆုံးျဖတ္ခ်က္ကုိ ႀကိဳတင္ခ်မွတ္တာမ်ဳိး မလုပ္လုိေပမယ့္ အလားတူျဖစ္စဥ္မ်ဳိးမွာ အရင္က တုံ႔ျပန္ခဲ့တဲ့အတုိင္း တုံ႔ျပန္သြားမယ္လုိ႔ ဆုိပါတယ္။

တကယ္လုိ႔ ေျမာက္ကုိရီးယားေခါင္းေဆာင္ Kim Jong Un ကသာ စမ္းသပ္ ေဖာက္ခြဲမႈေတြ ျပဳလုပ္ခဲ့မယ္ဆုိရင္ အေမရိကန္ဘက္က တမူထူးျခားတဲ့ တုံ႔ျပန္မႈေတြကုိ လုပ္ေဆာင္သြားမယ္လုိ႔ ဆုိပါတယ္။

ေဖေဖာ္၀ါရီလကတည္းက ရပ္ဆုိင္းေနခဲ့တဲ့ ႏ်ဴကလီးယား ေဆြးေႏြးမႈေတြ ျပန္စႏုိင္ေရး တစုံတရာ တုံ႔ျပန္ဖုိ႔ ေျမာက္ကုိရီးယားက သတ္မွတ္ထားတဲ့ ႏွစ္ကုန္ပုိင္း ကန္႔သတ္ရက္ နီးလာတဲ့အခ်ိန္မွာ အေမရိကန္ကုိ ခရစၥမတ္လက္ေဆာင္ေပးမယ္လုိ႔ ေျမာက္ကုိရီးယားက သတိေပး ေျပာၾကားထားခဲ့တာ ျဖစ္ပါတယ္။

----------------------------------

(Unicode)

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်လျှင် ကန် တုံ့ပြန်လုပ်ဆောင်မည်

မြောက်ကိုရီးယားက ပေးမယ်ဆိုတဲ့ ခရစ္စမတ်လက်ဆောင် ကိစ္စအတွက် သူ့အနေနဲ့ ခန့်မှန်းပြောဆိုခြင်း မလုပ်လိုပေမယ့် တကယ်လို့ မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည်၊ ဒါမှမဟုတ် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့မယ်ဆိုရင် လွန်စွာစိတ်ပျက်မိမှာဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Robert O’Brien က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

မြောက်ကိုရီးယားအနေနဲ့ အဲဒီလို စမ်းသပ်မှုတွေ ပြုလုပ်ခဲ့မယ်ဆိုရင် ကမ္ဘာမှာ စစ်အင်အားအကြီးဆုံး နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု အနေနဲ့ သင့်တော်တဲ့ တုံ့ပြန်မှုကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း ABC ရုပ်သံသတင်းဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း O’Brien က ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ လုပ်ဆောင်မှုတွေကို တုံ့ပြန်ဖို့အတွက် အမေရိကန်မှာ နည်းလမ်းပေါင်းစုံ ရှိကြောင်းလည်း သူက ပြောပါတယ်။

အမေရိကန်အနေနဲ့ ဆုံးဖြတ်ချက်ကို ကြိုတင်ချမှတ်တာမျိုး မလုပ်လိုပေမယ့် အလားတူဖြစ်စဉ်မျိုးမှာ အရင်က တုံ့ပြန်ခဲ့တဲ့အတိုင်း တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။

တကယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကသာ စမ်းသပ် ဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့မယ်ဆိုရင် အမေရိကန်ဘက်က တမူထူးခြားတဲ့ တုံ့ပြန်မှုတွေကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလကတည်းက ရပ်ဆိုင်းနေခဲ့တဲ့ နျူကလီးယား ဆွေးနွေးမှုတွေ ပြန်စနိုင်ရေး တစုံတရာ တုံ့ပြန်ဖို့ မြောက်ကိုရီးယားက သတ်မှတ်ထားတဲ့ နှစ်ကုန်ပိုင်း ကန့်သတ်ရက် နီးလာတဲ့အချိန်မှာ အမေရိကန်ကို ခရစ္စမတ်လက်ဆောင်ပေးမယ်လို့ မြောက်ကိုရီးယားက သတိပေး ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG