သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယူကရိန္းသမၼတနဲ႔ တယ္လီဖုန္းစကားေျပာဆိုမႈ ေနာက္ထပ္မွတ္တမ္းတခု Trump ထုတ္ျပန္မည္


Air Force One ေလယာဥ္ေပၚမတက္မီ သတင္းေထာက္မ်ားအား ေျပာၾကားေနသည့္ သမၼတ Trump. (ႏုိဝင္ဘာ ၉၊ ၂၀၁၉)

(Zawgyi / Unicode)

ယူကရိန္းသမၼတ Volodymyr Zelenskiy နဲ႔ သူ တယ္လီဖုန္းဆက္ စကားေျပာထားတဲ့ ေနာက္ထပ္မွတ္တမ္းတခုကုိ ထုတ္ျပန္ဦးမယ္လုိ႔ သမၼတ Donald Trump က စေနေန႔မွာ ေျပာပါတယ္။

ဇူလိုင္လက သမၼတ Trump နဲ႔ သမၼတ Zelenskiy တို႔ တယ္လီဖုန္းဆက္ စကားေျပာတုန္းက ႏုိင္ငံေရးအရ သူ႔အတြက္ တခုလုပ္ေပးဖို႔ သမၼတ Trump က တုိက္တြန္းေျပာခဲ့တာ ထြက္လာတာေၾကာင့္ သူ႔ကို တရားစြဲဖို႔ အခု စံုစမ္းစစ္ေဆးမႈ စျဖစ္လာတာပါ။

အခုေျပာတဲ့ ေနာက္တခုဆိုတာကေတာ့ ဧၿပီလမွာ သမၼတ Zelenskiy သမၼတအျဖစ္ ေရြးေကာက္ခံရၿပီး သိပ္မၾကာခင္မွာပဲ ေျပာခဲ့ၾကတာျဖစ္ၿပီး ဒီေျပာဆိုခ်က္ အေသးစိတ္ကို လူသိရွင္ၾကား ထုတ္ျပန္ေပးဖို႔ သူ႔အတြက္ ျပႆနာမရွိဘူးလို႔ သမၼတ Trump က ေျပာပါတယ္။

အဲဒီေျပာဆိုခ်က္ အေသးစိတ္ကို အဂၤါေန႔မွာ ထုတ္ျပန္မယ္လို႔ သမၼတက ဆိုပါတယ္။

“သိပ္အေရးႀကီးတဲ့ ေနာက္ထပ္ မွတ္တမ္းတခု ထုတ္ေပးဖို႔ရွိပါတယ္။ သူတို႔က ေတာင္းထားၿပီး ေက်ေက်နပ္နပ္ပဲ က်ေနာ္ေပးမွာပါ” လို႔ Air Force One ေလယာဥ္ေပၚမတက္ခင္ သမၼတ Trump က သတင္းေထာက္ေတြကို ေျပာသြားပါတယ္။

----------------------------------

(Unicode)

ယူကရိန်းသမ္မတနဲ့ တယ်လီဖုန်းစကားပြောဆိုမှု နောက်ထပ်မှတ်တမ်းတခု Trump ထုတ်ပြန်မည်

ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ သူ တယ်လီဖုန်းဆက် စကားပြောထားတဲ့ နောက်ထပ်မှတ်တမ်းတခုကို ထုတ်ပြန်ဦးမယ်လို့ သမ္မတ Donald Trump က စနေနေ့မှာ ပြောပါတယ်။

ဇူလိုင်လက သမ္မတ Trump နဲ့ သမ္မတ Zelenskiy တို့ တယ်လီဖုန်းဆက် စကားပြောတုန်းက နိုင်ငံရေးအရ သူ့အတွက် တခုလုပ်ပေးဖို့ သမ္မတ Trump က တိုက်တွန်းပြောခဲ့တာ ထွက်လာတာကြောင့် သူ့ကို တရားစွဲဖို့ အခု စုံစမ်းစစ်ဆေးမှု စဖြစ်လာတာပါ။

အခုပြောတဲ့ နောက်တခုဆိုတာကတော့ ဧပြီလမှာ သမ္မတ Zelenskiy သမ္မတအဖြစ် ရွေးကောက်ခံရပြီး သိပ်မကြာခင်မှာပဲ ပြောခဲ့ကြတာဖြစ်ပြီး ဒီပြောဆိုချက် အသေးစိတ်ကို လူသိရှင်ကြား ထုတ်ပြန်ပေးဖို့ သူ့အတွက် ပြဿနာမရှိဘူးလို့ သမ္မတ Trump က ပြောပါတယ်။

အဲဒီပြောဆိုချက် အသေးစိတ်ကို အင်္ဂါနေ့မှာ ထုတ်ပြန်မယ်လို့ သမ္မတက ဆိုပါတယ်။

“သိပ်အရေးကြီးတဲ့ နောက်ထပ် မှတ်တမ်းတခု ထုတ်ပေးဖို့ရှိပါတယ်။ သူတို့က တောင်းထားပြီး ကျေကျေနပ်နပ်ပဲ ကျနော်ပေးမှာပါ” လို့ Air Force One လေယာဉ်ပေါ်မတက်ခင် သမ္မတ Trump က သတင်းထောက်တွေကို ပြောသွားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG