သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သူ႔အေပၚ တရားစြဲဆိုေရးကိစၥ Donald Trump ထိုးႏွက္တိုက္ခိုက္


အိမ္ျဖဴေတာ္တြင္ သတင္းေထာက္မ်ားႏွင့္ ေတြ႔ဆုံေနသည့္ သမၼတ Donald Trump. (ႏုိဝင္ဘာ ၈၊ ၂၀၁၉)

(Zawgyi / Unicode)

အေမရိကန္သမၼတ Donald Trump က သူ႔ကို တရားစြဲဆိုေရး ဒီအပတ္အတြင္း ၾကားနာမႈေတြအေပၚ တနဂၤေႏြေန႔မွာ ထပ္မံ ေ၀ဖန္ထိုးႏွက္ပါတယ္။

အင္မတန္ ရွက္စရာေကာင္းတယ္၊ ရီပတ္ဘလစ္ကန္ေတြ ေမးျမန္းလိုေနတဲ့ သက္ေသေတြကိုေတာ့ ဒီမိုကရက္ေတြက တားဆီး ပိတ္ပင္ထားတယ္လို႔လည္း မေက်မနပ္ ေျပာဆိုပါတယ္။

သမၼတကို တရားစြဲဆိုေရး ႀကိဳးပမ္းမႈကို ဦးေဆာင္ေနတဲ့ ေအာက္လႊတ္ေတာ္ ေထာက္လွမ္းေရးေကာ္မတီ ဥကၠ႒ Adam Schiff ဟာ အဂတိမကင္းတဲ့ ႏုိင္ငံေရးသမား၊ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ကလည္း ရွက္ဖြယ္ေကာင္းတဲ့ သဲႀကီးမဲႀကီး အၿငိဳးထား ထိုးႏွက္ေဆာင္ရြက္မႈမွာ အိမ္ျဖဴေတာ္ တာ၀န္ရွိသူေတြကိုပါ ၾကားနာလိုေနတယ္လို႔ သမၼတက ေျပာဆိုခဲ့တာပါ။

ေအာက္လႊတ္ေတာ္အမတ္ Schiff က အိမ္ျဖဴေတာ္ေရွ႕ေနကို ခြင့္ျပဳမွာမဟုတ္သလို ဒီဘက္က ပန္ၾကားထားတဲ့ သက္ေသေတြကိုလည္း ခြင့္ျပဳမွာမဟုတ္ဘူးလို႔လည္း သမၼတက တြစ္တာ လူမႈကြန္ရက္မွာ ေရးပါတယ္။ ဒါက လႊတ္ေတာ္သမိုင္းေၾကာင္းနဲ႔ တရားဥပေဒေၾကာင္းမွာ ပထမဆံုးျဖစ္တယ္လို႔လည္း သမၼတက ေရးပါတယ္။

ဒီမိုကရက္ေတြ ထိန္းခ်ဳပ္ထားတဲ့ ေအာက္လႊတ္ေတာ္က ခ်မွတ္ထားတဲ့ သမၼတကို တရားစြဲဆိုေရး စည္းမ်ဥ္းေတြအရေတာ့ လာမယ့္သီတင္းပတ္ေတြအတြင္း ေအာက္လႊတ္ေတာ္ တရားေရးေကာ္မတီက သမၼတကို တရားစြဲဆိုေရး သေဘာထား ထြက္ေပၚလာတဲ့အခါ၊ ေနာက္ ေအာက္လႊတ္ေတာ္တခုလံုးက သူ႔ကို စြပ္စြဲျပစ္တင္ၿပီး ရီပတ္ဘလစ္ကန္ ႀကီးစိုးတဲ့ အထက္လႊတ္ေတာ္မွာ ၾကားနာစစ္ေဆးမႈေတြမွာ သမၼတအေနနဲ႔ သူ႔ကိုယ္စား ေရွ႕ေနထားခြင့္ရမွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဗုဒၶဟူးေန႔မွာ စတင္မယ့္ ေအာက္လႊတ္ေတာ္ ေထာက္လွမ္းေရး ေကာ္မတီ ၾကားနာမႈေတြမွာေတာ့ သမၼတရဲ႕ ဥပေဒအက်ိဳးေဆာင္ထားခြင့္ကို စည္းမ်ဥ္းမွာ ေဖာ္ျပမထားပါဘူး။

သမၼတက သူ႔ရဲ႕ ႏုိင္ငံေရးအက်ိဳးအျမတ္ ရွာတဲ့အေနနဲ႔ ယူကရိန္းကိုေပးမယ့္ အကူအညီကို ဆိုင္းငံ့ခဲ့သလားဆိုတာကို လာမယ့္ ဗုဒၶဟူးေန႔မွာ ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ၀န္ထမ္း ၂ ဦးျဖစ္တဲ့ William Taylor န႔ဲ George Kent တို႔ကို ၾကားနာမွာ ျဖစ္ပါတယ္။

------------------------------

(Unicode)

သူ့အပေါ် တရားစွဲဆိုရေးကိစ္စ Donald Trump ထိုးနှက်တိုက်ခိုက်

အမေရိကန်သမ္မတ Donald Trump က သူ့ကို တရားစွဲဆိုရေး ဒီအပတ်အတွင်း ကြားနာမှုတွေအပေါ် တနင်္ဂနွေနေ့မှာ ထပ်မံ ဝေဖန်ထိုးနှက်ပါတယ်။

အင်မတန် ရှက်စရာကောင်းတယ်၊ ရီပတ်ဘလစ်ကန်တွေ မေးမြန်းလိုနေတဲ့ သက်သေတွေကိုတော့ ဒီမိုကရက်တွေက တားဆီး ပိတ်ပင်ထားတယ်လို့လည်း မကျေမနပ် ပြောဆိုပါတယ်။

သမ္မတကို တရားစွဲဆိုရေး ကြိုးပမ်းမှုကို ဦးဆောင်နေတဲ့ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဋ္ဌ Adam Schiff ဟာ အဂတိမကင်းတဲ့ နိုင်ငံရေးသမား၊ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ကလည်း ရှက်ဖွယ်ကောင်းတဲ့ သဲကြီးမဲကြီး အငြိုးထား ထိုးနှက်ဆောင်ရွက်မှုမှာ အိမ်ဖြူတော် တာဝန်ရှိသူတွေကိုပါ ကြားနာလိုနေတယ်လို့ သမ္မတက ပြောဆိုခဲ့တာပါ။

အောက်လွှတ်တော်အမတ် Schiff က အိမ်ဖြူတော်ရှေ့နေကို ခွင့်ပြုမှာမဟုတ်သလို ဒီဘက်က ပန်ကြားထားတဲ့ သက်သေတွေကိုလည်း ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း သမ္မတက တွစ်တာ လူမှုကွန်ရက်မှာ ရေးပါတယ်။ ဒါက လွှတ်တော်သမိုင်းကြောင်းနဲ့ တရားဥပဒေကြောင်းမှာ ပထမဆုံးဖြစ်တယ်လို့လည်း သမ္မတက ရေးပါတယ်။

ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်က ချမှတ်ထားတဲ့ သမ္မတကို တရားစွဲဆိုရေး စည်းမျဉ်းတွေအရတော့ လာမယ့်သီတင်းပတ်တွေအတွင်း အောက်လွှတ်တော် တရားရေးကော်မတီက သမ္မတကို တရားစွဲဆိုရေး သဘောထား ထွက်ပေါ်လာတဲ့အခါ၊ နောက် အောက်လွှတ်တော်တခုလုံးက သူ့ကို စွပ်စွဲပြစ်တင်ပြီး ရီပတ်ဘလစ်ကန် ကြီးစိုးတဲ့ အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးမှုတွေမှာ သမ္မတအနေနဲ့ သူ့ကိုယ်စား ရှေ့နေထားခွင့်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဗုဒ္ဓဟူးနေ့မှာ စတင်မယ့် အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ကြားနာမှုတွေမှာတော့ သမ္မတရဲ့ ဥပဒေအကျိုးဆောင်ထားခွင့်ကို စည်းမျဉ်းမှာ ဖော်ပြမထားပါဘူး။

သမ္မတက သူ့ရဲ့ နိုင်ငံရေးအကျိုးအမြတ် ရှာတဲ့အနေနဲ့ ယူကရိန်းကိုပေးမယ့် အကူအညီကို ဆိုင်းငံ့ခဲ့သလားဆိုတာကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်း ၂ ဦးဖြစ်တဲ့ William Taylor နဲ့ George Kent တို့ကို ကြားနာမှာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG