သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယားေပးမယ့္ “ခရစၥမတ္စ္ လက္ေဆာင္” အတြက္ အဆင္သင့္ပဲလို႔ သမၼတထရမ့္ပ္ေျပာ


(Zawgyi/Unicode)

ေျမာက္ကိုရီးယားက ေပးမယ္လုိ႔ ၿခိမ္းေျခာက္ေျပာဆိုထားတဲ့ ဘယ္လို “ခရစၥမတ္စ္ လက္ေဆာင္” မ်ဳိးကိုမဆို ရင္ဆိုင္ဖို႔ အဆင္သင့္ပဲလို႔ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္က ေျပာပါတယ္။ ႏွစ္ႏုိင္ငံအၾကား ႏ်ဴကလီးယားအေရး ေစ့စပ္ညႇိႏိႈင္းပြဲေတြ ရပ္ဆိုင္းေနခ်ိန္မွာ ေျမာက္ကိုရီးယားက အခုလို ၿခိမ္းေျခာက္ထားတာပါ။

“သူက ဒံုးက်ည္စမ္းသပ္မယ့္အစား လွပတဲ့ ပန္းအိုးတလံုးကို လက္ေဆာင္အျဖစ္ က်ေနာ့္္ဆီပို႔လိုက္တာလည္း ျဖစ္ခ်င္ျဖစ္မွာေပါ့၊ ပန္းအိုးတလံုး က်ေနာ္ ရခ်င္ရမွာပဲ” လို႔ သမၼတထရမ့္ပ္က သတင္းေထာက္ေတြကို အဂၤါေန႔မွာေျပာပါတယ္။

ႏ်ဴကလီးယားအေရး ေဆြးေႏြးပြဲေတြမွာ လိုက္ေလ်ာ္မႈေတြလုပ္ဖို႔ ေျမာက္ကိုရီးယားက အေမရိကန္ကို ေတာင္းဆိုထားၿပီး ဘယ္လို ခရစၥမတ္လက္ေဆာင္ ကို ေရြးမလဲဆိုတာ အေမရိကန္အေပၚမွာသာ လံုးဝမူတည္တယ္လို႔ ဒီလအေစာပိုင္းက သတ္ိေပး ၿခိမ္းေျခာက္ထားတာပါ။

ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလကလုပ္တဲ့ ႏ်ဴကလီးယားအေရး ေဆြးေႏြးပြဲေတြမွာ ေျမာက္ကိုရီးယားဘက္က ဘာမွ တိတိ္က်က် မလိုက္ေလ်ာခင္ အေမရိကန္ဘက္က ဒဏ္ခတ္ပိတ္ဆို႔ထားတာေတြကို ေျဖေလ်ာ့ေပးဖို႔ အရင္ ေတာင္းဆိုခဲ့တဲ့အတြက္ အေမရိကန္က လက္မခံျငင္းပယ္ထားတာပါ။

ၿပီးခဲ့တဲ့လအတြင္းကေတာ့ ဒံုးက်ည္မ်ားစြာ ပစ္ခတ္ႏိုင္တဲ့စနစ္ကို ေျမာက္ကိုရီးယားက ဒီနွစ္အတြင္း ၄ ႀကိမ္ေျမာက္အျဖစ္ စမ္းသပ္ခဲ့ပါတယ္။ မၾကာခင္ ဂ်ပန္ႏိုင္ငံ အနီး၀န္းက်င္မွာ တကယ္ကို ပဲ့ထိန္းဒံုးက်ည္ ပစ္လႊတ္ဖို႔ရွိတယ္လို႔လည္း ၿခိမ္းေျခာက္ထားပါတယ္။

ေျမာက္ကိုရီးယားဟာ ၂၀၁၇ ႏို၀င္ဘာတုန္းက တိုက္ခ်င္းပစ္ဒံုးက်ည္ စမ္းသပ္ပစ္လႊတ္ခဲ့သလို ၂၀၁၇ စက္တင္ဘာလ တုန္းကလည္း ႏ်ဴကလီးယား စမ္းသပ္မႈေတြ ျပဳလုပ္ခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

မြောက်ကိုရီးယားပေးမယ့် “ခရစ္စမတ်စ် လက်ဆောင်” အတွက် အဆင်သင့်ပဲလို့ သမ္မတထရမ့်ပ်ပြော

(Unicode)

မြောက်ကိုရီးယားက ပေးမယ်လို့ ခြိမ်းခြောက်ပြောဆိုထားတဲ့ ဘယ်လို “ခရစ္စမတ်စ် လက်ဆောင်” မျိုးကိုမဆို ရင်ဆိုင်ဖို့ အဆင်သင့်ပဲလို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောပါတယ်။ နှစ်နိုင်ငံအကြား နျူကလီးယားအရေး စေ့စပ်ညှိနှိုင်းပွဲတွေ ရပ်ဆိုင်းနေချိန်မှာ မြောက်ကိုရီးယားက အခုလို ခြိမ်းခြောက်ထားတာပါ။

“သူက ဒုံးကျည်စမ်းသပ်မယ့်အစား လှပတဲ့ ပန်းအိုးတလုံးကို လက်ဆောင်အဖြစ် ကျနော့််ဆီပို့လိုက်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့၊ ပန်းအိုးတလုံး ကျနော် ရချင်ရမှာပဲ” လို့ သမ္မတထရမ့်ပ်က သတင်းထောက်တွေကို အင်္ဂါနေ့မှာပြောပါတယ်။

နျူကလီးယားအရေး ဆွေးနွေးပွဲတွေမှာ လိုက်လျော်မှုတွေလုပ်ဖို့ မြောက်ကိုရီးယားက အမေရိကန်ကို တောင်းဆိုထားပြီး ဘယ်လို ခရစ္စမတ်လက်ဆောင် ကို ရွေးမလဲဆိုတာ အမေရိကန်အပေါ်မှာသာ လုံးဝမူတည်တယ်လို့ ဒီလအစောပိုင်းက သတိပေး ခြိမ်းခြောက်ထားတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလုပ်တဲ့ နျူကလီးယားအရေး ဆွေးနွေးပွဲတွေမှာ မြောက်ကိုရီးယားဘက်က ဘာမှ တိတိကျကျ မလိုက်လျောခင် အမေရိကန်ဘက်က ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကို ဖြေလျော့ပေးဖို့ အရင် တောင်းဆိုခဲ့တဲ့အတွက် အမေရိကန်က လက်မခံငြင်းပယ်ထားတာပါ။

ပြီးခဲ့တဲ့လအတွင်းကတော့ ဒုံးကျည်များစွာ ပစ်ခတ်နိုင်တဲ့စနစ်ကို မြောက်ကိုရီးယားက ဒီနှစ်အတွင်း ၄ ကြိမ်မြောက်အဖြစ် စမ်းသပ်ခဲ့ပါတယ်။ မကြာခင် ဂျပန်နိုင်ငံ အနီးဝန်းကျင်မှာ တကယ်ကို ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ဖို့ရှိတယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၁၇ နိုဝင်ဘာတုန်းက တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့သလို ၂၀၁၇ စက်တင်ဘာလ တုန်းကလည်း နျူကလီးယား စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

XS
SM
MD
LG