သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရားစြဲဆိုဖို႔ ဒီမုိကရက္ အေၾကာင္းျပခ်က္ Donald Trump ေခ်ပ


သမၼတ Donald Trump ကို တရားစြဲဆိုႏုိင္ေရး စံုစမ္းစစ္ေဆးမႈနဲ႔ ဆက္ႏြယ္ေနတဲ့ စာရြက္စာတမ္းေတြ ေပးအပ္ဖို႔ ေအာက္လႊတ္ေတာ္ ဒီမိုကရက္အမတ္ေတြက သမၼတ အိမ္ျဖဴေတာ္ကို ဆင့္ေခၚေတာင္းဆိုလိုက္ပါတယ္။

ေအာက္လႊတ္ေတာ္ေရးရာေကာ္မတီ ၃ ရပ္ရဲ့ အႀကီးအကဲေတြ ေသာၾကာေန႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာေတာ့ စာရြက္စာတမ္းေတြကို သူတို႔ သေဘာဆႏၵအေလွ်ာက္ ေပးအပ္ဖို႔ အႀကိမ္ႀကိမ္ ပန္ၾကားခဲ့ေပမယ့္ သမၼတအိမ္ျဖဴေတာ္က ေပးအပ္ဖုိ႔ ျငင္းသလို ျပန္ၿပီးေတာင္ မတုန္႔ျပန္ခဲ့တဲ့အတြက္ အခုလို ဆင္ေခၚစာေပးရတာ ျဖစ္ေၾကာင္း ေဖၚျပထားပါတယ္။

ေအာက္လႊတ္ေတာ္စံုစမ္းစစ္ေဆးသူေတြက ေသာၾကာေန႔ ေတာင္းဆိုစာေပးပို႔တဲ့ထဲမွာ ဒုသမၼတ Mike Pence ရဲ့ ယူကရိန္းဆိုင္ရာ အဆက္အသြယ္ေတြ နဲ႔ ပတ္သက္တဲ့ စာရြက္စာတမ္းေတြ ေတာင္းဆိုမႈလည္း ပါပါတယ္။ ယူကရိန္း သမၼတ Volodymyr Zelenskiy နဲ႔ သမၼတ Trump တုိ႔ၾကား ဇူလိုင္လ ဖံုးဆက္သြယ္ေျပာၾကားမႈကို Pence ရဲ့ အရာရွိက နားေထာင္ရတာ ျဖစ္ႏုိင္တာေၾကာင့္ အခုလို ေတာင္းဆိုရတာျဖစ္ၿပီး ဒါဟာ သူတို႔ရဲ့ စံုစမ္းမႈမွာ အဓိက က်ေနတာေၾကာင့္လို႔ ေဖၚျပထားပါတယ္။

ေသာၾကာေန႔ မနက္ပိုင္းကေတာ့ သမၼတ Trump က သူ႔ႏိုင္ငံေရးၿပိဳင္ဘက္ေတြ အေပၚစံုစမ္းစစ္ေဆးဖို႔ ႏိုင္ငံျခားအစိုးရေတြကို သူ႔ရဲ့ ပန္ၾကားမႈနဲ႔ ပတ္သက္ၿပီး ဒါဟာ အဂတိလိုက္စားမႈ တုိက္ဖ်က္ေရးအတြက္ ဖြဲ႔စည္းပံုအေျခခံဥပေဒပါ သူလုပ္ေဆာင္ရမယ့္ တာဝန္ကို သူထမ္းေဆာင္တာ ျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။

ဒါဟာႏုိင္ငံေရးမဟုတ္ေၾကာင္း အဂတိလိုက္စားမႈ ျဖစ္ေၾကာင္းနဲ႔ တကယ္လို႔ အေမရိကန္ရဲ့ ဖြဲ႔စည္းပံုဥပေဒကို ၾကည့္ရင္ အဂတိလိုက္စားမႈ ဆိုင္ရာကို ကိုင္တြယ္ဖို႔ သူ႔မွာ တာဝန္ရွိတာကို ေတြ႔ရမွာ ျဖစ္ၿပီး အခု သူ႔ရဲ့ လုပ္ေဆာင္ခ်က္ဟာ တာဝန္အရ လုပ္ေဆာင္တာသာ ျဖစ္ေၾကာင္း ေသာၾကာေန႔ သမၼတအိမ္ျဖဴေတာ္မွာ သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။

ေအာက္လႊတ္ေတာ္ကို ႀကီးစိုးထားတဲ့ ဒီမိုကရက္ေတြက သမၼတကို တရားစြဲဆိုႏုိင္ေရး စံုစမ္းစစ္ေဆးမႈေတြ လုပ္ေနခ်ိန္မွာပဲ ေအာက္လႊတ္ေတာ္ စံုစမ္းေရးေကာ္မတီဥကၠဌAdam Schiff က အခုလို သမၼတက သူ႔ႏိုင္ငံေရး ၿပိဳင္ဘက္ အေပၚ စံုစမ္းဖုိ႔ တျခားႏုိင္ငံကို ဖိအားေပးတာဟာ ႏုိင္ငံေတာ္ရဲ့ လံုၿခံဳေရးကို ထိခိုက္ေစႏိုင္တယ္လုိ႔ ေျပာပါတယ္။

သမၼတ Trump အေနနဲ႔ သူ႔ရဲ့ ႏုိင္ငံေရးရည္မွန္းခ်က္ ေအာင္ျမင္ဖို႔ တျခားႏုိင္ငံ တႏိုင္ငံကို ဖိအားေပးႏုိင္တယ္လုိ႔ ယံုၾကည္ေနသလို ဒါဟာ သူ႔ရဲ့ ရပိုင္ခြင့္လို႔ ျမင္ေနေၾကာင္း ဒါဟာမွန္ကန္မႈ ရွိမရွိ လႊတ္ေတာ္က ရီပတ္ဘလစ္ကင္ေတြ ဆံုးျဖတ္ၾကဖို႔ ေသာၾကာေန႔မွာပဲ Schiff က သူ႔တြစ္တာမွာ ေရးပါတယ္။

ဒီ့အတြက္ ထူးျခားလာတာကေတာ့ ရီပတ္ဘလစ္ကင္ပါတီက Utah ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Mitt Romney က သမၼတ Trump အေနနဲ႔ Joe Biden နဲ႔ ပတ္သက္ၿပီး တရုတ္နဲ႔ ယူကရိန္းကို စံုးစမ္းေပးဖုိ႔ ေျပာတာဟာ မွားေၾကာင္း သူ႔တြစ္တာမွာ ေရးသားခဲ့တာ ျဖစ္ပါတယ္။

..........................

{Unicode}

တရားစွဲဆိုဖို့ ဒီမိုကရက် အကြောင်းပြချက် Donald Trump ချေပ

သမ္မတ Donald Trump ကို တရားစွဲဆိုနိုင်ရေး စုံစမ်းစစ်ဆေးမှုနဲ့ ဆက်နွယ်နေတဲ့ စာရွက်စာတမ်းတွေ ပေးအပ်ဖို့ အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေက သမ္မတ အိမ်ဖြူကို ဆင့်ခေါ်တောင်းဆိုလိုက်ပါတယ်။

အောက်လွှတ်တော်ရေးရာကော်မတီ ၃ ရပ်ရဲ့ အကြီးအကဲတွေ သောကြာနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ စာရွက်စာတမ်းတွေကို သူတို့ သဘောဆန္ဒအလျှောက် ပေးအပ်ဖို့ အကြိမ်ကြိမ် ပန်ကြားခဲ့ပေမယ့် သမ္မတအိမ်ဖြူတော်က ပေးအပ်ဖို့ ငြင်းသလို ပြန်ပြီးတောင် မတုန့်ပြန်ခဲ့တဲ့အတွက် အခုလို ဆင်ခေါ်စာပေးရတာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

အောက်လွှတ်တော်စုံစမ်းစစ်ဆေးသူတွေက သောကြာနေ့ တောင်းဆိုစာပေးပို့တဲ့ထဲမှာ ဒုသမ္မတ Mike Pence ရဲ့ ယူကရိန်းဆိုင်ရာ အဆက်အသွယ်တွေ နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ တောင်းဆိုမှုလည်း ပါပါတယ်။ ယူကရိန်း သမ္မတ Volodymyr Zelenskiy နဲ့ သမ္မတ Trump တို့ကြား ဇူလိုင်လ ဖုံးဆက်သွယ်ပြောကြားမှုကို Pence ရဲ့ အရာရှိက နားထောင်ရတာ ဖြစ်နိုင်တာကြောင့် အခုလို တောင်းဆိုရတာဖြစ်ပြီး ဒါဟာ သူတို့ရဲ့ စုံစမ်းမှုမှာ အဓိက ကျနေတာကြောင့်လို့ ဖေါ်ပြထားပါတယ်။

သောကြာနေ့ မနက်ပိုင်းကတော့ သမ္မတ Trump က သူ့နိုင်ငံရေးပြိုင်ဘက်တွေ အပေါ်စုံစမ်းစစ်ဆေးဖို့ နိုင်ငံခြားအစိုးရတွေကို သူ့ရဲ့ ပန်ကြားမှုနဲ့ ပတ်သက်ပြီး ဒါဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သူလုပ်ဆောင်ရမယ့် တာဝန်ကို သူထမ်းဆောင်တာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ဒါဟာနိုင်ငံရေးမဟုတ်ကြောင်း အဂတိလိုက်စားမှု ဖြစ်ကြောင်းနဲ့ တကယ်လို့ အမေရိကန်ရဲ့ ဖွဲ့စည်းပုံဥပဒေကို ကြည့်ရင် အဂတိလိုက်စားမှု ဆိုင်ရာကို ကိုင်တွယ်ဖို့ သူ့မှာ တာဝန်ရှိတာကို တွေ့ရမှာ ဖြစ်ပြီး အခု သူ့ရဲ့ လုပ်ဆောင်ချက်ဟာ တာဝန်အရ လုပ်ဆောင်တာသာ ဖြစ်ကြောင်း သောကြာနေ့ သမ္မတအိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

အောက်လွှတ်တော်ကို ကြီးစိုးထားတဲ့ ဒီမိုကရက်တွေက သမ္မတကို တရားစွဲဆိုနိုင်ရေး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေချိန်မှာပဲ အောက်လွှတ်တော် စုံစမ်းရေးကော်မတီဥက္ကဌAdam Schiff က အခုလို သမ္မတက သူ့နိုင်ငံရေး ပြိုင်ဘက် အပေါ် စုံစမ်းဖို့ တခြားနိုင်ငံကို ဖိအားပေးတာဟာ နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တယ်လို့ ပြောပါတယ်။

သမ္မတ Trump အနေနဲ့ သူ့ရဲ့ နိုင်ငံရေးရည်မှန်းချက် အောင်မြင်ဖို့ တခြားနိုင်ငံ တနိုင်ငံကို ဖိအားပေးနိုင်တယ်လို့ ယုံကြည်နေသလို ဒါဟာ သူ့ရဲ့ ရပိုင်ခွင့်လို့ မြင်နေကြောင်း ဒါဟာမှန်ကန်မှု ရှိမရှိ လွှတ်တော်က ရီပတ်ဘလစ်ကင်တွေ ဆုံးဖြတ်ကြဖို့ သောကြာနေ့မှာပဲ Schiff က သူ့တွစ်တာမှာ ရေးပါတယ်။

ဒီ့အတွက် ထူးခြားလာတာကတော့ ရီပတ်ဘလစ်ကင်ပါတီက Utah ပြည်နယ် အထက်လွှတ်တော်အမတ် Mitt Romney က သမ္မတ Trump အနေနဲ့ Joe Biden နဲ့ ပတ်သက်ပြီး တရုတ်နဲ့ ယူကရိန်းကို စုံးစမ်းပေးဖို့ ပြောတာဟာ မှားကြောင်း သူ့တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG