သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump ကို တရားစွဲဆိုနိုင်ရေး ဘယ်လောက်နီးစပ်ပြီလဲ


သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်
သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်

(Zawgyi/Unicode)

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို တရားစွဲဆိုဖို့ စုံစမ်းစစ်ဆေးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကြာသပတေးနေ့က အောက်လွှတ်တော်မှာ မဲခွဲပြီးတော့ ဆုံးဖြတ်ချက်တရပ် ချလိုက်ပါတယ်။ အောက်လွှတ်တော်ရဲ့ အခုဆုံးဖြတ်ချက်က သမ္မတကို တရားစွဲလိုက်ပြီဆိုတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်သေးပါဘူး။ ဘာ့ကြောင့် ဒီဆုံးဖြတ်ချက်ကို ချမှတ်ရတာလဲဆိုတာ ရှင်းပြပါဦး ကိုကျော်ကျော်သိန်းရေ ။

ကိုကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ပါ၊ လက်ရှိ အောက်လွှတ်တော်ကော်မတီသုံးခုက လုပ်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေက အများပြည်သူ ကြားမြင်သိရှိခွင့် မရတဲ့ တံခါးပိတ် စုံစမ်းစစ်ဆေးမှုတွေဖြစ်ပါတယ်။ အခုဆုံးဖြတ်ချက်ကတော့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်သွားဖို့၊ အများ ပြည်သူကိုလည်း ကြားမြင်သိရှိခွင့်ပေးဖို့၊ ဒါ့အပြင် တဆင့်ပြီးတဆင့် ဘာတွေလုပ်သွားရမယ်ဆိုတာကို လမ်းညွှန်ချက် ပေးလိုက် တာလို့ ဆိုရမှာပါ။ တနည်းအားဖြင့်တော့ လက်ရှိစုံစမ်းစစ်ဆေးမှုကို တံခါးပိတ်လုပ်နေတာကနေ အားလုံးသိအောင် ပွင့်ပွင့် လင်းလင်းလုပ်တဲ့ နောက်အဆင့်ကို ကူးလိုက်တာပါပဲ။

မေး။ ။ သမ္မတကိုအရေးယူဖို့ စုံစမ်းစစ်ဆေးတာတွေ လုပ်နေတာ လွန်ခဲ့တဲ့ တလကျော်ကတည်းကပါ။ အောက်လွှတ်တော်က ဘာ့ကြောင့် အခုမှ မဲခွဲပြီး ဆုံးဖြတ်ချက်ချရတာလဲ။

ဖြေ။ ။ အဓိကအကြောင်းတခုကတော့ ဒီစုံစမ်းစစ်ဆေးမှု စလုပ်ကတည်းက ရီပတ်ဘလီကန်တွေဘက်ကနေ တောက်လျှောက် တိုက်ခိုက် ကန့်ကွက်လာတဲ့ အချက်တချက်ကို ပြတ်အောင် ရှင်းလိုက်တဲ့သဘောပါပဲ။ အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်မပြုဘဲနဲ့ လုပ်နေတဲ့ စုံစမ်းစစ်ဆေးမှုဟာ လုပ်ကြံထားတဲ့ စုံစမ်းစစ်ဆေးမှုပဲဖြစ်တယ်ဆိုပြီးတော့ ရီပတ်ဘလီကန်တွေက တိုက်ခိုက်လာတာပါ။ အခုတော့ အောက်လွှတ်တော်ကနေ ဆုံးဖြတ်လိုက်တာကြောင့် ဒီအချက်နဲ့ ဆက်ပြီးထိုးနှက်လို့မရတော့ပါ ဘူး။

မေး။ ။ လက်ရှိလုပ်နေတဲ့ ထွက်ဆိုကြားနာပွဲတွေကို နောက် သီတင်းတပတ် နှစ်ပတ်လောက်အထိ ဆက်လုပ်သွားမယ်လို့ ဒီမိုကရက်တွေက ပြောထားတာရှိပါတယ်။ အဲဒီအချိန်ကာလနောက်ပိုင်းမှာ အများပြည်သူ နားထောင်ခွင့်ရလာမယ်ဆိုတော့ ကြားနာပွဲတွေကို ဘယ်သူက အဓိကတာဝန်ယူပြီးလုပ်မှာပါလဲ။

ဖြေ။ ။ အဲဒီအတွက် တာဝန်ပေးထားတဲ့ အဓိကပုဂ္ဂိုလ်ကတော့ အောက်လွှတ်တော် ထောက်လှမ်းရေးရာကော်မတီဥက္ကဋ္ဌ Adam Schiff ဖြစ်ပြီး တံခါးဖွင့်ကြားနာပွဲတွေကို သူက တာဝန်ယူလုပ်သွားရမှာပါ။ ထောက်လှမ်းရေးကော်မတီဟာ တွေ့ရှိချက်တွေ၊ အကြံပြုချက်တွေကို အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ၊ အစိုးရလုပ်ငန်းများ စောင့်ကြည့် စစ်ဆေးရေးကော်မတီတို့နဲ့ ညှိနှိုင်းပြီးတော့ အစီရင်ခံစာတစောင် ပြုစုရပါမယ်။ အဲဒီအစီရင်ခံစာကို တရားရေးကော်မတီကို ပို့ရမှာဖြစ်ပြီး အများပြည်သူ သိရှိ အောင်လည်း ထုတ်ပြန်ပေးရပါမယ်။

မေး။ ။ သမ္မတကို တရားစွဲဆိုဖို့ အဓိကလုပ်ပိုင်ခွင့်ရှိတဲ့ တရားရေးကော်မတီအနေနဲ့ ထောက်လှမ်းရေးကော်မတီရဲ့ အစီရင်ခံစာ ရပြီးရင် ဘာတွေဆက်လုပ်မှာပါလဲ။

ဖြေ။ ။ ထောက်လှမ်းရေးကော်မတီရဲ့ အစီရင်ခံစာကို ရပြီးပြီဆိုတာနဲ့ တရားစွဲဆိုမယ့် စွဲချက်တွေကို သုံးသပ်ဆန်းစစ်ရမယ့် လုပ်ငန်းစဉ်ကို တရားရေးကော်မတီက စလုပ်မှာပါ။ တနည်းအားဖြင့် သမ္မတကို ဘယ်လိုစွဲချက်တွေနဲ့ တရားစွဲမလဲဆိုတာကို သုံးသပ် ချမှတ်ကြမှာဖြစ်ပါတယ်။

မေး။ ။ သမ္မတကိုတရားစွဲဖို့ အဓိကလုပ်နေတာက ဒီမိုကရက်အမတ်တွေဆိုတော့ ဒီနေရာမှာ သမ္မတဘက်ကရော၊ ရီပတ်ဘလီကန်အမတ်တွေအနေနဲ့ပါ ချေပခွင့်ရဖို့ကလည်း အရေးကြီးပါတယ်။ အဲဒီလိုအခွင့်အရေး ရကြမှာပါလား။

ဖြေ။ ။ အဲဒီလုပ်ငန်းစဉ်မှာ “လူနည်းစုအတွက် အခွင့်အရေး၊ သမ္မတ Nixon နဲ့ သမ္မတ Clinton တို့ကို တရားစွဲဖို့ စုံစမ်းစစ်ဆေး ခဲ့ချိန်က ပေးအပ်ခဲ့တဲ့ အခွင့်အရေးတွေနဲ့တန်းတူ သမ္မတအတွက် အခွင့်အရေးတွေကိုပေးမယ်” လို့ တရားရေးကော်မတီဥက္ကဋ္ဌ Jerry Nadler က ပြောထားပါတယ်။ လူနည်းစုဆိုတာကတော့ ရီပတ်ဘလီကန်အမတ်တွေကို ရည်ညွှန်းတာပါ။ ရမယ့် အခွင့် အရေးတွေထဲမှာ သမ္မတရဲ့ ရှေ့နေတွေအနေနဲ့ မှတ်တမ်းနဲ့ အထောက်အထားမိတ္တူတွေ လက်ခံရယူပိုင်ခွင့်၊ အထောက်အထား တွေကိုတင်ပြတဲ့ အစည်းအဝေးတွေနဲ့ ကြားနာပွဲတွေကို တက်ရောက်ခွင့်၊ သက်သေထွက်ဆိုသူတွေကို မေးခွန်းထုတ်ခွင့်၊ ဒီမို ကရက်တွေဘက်က ပြောဆိုချက်တွေအပေါ် တုံ့ပြန်ခွင့် စတာတွေ ပါဝင်ပါတယ်။

မေး။ ။ သမ္မတကို ဘယ်စွဲချက်တွေနဲ့ တရားစွဲမလဲဆိုတာ တရားရေးကော်မတီက သုံးသပ်ချမှတ်ပြီးတာနဲ့ သမ္မတကို တရားစွဲတဲ့ အဆင့်ထိတော့ ချက်ခြင်းမရောက်သေးပါဘူး။ ဒါက အောက်လွှတ်တော်မှာ ဆက်လုပ်သွားရမှာဆိုတော့ ဒီအပိုင်း ဆက်ရှင်းပြပါဦး။

ဖြေ။ ။ တရားရေးကော်မတီအနေနဲ့ ကြားနာပွဲတွေလုပ်၊ တရားစွဲဖို့ စွဲချက်တခုခု ထွက်လာတယ်ဆိုရင် အဲဒီအပေါ် မဲခွဲဆုံးဖြတ်၊ ပြီးတဲ့နောက် အစီရင်ခံစာပြုစုပြီး အောက်လွှတ်တော်တရပ်လုံးမှာ မဲခွဲဆုံးဖြတ်ဖို့ ပို့ရပါမယ်။ အဲဒီအဆင့်မှာ သမ္မတကို ဘယ်စွဲချက် တွေနဲ့ တရားစွဲမယ်ဆိုတာ အတိအကျပါလာတော့မှာပါ။ အောက်လွှတ်တော်တရပ်လုံးမှာ ဆက်လုပ်မယ့်အဆင့်တွေနဲ့ ပတ်သက် လို့တော့ အချိန်ကာလသတ်မှတ်ချက် မရှိပါဘူး။ ဒါပေမယ့် ဒီနှစ်မကုန်ခင် ပြီးအောင်လုပ်ချင်တယ်လို့ ဒီမိုကရက်ခေါင်းဆောင် တွေက ပြောထားပါတယ်။ အဲဒီအတိုင်းဖြစ်မယ်ဆိုရင်တော့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို တရားစွဲမလား မစွဲဘူးလားဆိုတာ ဒီနှစ်မကုန်ခင်မှာ အဖြေထွက်လာနိုင်ခြေရှိတဲ့သဘောပါပဲ။

မေး။ ။ ၂၀၂၀ ပြည့်၊ နိုဝင်ဘာလဆန်းမှာ သမ္မတရွေးကောက်ပွဲရှိပါတယ်။ သမ္မတထရမ့်ပ်ကလည်း နောက်တကြိမ် သမ္မတ သက်တမ်းအတွက် ရွေးကောက်ပွဲဝင်မှာပါ။ အဲဒီရွေးကောက်ပွဲလုပ်တဲ့အချိန်ထိ သမ္မတထရမ့်ပ် ရာထူးမှာဆက်ရှိနေမယ့် အလားအလာ ဘယ်လိုဖြစ်လာနိုင်ပါသလဲ။

ဖြေ။ ။ အောက်လွှတ်တော်မှာက သမ္မတကို ဘယ်စွဲချက်တွေနဲ့ တရားစွဲမယ်ဆိုတာ မဲခွဲဆုံးဖြတ်တဲ့အဆင့်ပါ။ သမ္မတကို တရား စွဲဖို့ အောက်လွှတ်တော်က ဆုံးဖြတ်ပြီးရင် အထက်လွှတ်တော်အပိုင်း ရောက်သွားပါပြီ။ တကယ်တမ်း တရားစွဲဆို စစ်ဆေးတာက အထက်လွှတ်တော်က လုပ်မှာပါ။ တနည်းအားဖြင့်တော့ အထက်လွှတ်တော်က လွှတ်တော်အမတ် ၁၀၀ ဟာ တရားရုံးတရုံးမှာ ဂျူရီလူကြီးတွေ တရားခွင်မှာ စစ်ဆေးသလို ကြားနာ စစ်ဆေးကြမှာပါ။ စွဲချက်တွေကို အောက်လွှတ်တော်က အတည်ပြုပြီး အထက်လွှတ်တော်ကို ပို့လိုက်တာနဲ့ တရားစစ်ဆေးတာကို စတင်မယ်လို့ အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က ပြောထားပါတယ်။ နောက်ဆုံးအဆင့်ကျမှ သမ္မတမှာ အပြစ်ရှိမရှိ၊ ရာထူးကဖယ်မဖယ်ဆိုတာကို မဲခွဲဆုံးဖြတ်ကြ မှာပါ။ ဒီနေရာမှာ အထူးအရေးပါတဲ့ အချက်တချက်ကတော့ လက်ရှိအထက်လွှတ်တော်မှာ အမတ်နေရာအများစုကို သမ္မတ ထရမ့်ပ်ရဲ့ ရီပတ်ဘလီကန်ပါတီက ရထားတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့် လက်ရှိအနေအထားမှာတော့ သမ္မတကို ရာထူးက ဖယ်ရှားမယ့်ဆုံးဖြတ်ချက်မျိုး အထက်လွှတ်တော်မှာ ကျလာနိုင်ခြေ နည်းတယ်လို့ပဲပြောရမှာပါ။

................


(Unicode)

သမ်မတ ဒေါျနယျလျဒျ ထရမ့ျပျကို တရားစှဲဆိုဖို့ စုံစမျးစဈဆေးနတေဲ့ကိစ်စနဲ့ပတျသကျပွီး ကွာသပတေးနေ့က အောကျလှှတျတောျမှာ မဲခှဲပွီးတော့ ဆုံးဖွတျခကြျတရပျ ခလြိုကျပါတယျ။ အောကျလှှတျတောျရဲ့ အခုဆုံးဖွတျခကြျက သမ်မတကို တရားစှဲလိုကျပွီဆိုတဲ့ ဆုံးဖွတျခကြျတော့ မဟုတျသေးပါဘူး။ ဘာ့ကွောင့ျ ဒီဆုံးဖွတျခကြျကို ခမြှတျရတာလဲဆိုတာ ရှငျးပွပါဦး ကိုကြောျကြောျသိနျးရေ ။








မေး။ ။ သမ်မတကိုတရားစှဲဖို့ အဓိကလုပျနတောက ဒီမိုကရကျအမတျတှဆေိုတော့ ဒီနရောမှာ သမ်မတဘကျကရော၊ ရီပတျဘလီကနျအမတျတှအေနနေဲ့ပါ ခြပေခှင့ျရဖို့ကလညျး အရေးကွီးပါတယျ။ အဲဒီလိုအခှင့ျအရေး ရကွမှာပါလား။






တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG