သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္-တ႐ုတ္ ထိပ္သီးေတြ႕မည့္ APEC ညီလာခံ လက္ခံက်င္းပေရး ခ်ီလီဖ်က္သိမ္း


ခ်ီလီႏိုင္ငံ Santiago မွာ အစိုးရဆန႔္က်င္ ဆႏၵျပပြဲေတြ ဆက္လက္ျဖစ္ပြါးေနတာေၾကာင့္ ႏိုဝင္ဘာလလယ္ က်င္းပဖို႔ စီစဥ္ထားတဲ့ အာရွပစိဖိတ္ စီးပြါးေရးပူးေပါင္းေဆာင္႐ြက္မႈ အဖြဲ႕ APEC ညီလာခံကိုေရာ ဒီဇင္ဘာလဆန္း က်င္းပဖို႔ စီစဥ္ထားတဲ့ ဥတုရာသီဆိုင္ရာ COP25 ညီလာခံ ကိုပါ အိမ္ရွင္အျဖစ္ လက္ခံက်င္းပေတာ့မွာ မဟုတ္ေၾကာင္း ခ်ီလီသမၼတ Sebastian Pinera က ဗုဒၶဟူးေန႔မွာ ေၾကညာလိုက္ပါတယ္။

အေမရိကန္သမၼတ Donald Trump က တ႐ုတ္သမၼတ Xi Jinping နဲ႔ တျခားေခါင္းေဆာင္ေတြကို ေတြ႕ဖို႔ စီစဥ္ထားတဲ့ ထိပ္သီးအစည္းအေဝး အပါအဝင္ ခ်ီလီႏိုင္ငံမွာ က်င္းပမယ့္ ဒီထိပ္သီးအစည္းေဝး ၂ ခုကို ဖ်က္သိမ္းလိုက္ေၾကာင္း ခ်ီလီအစိုးရရဲ႕ ေၾကညာခ်က္က သမၼတအိမ္ျဖဴ အရာရွိေတြကို အံ့ၾသသြားေစခဲ့ပါတယ္။

ခ်ီလီသမၼတကေတာ့ ဒါဟာ သိပ္ကို ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ေပမယ့္ ကိုယ့္ႏိုင္ငံအတြက္ ဦးစားေပးၿပီး ဆုံးျဖတ္ခဲ့ရတာ ျဖစ္ေၾကာင္း ေျပာပါတယ္။ ဒါ့အျပင္ သူ႔ႏိုင္ငံတြင္း ျပန္လည္တည္ၿငိမ္ေအာင္ လုပ္ၿပီး ျပည္သူေတြ လုံၿခဳံေရးနဲ႔ ၿငိမ္းခ်မ္းေရး ျပန္ရဖို႔ သူလုပ္ခ်င္ေၾကာင္း ေျပာပါတယ္။

APEC ညီလာခံကို ခ်ီလီမွာ က်င္းပဖို႔ မျဖစ္ႏိုင္တဲ့ အေနထား ေရာက္ေနေပမယ့္ ခ်ီလီမွာ မျဖစ္ရင္ ဘယ္မွာ က်င္းပမယ္ဆိုတာကို ႀကိဳတင္ ျပင္ဆင္ထားတာမ်ိဳး အခု မရွိေသးဘူးလို႔ သမၼတ အိမ္ျဖဴက ေျပာပါတယ္။ အခုလို ခ်ီလီက ဖ်က္သိမ္းတာကို ခ်ီလီသမၼတက အေမရိကန္သမၼတကို အေၾကာင္းၾကားၿပီးမွ သတင္းေထာက္ေတြကို ေျပာတာ ဟုတ္မဟုတ္ေတာ့ မသိရေသးပါဘူး။

ဒီ ခ်ီလီမွာ က်င္းပမယ့္ APEC အစည္းအေဝးမွာ တ႐ုတ္သမၼတနဲ႔ ၂ ႏိုင္ငံ ကုန္သြယ္ေရး သေဘာတူညီခ်က္ အဆင့္ ၁ ကို လက္မွတ္ထိုးဖို႔ သူေမွ်ာ္မွန္းထားေၾကာင္း သမၼတ Trump က ထပ္တလဲလဲ ေျပာခဲ့တာျဖစ္ပါတယ္။

(Unicode)

ကန်-တရုတ် ထိပ်သီးတွေ့မည့် APEC ညီလာခံ လက်ခံကျင်းပရေး ချီလီဖျက်သိမ်း

ချီလီနိုင်ငံ Santiago မှာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွါးနေတာကြောင့် နိုဝင်ဘာလလယ် ကျင်းပဖို့ စီစဉ်ထားတဲ့ အာရှပစိဖိတ် စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ APEC ညီလာခံကိုရော ဒီဇင်ဘာလဆန်း ကျင်းပဖို့ စီစဉ်ထားတဲ့ ဥတုရာသီဆိုင်ရာ COP25 ညီလာခံ ကိုပါ အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မှာ မဟုတ်ကြောင်း ချီလီသမ္မတ Sebastian Pinera က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

အမေရိကန်သမ္မတ Donald Trump က တရုတ်သမ္မတ Xi Jinping နဲ့ တခြားခေါင်းဆောင်တွေကို တွေ့ဖို့ စီစဉ်ထားတဲ့ ထိပ်သီးအစည်းအဝေး အပါအဝင် ချီလီနိုင်ငံမှာ ကျင်းပမယ့် ဒီထိပ်သီးအစည်းဝေး ၂ ခုကို ဖျက်သိမ်းလိုက်ကြောင်း ချီလီအစိုးရရဲ့ ကြေညာချက်က သမ္မတအိမ်ဖြူ အရာရှိတွေကို အံ့သြသွားစေခဲ့ပါတယ်။

ချီလီသမ္မတကတော့ ဒါဟာ သိပ်ကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် ကိုယ့်နိုင်ငံအတွက် ဦးစားပေးပြီး ဆုံးဖြတ်ခဲ့ရတာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် သူ့နိုင်ငံတွင်း ပြန်လည်တည်ငြိမ်အောင် လုပ်ပြီး ပြည်သူတွေ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ပြန်ရဖို့ သူလုပ်ချင်ကြောင်း ပြောပါတယ်။

APEC ညီလာခံကို ချီလီမှာ ကျင်းပဖို့ မဖြစ်နိုင်တဲ့ အနေထား ရောက်နေပေမယ့် ချီလီမှာ မဖြစ်ရင် ဘယ်မှာ ကျင်းပမယ်ဆိုတာကို ကြိုတင် ပြင်ဆင်ထားတာမျိုး အခု မရှိသေးဘူးလို့ သမ္မတ အိမ်ဖြူက ပြောပါတယ်။ အခုလို ချီလီက ဖျက်သိမ်းတာကို ချီလီသမ္မတက အမေရိကန်သမ္မတကို အကြောင်းကြားပြီးမှ သတင်းထောက်တွေကို ပြောတာ ဟုတ်မဟုတ်တော့ မသိရသေးပါဘူး။

ဒီ ချီလီမှာ ကျင်းပမယ့် APEC အစည်းအဝေးမှာ တရုတ်သမ္မတနဲ့ ၂ နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက် အဆင့် ၁ ကို လက်မှတ်ထိုးဖို့ သူမျှော်မှန်းထားကြောင်း သမ္မတ Trump က ထပ်တလဲလဲ ပြောခဲ့တာဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG