သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump ကို တရားစြဲမည့္ကိစၥ အိမ္ျဖဴေတာ္ကာကြယ္


အေမရိကန္သမၼတ Donald Trump. (ႏုိဝင္ဘာ ၁၊ ၂၀၁၉)

(Zawgyi / Unicode)

အေမရိကန္သမၼတ Donald Trump က လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ အေမရိကန္သမၼတ ေရြးေကာက္ပြဲမွာ သူ႔ရဲ႕ အဓိကၿပိဳင္ဘက္တဦးျဖစ္တဲ့ ဒုတိယသမၼတေဟာင္း Joe Biden ကို စံုစမ္းစစ္ေဆးေပးေရး ယူကရိန္းရဲ႕ အကူအညီရဖို႔ ႀကိဳးပမ္းမႈဟာ တရားစြဲဆိုႏုိင္ေလာက္တဲ့ အေၾကာင္းအရာ မဟုတ္ဘူးလို႔ သမၼတ အိမ္ျဖဴေတာ္က တနဂၤေႏြေန႔မွာ ကာကြယ္ ေျပာဆိုလုိက္ပါတယ္။

မဟာအမွားႀကီး ဒါမွမဟုတ္လည္း ျပစ္မႈႀကီးတခု ျဖစ္စရာ ဘာမွမရွိဘူးလို႔ သမၼတ Trump ရဲ႕ ထိပ္တန္း လက္ေထာက္တဦးျဖစ္တဲ့ Kellyanne Conway က CNN ႐ုပ္သံကို ေျပာဆိုသြားတာ ျဖစ္ပါတယ္။

ယူကရိန္းနဲ႔ ဆက္စပ္ၿပီး သမၼတ Trump ရဲ႕ ေဆာင္ရြက္ခ်က္ေတြအေပၚ ပစ္မွတ္ထားၿပီး တရားစြဲဆိုႏုိင္ေရး စံုစမ္းမႈ ဆက္လက္လုပ္ေဆာင္ဖို႔ ဒီမိုကရက္ ႀကီးစိုးတဲ့ ေအာက္လႊတ္ေတာ္က အတည္ျပဳခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ အေမရိကန္သမၼတ တဦးအေပၚ တရားစြဲဆိုႏုိင္ေရး စံသတ္မွတ္ခ်က္ေတြကို သူက ရည္ညႊန္း ေျပာဆိုခဲ့တာပါ။

အေမရိကန္ ဒုသမၼတေဟာင္း Biden၊ ေနာက္ ယူကရိန္း သဘာ၀ဓာတ္ေငြ႔ ကုမၸဏီ Burisma မွာ သားျဖစ္သူ Hunter Biden ရဲ႕ အလုပ္အကိုင္တို႔နဲ႔ ပတ္သက္ၿပီး ယူကရိန္းဘက္က စံုစမ္းစစ္ေဆးဖို႔အေရး အလဲအလွယ္အေနနဲ႔ ယူကရိန္းအတြက္ အေမရိကန္ရဲ႕ ေဒၚလာ ၃၉၁ သန္း စစ္ေရးအေထာက္အပံ့တို႔ကို သမၼတ Trump ဘက္က ဆိုင္းငံ့ခဲ့သလားဆိုတဲ့ ကိစၥကို မသိေၾကာင္းလည္း Conway က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ ေႏွာင္းပိုင္းက ယူကရိန္းသမၼတ Volodymyr Zelenskiy နဲ႔ တယ္လီဖုန္း ဆက္သြယ္မႈအတြင္း သမၼတ Trump ဘက္က အေပးအယူ ဒါမွမဟုတ္လည္း ၂၀၂၀ ဆိုတာမ်ိဳး ရည္ညႊန္းေျပာဆိုခဲ့တာ မရွိဘူးလို႔ ေျပာဆိုၿပီး သူ႔အေနနဲ႔ စိတ္ေအးတယ္လို႔လည္း Conway က ေျပာဆိုသြားပါတယ္။

----------------------------------

(Unicode)

သမ္မတ Trump ကို တရားစွဲမည့်ကိစ္စ အိမ်ဖြူတော်ကာကွယ်

အမေရိကန်သမ္မတ Donald Trump က လာမယ့် ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သူ့ရဲ့ အဓိကပြိုင်ဘက်တဦးဖြစ်တဲ့ ဒုတိယသမ္မတဟောင်း Joe Biden ကို စုံစမ်းစစ်ဆေးပေးရေး ယူကရိန်းရဲ့ အကူအညီရဖို့ ကြိုးပမ်းမှုဟာ တရားစွဲဆိုနိုင်လောက်တဲ့ အကြောင်းအရာ မဟုတ်ဘူးလို့ သမ္မတ အိမ်ဖြူတော်က တနင်္ဂနွေနေ့မှာ ကာကွယ် ပြောဆိုလိုက်ပါတယ်။

မဟာအမှားကြီး ဒါမှမဟုတ်လည်း ပြစ်မှုကြီးတခု ဖြစ်စရာ ဘာမှမရှိဘူးလို့ သမ္မတ Trump ရဲ့ ထိပ်တန်း လက်ထောက်တဦးဖြစ်တဲ့ Kellyanne Conway က CNN ရုပ်သံကို ပြောဆိုသွားတာ ဖြစ်ပါတယ်။

ယူကရိန်းနဲ့ ဆက်စပ်ပြီး သမ္မတ Trump ရဲ့ ဆောင်ရွက်ချက်တွေအပေါ် ပစ်မှတ်ထားပြီး တရားစွဲဆိုနိုင်ရေး စုံစမ်းမှု ဆက်လက်လုပ်ဆောင်ဖို့ ဒီမိုကရက် ကြီးစိုးတဲ့ အောက်လွှတ်တော်က အတည်ပြုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အမေရိကန်သမ္မတ တဦးအပေါ် တရားစွဲဆိုနိုင်ရေး စံသတ်မှတ်ချက်တွေကို သူက ရည်ညွှန်း ပြောဆိုခဲ့တာပါ။

အမေရိကန် ဒုသမ္မတဟောင်း Biden၊ နောက် ယူကရိန်း သဘာဝဓာတ်ငွေ့ ကုမ္ပဏီ Burisma မှာ သားဖြစ်သူ Hunter Biden ရဲ့ အလုပ်အကိုင်တို့နဲ့ ပတ်သက်ပြီး ယူကရိန်းဘက်က စုံစမ်းစစ်ဆေးဖို့အရေး အလဲအလှယ်အနေနဲ့ ယူကရိန်းအတွက် အမေရိကန်ရဲ့ ဒေါ်လာ ၃၉၁ သန်း စစ်ရေးအထောက်အပံ့တို့ကို သမ္မတ Trump ဘက်က ဆိုင်းငံ့ခဲ့သလားဆိုတဲ့ ကိစ္စကို မသိကြောင်းလည်း Conway က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ နှောင်းပိုင်းက ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ တယ်လီဖုန်း ဆက်သွယ်မှုအတွင်း သမ္မတ Trump ဘက်က အပေးအယူ ဒါမှမဟုတ်လည်း ၂၀၂၀ ဆိုတာမျိုး ရည်ညွှန်းပြောဆိုခဲ့တာ မရှိဘူးလို့ ပြောဆိုပြီး သူ့အနေနဲ့ စိတ်အေးတယ်လို့လည်း Conway က ပြောဆိုသွားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG