သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကြန္ဂရက္မွာ " ႏိုင္ငံေတာ္အေျချပ" မိန္႔ခြန္းေျပာဖို႔ သမၼတ Trump သေဘာတူ


(Zawgyi/Unicode)

၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔ ကြန္ဂရက္ လႊတ္ေတာ္မွာ ႏုိင္ငံေတာ္ အေျချပမိန္႔ခြန္းေျပာဖို႔ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi က ဖိတ္ၾကားတာကို သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္က လက္ခံထားတယ္လုိ႔ သမၼတအိမ္ျဖဴေတာ္က ေသာၾကာေန႔ မွာေျပာပါတယ္။

“လႊတ္ေတာ္ႏွစ္ရပ္ေပါင္း ကြန္ဂရက္တြင္ ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလ ၄ ရက္ အဂၤါေန႔၌ သမၼတအေနျဖင့္ ႏုိင္ငံေတာ္အေျချပ မိန္႔ခြန္းေျပာၾကားရန္ မိမိတို႔ရဲ႕ အေျခခံဥပေဒကို ေလးစားသမႈျပဳသည့္ သေဘာထားျဖင့္ ဖိတ္ၾကားပါသည္” လို႔ မစၥစ္ Pelosi က သမၼတဆီပို႔တဲ့ စာထဲမွာ ေရးထားပါတယ္။

ေအာက္လႊတ္ေတာ္ဥကၠ႒ရဲ႕ ဖိတ္ၾကားခ်က္ကို သမၼတထရမ့္ပ္က လက္ခံထားၿပီလို႔ အိမ္ျဖဴေတာ္ေျပာခြင့္ရ Hogan Gidley က ေျပာပါတယ္။

သမၼတထရမ့္ပ္ကို တရားစြဲဆိုမယ့္ စြဲခ်က္ႏွစ္ခုကို ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က မဲခြဲအတည္ျပဳခဲ့တဲ့ ေအာက္လႊတ္ေတာ္ စည္းေဝးခန္းမမွာ ပဲ သမၼတထရမ့္ပ္ မိန္႔ခြန္းေျပာရမွာပါ။

၂၀၁၉ ခုႏွစ္၊ ႏုိင္ငံေတာ္အေျချပမိန္႔ခြန္း ေျပာတဲ့အခ်ိန္တုန္းက မစၥစ္ Pelosi ဟာ လိုတာထက္ပိုၿပီးေတာ့ ဟန္္လုပ္ လက္ခုပ္တီးၿပီး သမၼတကို ေလွာင္ခဲ့ပံုရပါတယ္။ အမတ္ေတြအားလံုး လက္ခုပ္တီးၾကတဲ့အခ်ိန္ မစၥစ္ Pelosi က သမၼတဘက္ကို သူ႔လက္ေတြဆန္႔ တန္းၿပီး ႏႈတ္ခမ္းကို တင္းတင္းေစ့ သမၼတကို တည့္တည့္ၾကည့္ၿပီးေတာ့ လက္ခုပ္တီးခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္ကတည္းကစလို႔ သူတို႔ႏွစ္ေယာက္ၾကား ဆက္ဆံေရး စၿပီး အဆင္မေျပျဖစ္လာတာပါ။

တိုက္႐ိုက္ လင့္ခ္


.................

ကွန်ကရက်မှာ " နိုင်ငံတော်အခြေပြ" မိန့်ခွန်းပြောဖို့ သမ္မတ Trump သဘောတူ

(Unicode)

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ကွန်ဂရက် လွှတ်တော်မှာ နိုင်ငံတော် အခြေပြမိန့်ခွန်းပြောဖို့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က ဖိတ်ကြားတာကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က လက်ခံထားတယ်လို့ သမ္မတအိမ်ဖြူတော်က သောကြာနေ့ မှာပြောပါတယ်။

“လွှတ်တော်နှစ်ရပ်ပေါင်း ကွန်ဂရက်တွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက် အင်္ဂါနေ့၌ သမ္မတအနေဖြင့် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားရန် မိမိတို့ရဲ့ အခြေခံဥပဒေကို လေးစားသမှုပြုသည့် သဘောထားဖြင့် ဖိတ်ကြားပါသည်” လို့ မစ္စစ် Pelosi က သမ္မတဆီပို့တဲ့ စာထဲမှာ ရေးထားပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌရဲ့ ဖိတ်ကြားချက်ကို သမ္မတထရမ့်ပ်က လက်ခံထားပြီလို့ အိမ်ဖြူတော်ပြောခွင့်ရ Hogan Gidley က ပြောပါတယ်။

သမ္မတထရမ့်ပ်ကို တရားစွဲဆိုမယ့် စွဲချက်နှစ်ခုကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မဲခွဲအတည်ပြုခဲ့တဲ့ အောက်လွှတ်တော် စည်းဝေးခန်းမမှာ ပဲ သမ္မတထရမ့်ပ် မိန့်ခွန်းပြောရမှာပါ။

၂၀၁၉ ခုနှစ်၊ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောတဲ့အချိန်တုန်းက မစ္စစ် Pelosi ဟာ လိုတာထက်ပိုပြီးတော့ ဟန်လုပ် လက်ခုပ်တီးပြီး သမ္မတကို လှောင်ခဲ့ပုံရပါတယ်။ အမတ်တွေအားလုံး လက်ခုပ်တီးကြတဲ့အချိန် မစ္စစ် Pelosi က သမ္မတဘက်ကို သူ့လက်တွေဆန့် တန်းပြီး နှုတ်ခမ်းကို တင်းတင်းစေ့ သမ္မတကို တည့်တည့်ကြည့်ပြီးတော့ လက်ခုပ်တီးခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းကစလို့ သူတို့နှစ်ယောက်ကြား ဆက်ဆံရေး စပြီး အဆင်မပြေဖြစ်လာတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG