သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

IS ေခါင္းေဆာင္ကို စီးနင္းတိုက္ခိုက္ခဲ့တဲ့ ဗြီဒီယို ကန္ထုတ္ျပန္


(Zawgyi/Unicode)

IS စစ္ေသြးႂကြေခါင္းေဆာင္ Abu Bakr al-Baghdadi ကို အေမရိကန္အထူးတပ္ဖဲြ႔ေတြ ဝင္ေရာက္စီးနင္းခဲ့စဥ္ ႐ိုက္ကူးထားတဲ့ Video နဲ႔ ဓါတ္ပံုတခ်ဳိ႕ကို အေမရိကန္ Pentagon စစ္ဌာနခ်ဳပ္က ထုတ္ျပန္ခဲ့ပါတယ္။

al-Baghdadi ေသဆံုးခဲ့ေၾကာင္း သမၼတ Donald Trump ကေၾကညာခ့ဲၿပီး ၃ ရက္အၾကာ ဗုဒၶဟူးေန႔က အေဝးထိန္း Drone ယာဥ္သုံးၿပီး အေပၚစီးကေန ညဘက္႐ုိက္ထားတဲ့ အျဖဴအမည္း Video ပံု ငါး ခုကို ထုတ္ျပန္ခဲ့တာပါ။

Video ထဲမွာ al-Baghdadi ပုန္းခိုေနတဲ့ ပရဝဏ္နား အေမရိကန္အထူးတပ္ေတြ ရဟတ္ယာဥ္ေတြနဲ႔ ခ်ဥ္းကပ္သြားစဥ္ ျပန္လည္ပစ္ခတ္တဲ့ အရိပ္မည္းေတြလိုျမင္ရတဲ့ စစ္ေသြးႂကြေတြကို ရဟတ္ယာဥ္ေတြေပၚကေန ပစ္ခတ္ ေဖါက္ခြဲႏွိမ္ႏွင္းခဲ့တာကို ျမင္ရပါတယ္။

အေမရိကန္ ရဟတ္ယာဥ္ေပၚကေန အဲဒီေနရာကို အတိအက် ပစ္မွတ္ထားၿပီး ေဖာက္ခြဲဖ်က္စီးခဲ့တဲ့ Video ကိုလည္း ထုတ္ျပန္ခဲ့ပါတယ္။ သူတို႔ ဖ်က္စီးလိုက္တဲ့ေနရာက အခုဆိုရင္ က်င္းေတြခ်ဳိင့္ေတြနဲ႔ ကားပါကင္ေနရာႀကီးလိုျဖစ္သြားၿပီလို႔ အေ႐ွ႕အလယ္ပိုင္းေဒသဆိုင္ရာ Central Command ကြပ္ကဲေရးဌာနရဲ႕ တပ္မွဴးႀကီး ဗိုလ္ခ်ဳပ္ႀကီး Kenneth McKenzie ကေျပာၾကးာခဲ့ပါတယ္။

ဒီစစ္ဆင္ေရးကို ႀကီးၾကပ္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ႀကီးက အေသးစိတ္စီစဥ္ ေဆာင္႐ြက္ခဲ့တယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။ ထုတ္ျပန္တဲ့ Video ေတြ ဓါတ္ပံုေတြထဲမွာ al-Baghdadi ေနာက္ဆံုး ဘယ္လို ေသဆံုးခဲ့တယ္ဆိုတာေတာ့ မျပထားပါဘူး။

စစ္ေသြးႂကြေခါင္းေဆာင္က ေအာ္ဟစ္ ငိုယုိထြက္ေျပးခဲ့တယ္လို႔ သမၼတ Trump ကေျပာထားေပမဲ့ ဗိုလ္ခ်ဳပ္ႀကီး McKenzie ကေတာ့ သူတို႔အေနနဲ႔ ေျပာႏိုင္တာက al-Baghdadi ဟာ ကေလးငယ္ေလး ၂ ေယာက္နဲ႔အတူ ေျမေအာက္တြင္းတခုထဲကို ဝင္သြားၿပီး အေသခံေဖါက္ခဲြခဲ့ေၾကာင္းနဲ႔ သူမေသခင္ အေမရိကန္ အထူးတပ္ဖဲြ႔ဝင္ေတြအေပၚ ျပန္လည္ပစ္ခတ္ေကာင္း ပစ္ခတ္ခဲ့ႏိုင္ေၾကာင္းသာေျပာၿပီး က်န္တာေတြ သူ႔အေနနဲ႔ အတည္မျပဳႏိုင္ဘူးလို႔ သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

ခုလို ဆီးရီးယားေျမာက္ပိုင္းမွာ al-Baghdadi ပုန္းခိုေနတဲ့ ေနရာအေပၚ ဝင္ေရာက္စီးနင္ႏိုင္ေအာင္ လနဲ႔ခ်ီ အခ်ိန္ယူျပင္ဆင္ခဲ့ရၿပီး အႀကီးအက်ယ္ ေထာက္လွမ္းခ်က္ေတြ၊ သတင္းေပးသူေတြဆီကေန ရ႐ွိတဲ့ ေထာက္လွမ္းေရး သတင္းအခ်က္အလက္ေတြနဲ႔အတူ အခြင့္အေရးေပးလာတဲ့အတြက္ စီးနင္းႏိုင္ခဲ့တာ ျဖစ္တယ္လို႔လည္း သတင္းစာ႐ွင္းပြဲမွာ ဗိုလ္ခ်ဳပ္ႀကီး McKenzie ကေျပာပါတယ္။

သမၼတကို အျပည့္အစံု႐ွင္းျပခဲ့ၿပီးေနာက္ စစ္ဆင္ေရးကို ဝါ႐ွင္တန္စံေတာ္ခ်ိန္ စေနေန႔ မနက္ ၉ နာရီမွာလုပ္ဖုိ႔ အထူးတပ္ဖဲြ႔ဝင္ေတြကုိ ၫႊန္ၾကားခ့ဲတယ္လို႔ ေျပာၾကားခဲ့ပါတယ္႐ွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

IS စစ်သွေးကြွခေါင်းဆောင် Abu Bakr al-Baghdadi ကို အမေရိကန်အထူးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့စဉ် ရိုက်ကူးထားတဲ့ Video နဲ့ ဓါတ်ပုံတချို့ကို အမေရိကန် Pentagon စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

al-Baghdadi သေဆုံးခဲ့ကြောင်း သမ္မတ Donald Trump ကကြေညာခဲ့ပြီး ၃ ရက်အကြာ ဗုဒ္ဓဟူးနေ့က အဝေးထိန်း Drone ယာဉ်သုံးပြီး အပေါ်စီးကနေ ညဘက်ရိုက်ထားတဲ့ အဖြူအမည်း Video ပုံ ငါး ခုကို ထုတ်ပြန်ခဲ့တာပါ။

Video ထဲမှာ al-Baghdadi ပုန်းခိုနေတဲ့ ပရဝဏ်နား အမေရိကန်အထူးတပ်တွေ ရဟတ်ယာဉ်တွေနဲ့ ချဉ်းကပ်သွားစဉ် ပြန်လည်ပစ်ခတ်တဲ့ အရိပ်မည်းတွေလိုမြင်ရတဲ့ စစ်သွေးကြွတွေကို ရဟတ်ယာဉ်တွေပေါ်ကနေ ပစ်ခတ် ဖေါက်ခွဲနှိမ်နှင်းခဲ့တာကို မြင်ရပါတယ်။

အမေရိကန် ရဟတ်ယာဉ်ပေါ်ကနေ အဲဒီနေရာကို အတိအကျ ပစ်မှတ်ထားပြီး ဖောက်ခွဲဖျက်စီးခဲ့တဲ့ Video ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ ဖျက်စီးလိုက်တဲ့နေရာက အခုဆိုရင် ကျင်းတွေချိုင့်တွေနဲ့ ကားပါကင်နေရာကြီးလိုဖြစ်သွားပြီလို့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ Central Command ကွပ်ကဲရေးဌာနရဲ့ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး Kenneth McKenzie ကပြောကြးာခဲ့ပါတယ်။

ဒီစစ်ဆင်ရေးကို ကြီးကြပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးက အသေးစိတ်စီစဉ် ဆောင်ရွက်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ထုတ်ပြန်တဲ့ Video တွေ ဓါတ်ပုံတွေထဲမှာ al-Baghdadi နောက်ဆုံး ဘယ်လို သေဆုံးခဲ့တယ်ဆိုတာတော့ မပြထားပါဘူး။

စစ်သွေးကြွခေါင်းဆောင်က အော်ဟစ် ငိုယိုထွက်ပြေးခဲ့တယ်လို့ သမ္မတ Trump ကပြောထားပေမဲ့ ဗိုလ်ချုပ်ကြီး McKenzie ကတော့ သူတို့အနေနဲ့ ပြောနိုင်တာက al-Baghdadi ဟာ ကလေးငယ်လေး ၂ ယောက်နဲ့အတူ မြေအောက်တွင်းတခုထဲကို ဝင်သွားပြီး အသေခံဖေါက်ခွဲခဲ့ကြောင်းနဲ့ သူမသေခင် အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေအပေါ် ပြန်လည်ပစ်ခတ်ကောင်း ပစ်ခတ်ခဲ့နိုင်ကြောင်းသာပြောပြီး ကျန်တာတွေ သူ့အနေနဲ့ အတည်မပြုနိုင်ဘူးလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ခုလို ဆီးရီးယားမြောက်ပိုင်းမှာ al-Baghdadi ပုန်းခိုနေတဲ့ နေရာအပေါ် ဝင်ရောက်စီးနင်နိုင်အောင် လနဲ့ချီ အချိန်ယူပြင်ဆင်ခဲ့ရပြီး အကြီးအကျယ် ထောက်လှမ်းချက်တွေ၊ သတင်းပေးသူတွေဆီကနေ ရရှိတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေနဲ့အတူ အခွင့်အရေးပေးလာတဲ့အတွက် စီးနင်းနိုင်ခဲ့တာ ဖြစ်တယ်လို့လည်း သတင်းစာရှင်းပွဲမှာ ဗိုလ်ချုပ်ကြီး McKenzie ကပြောပါတယ်။

သမ္မတကို အပြည့်အစုံရှင်းပြခဲ့ပြီးနောက် စစ်ဆင်ရေးကို ဝါရှင်တန်စံတော်ချိန် စနေနေ့ မနက် ၉ နာရီမှာလုပ်ဖို့ အထူးတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်ရှင်။

XS
SM
MD
LG