သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Joe Biden ကို အျပစ္႐ွာဖို႔ တ႐ုတ္ နဲ႔ ယူကရိန္း ကို Trump တုိက္တြန္း


လာမယ္႔ ၂၀၂၀ ေရြးေကာက္ပြဲမွာ ဒီမိုကရက္ပါတီသမၼတေလာင္းအျဖစ္ သူ႕ကိုစိမ္ေခၚလာမယ္႔ Joe Biden အေပၚစံုစမ္းစစ္ေဆး ၾကဖို႔ သမၼတ Donald Trump က ႏိုင္ငံျခား အစိုးရေတြကုိ တိုက္တြန္းလိုက္ပါတယ္။ ဒါဟာ သူ႕ကို တရားစြဲဆိုမယ္႔ အလားအလာ ပိုမိုျမင့္မား သြားႏိုင္တဲ႔ ကိစၥျဖစ္ေနပါတယ္။ အိမ္ျဖဴေတာ္ဆိုင္ရာ VOA သတင္းေထာက္ Steve Harman ေပးပို႔ထားတာကို ကိုရဲမင္းထြန္းက ေျပာျပမွာပါ။

၂၀၂၀ သမၼတ ေရြးေကာက္ပြဲမွာ သူ႔ရဲ႕ အဓိက ျပိဳင္ဘက္ ျဖစ္လာႏုိ္င္တဲ့ ဒုတိယ သမၼတေဟာင္း Joe Biden နဲ႔ သူ႔ရဲ႕ သားကို စုံစမ္း စစ္ေဆး ေပးဖို႔ ယူကရိန္းနဲ႕ တရုတ္ႏို္င္ငံကို သမၼတ ေဒၚနယ္ထရမ့္က တိုက္တြန္းခဲ့တာပါ။ ၾကာသပေတးေန႔ မနက္ အိမ္ျဖဴေတာ္က ျမက္ခင္းျပင္မွာ သတင္းေထာက္ တစ္ေယာက္က ယူကရိန္းသမၼတဆီက ဘယ္လို အကူအညီမ်ဳိး အတိအက် လိုခ်င္သလဲဆိုတဲ့ အေမးကို ျပန္ေျဖၾကားရင္း သမၼတ ထရမ့္က အခုလို ေျပာခဲ့တာပါ။

“Biden တို႔ ရဲ႕ကိစၥကို ၀င္ေရာက္ စုံစမ္းစစ္ေဆးမႈ စတင္ၾကဖို႔ က်ေနာ္ ေထာက္ခံေျပာၾကား လိုပါတယ္။”

အခုရက္ပိုင္းေတြအတြင္းမွာ သမၼတ ထရမ့္ဟာ ဒုတိယ သမၼတေဟာင္း Joe Biden ကို ထိုးႏွက္ တိုက္ခိုက္ ေနခဲ့ပါတယ္။ Joe Biden ဟာ ေလာေလာဆယ္ ဒီမိုကရက္ သမၼတေလာင္းျဖစ္ဖို႔ ၾကိဳးစား ေနၾကသူေတြထဲ ထိပ္က ေျပးေနသူတစ္ေယာက္ပါ။ Biden ဟာ ဒုတိယ သမၼတျဖစ္ ေနစဥ္က သူ႔ရဲ႕သား Hunter Biden ကို ရာဇ၀တ္မႈဆိုင္ရာ စုံစမ္းစစ္ေဆးမႈေတြ မလုပ္ႏုိင္ေအာင္ ယူကရိန္းအစိုးရကုိ ဖိအားေပး ခဲ့တယ္၊ ဒုတိယ သမၼတရဲ႕ အာဏာကို အလြဲသုံးစား လုပ္ခဲ့တယ္ဆိုၿပီး သမၼတ ထရမ့္က ေျပာေနခဲ့တာပါ။ Biden ရဲ႕သားဟာ Kyiv ၿမိဳ႕ အေျခစိုက္ Burisma စြမ္းအင္ကုမၸဏီမွာ အလုပ္လုပ္ခဲ့သူ ျဖစ္ပါတယ္။

ဖေလာ္ရီဒါကို သြားဖို႔ Marine One ရဟတ္ယာဥ္ေပၚကိုမတက္ခင္ကေလးမွာပဲ သမၼတ ထရမ့္က Biden ဟာ ယူကရိန္းနဲ႔တရုတ္ႏုိင္ငံတို႔အေပၚ မလိမ့္တပတ္ လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ ၂၀၁၃ ခုႏွစ္မွာ တရုတ္ကို သြားတဲ့ ခရီးစဥ္အတြင္း Air Force Two ကို အသုံးျပဳၿပီး Hunter Biden ဟာ သူ႔ တည္ေထာင္ဖို႔ လုပ္ေနတဲ့ စေတာ့ရွယ္ယာနဲ႔ ေငြေရးေၾကးေရး ကုမၸဏီတစ္ခုအတြက္ တရုတ္ဆီကေန အေမရိကန္ ေဒၚလာ ၁.၅ ဘီလီယံ ရယူခဲ့တယ္လို႔ သမၼတ ထရမ့္ဟာ စြပ္စြဲခဲ့ပါတယ္။

“Biden တို႔နဲ႔ ပတ္သက္ၿပီး စံုစမ္းစစ္ေဆးမႈတခု တ႐ုတ္တို႔ စလုပ္သင္႔ပါတယ္။”

ဒီလို ေျပာတာဟာ ႏုိင္ငံေရး အက်ိဳးအျမတ္ရဖို႔ သမၼတ ထရမ့္ တေယာက္ သမၼတ အာဏာကို အသုံးျပဳတဲ့ ေနာက္ထပ္ျဖစ္ရပ္တစ္ခုပါလို႔ ဒီမိုကရက္ ေတြက ေျပာပါတယ္။ ေအာက္လႊတ္ေတာ္ ေထာက္လွမ္းေရး ေကာ္မတီဥကၠဌ ဒီမိုကရက္အမတ္ Adam Schiff က သမၼတဟာ တရားစြဲဆိုခံရဖို႔ ထိုက္တန္တယ္လို႔လည္း ဆိုပါတယ္။

“သမၼတဟာ တျခားႏုိင္ငံ တစ္ႏုိင္ငံကို ကၽြန္ေတာ္တို႔ရဲ႕ သမၼတေရြးေကာက္ပြဲမွာ ၀င္ေရာက္စြက္ဖက္ဖို႔ လုပ္ေဆာင္ေနတယ္ဆိုတာကို ေနာက္တစ္ၾကိမ္ ထပ္ျမင္ေတြ႔ေနရပါတယ္။”

Schiff က သမၼတအေနနဲ႔ သူ႔ရဲ႕ အာဏာကို အသုံးျပဳၿပီး သူ႔ရဲ႕ ႏုိင္ငံေရး ၿပိဳင္ဖက္ေတြအေၾကာင္း စုံစမ္း စစ္ေဆးေပးဖို႔ ႏိုင္ငံျခား ေခါင္းေဆာင္ ေတြကို ဖိအားေပးလို႔ မရေၾကာင္း၊ အာေပါင္အာရင္း သန္သန္နဲ႔ ဒီေန႔ ေျပာလိုက္တဲ့စကားဟာ သူ႔ကို တရားစြဲဖို႔ ျမန္ျမန္ဆန္ဆန္ လုပ္ဖို႔ တြန္းအားေပးလိုက္တာျဖစ္တယ္လို႔လည္း ေျပာပါတယ္။

သမၼတထရမ့္နဲ႔ သူ႔ရဲ႕ လူေတြကေတာ့ ခု ခ်ိန္ထိ ဘာ အေထာက္အထားမွ ထုတ္ျပျခင္း မရွိေသးပါဘူး။

ဒုတိယ သမၼတ Biden ကေတာ့ သူ႔ရဲ႕ ဂုဏ္သိကၡာကို ကာကြယ္ရင္း သမၼတ ထရမ့္ကို ဗုဒၶဟူးေန႔က ျပန္လည္ ထိုးႏွက္ တိုက္ခိုက္ခဲ့ပါတယ္။ Trumpနဲ႕ Trump လူေတြနဲ႕ ႐ွင္း႐ွင္းလင္းလင္း ေျပာခ်င္ေၾကာင္း၊ သူ႔အေနနဲ႔ ဒီအတိုင္းပဲ႐ွိေနမွာျဖစ္သလို သူ႔နဲ႔ သူ႔မိသားစုကို ပ်က္စီးေအာင္ လုပ္လို႔မရေၾကာင္း တုံ႔ျပန္ ေျပာဆိုခဲ့ပါတယ္။

လစ္ဘရယ္အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Public Citizen အဖြဲ႔က Robert Wiessman ကေတာ့ သမၼတ ထရမ့္ဟာ တရားစြဲခံရႏိုင္တဲ႔ကိစၥေတြကို ဆက္တိုက္ က်ဴးလြန္ေနျခင္း အားျဖင္႔ ဒါေတြဟာ ႐ိုးအီသြားလိမ္႔လို႕ မွားယြင္းစြာ ထင္ေနပါတယ္လို႔ ေျပာပါတယ္။

ဒီမိုကရက္ေတြ ထိန္းခ်ဳပ္ထားတဲ့ ေအာက္လႊတ္ေတာ္က သူ႔ကို တရားစြဲဖို႔ စတင္လုပ္ေဆာင္တာဟာ ၂၀၁၆ ခုႏွစ္ ဇန္န၀ါရီလမွာ သမၼတ ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း သမၼတ ထရမ့္အတြက္ အႀကီးဆုံး ႏိုင္ငံေရး အၾကပ္အတည္းတစ္ခု ျဖစ္လာပါတယ္။ ေထာက္လွမ္းေရး အသိုက္အ၀ိုင္း က အတြင္းလူ သတင္းေပးတစ္ဦးရဲ႕ တိုင္ၾကားခ်က္မွာ သမၼတဟာ သူ႔ရဲ႕ အာဏာကို အသုံးျပဳၿပီး ႏုိင္ငံျခား တိုင္းျပည္တစ္ခုကို ၂၀၂ ခုႏွစ္ ေရြးေကာက္ပြဲမွာ ၀င္ေရာက္စြက္ဖက္ဖို႔ ဖိတ္ေခၚေနတယ္လို႔ စြပ္စြဲထားတာပါ။ သမၼတ ထရမ့္ကေတာ့ ယူကရိန္း သမၼတနဲ႔ ဖုန္းဆက္စကား ေျပာရာမွာ သူဘာ အမွားမွ မလုပ္ေၾကာင္း ေျပာၿပီး သူ႔ကို ေ၀ဖန္တဲ့လူေတြကို ျပန္ၿပီး သစၥာေဖာက္ေတြလို႔ ေခၚေ၀ၚသလို တရားစြဲဖို႔ လုပ္ေနတာဟာလည္း အာဏာသိမ္းတာနဲ႔ အတူတူ ပဲလို႔ ေျပာေနေၾကာင္းပါ။

.................

{Unicode}

Joe Biden ကို အပြစ်ရှာဖို့ တရုတ် နဲ့ ယူကရိန်း ကို Trump တိုက်တွန်း

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီသမ္မတလောင်းအဖြစ် သူ့ကိုစိမ်ခေါ်လာမယ့် Joe Biden အပေါ်စုံစမ်းစစ်ဆေး ကြဖို့ သမ္မတ Donald Trump က နိုင်ငံခြား အစိုးရတွေကို တိုက်တွန်းလိုက်ပါတယ်။ ဒါဟာ သူ့ကို တရားစွဲဆိုမယ့် အလားအလာ ပိုမိုမြင့်မား သွားနိုင်တဲ့ ကိစ္စဖြစ်နေပါတယ်။ အိမ်ဖြူတော်ဆိုင်ရာ VOA သတင်းထောက် Steve Harman ပေးပို့ထားတာကို ကိုရဲမင်းထွန်းက ပြောပြမှာပါ။

၂၀၂၀ သမ္မတ ရွေးကောက်ပွဲမှာ သူ့ရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာနိုင်တဲ့ ဒုတိယ သမ္မတဟောင်း Joe Biden နဲ့ သူ့ရဲ့ သားကို စုံစမ်း စစ်ဆေး ပေးဖို့ ယူကရိန်းနဲ့ တရုတ်နိုင်ငံကို သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့တာပါ။ ကြာသပတေးနေ့ မနက် အိမ်ဖြူတော်က မြက်ခင်းပြင်မှာ သတင်းထောက် တစ်ယောက်က ယူကရိန်းသမ္မတဆီက ဘယ်လို အကူအညီမျိုး အတိအကျ လိုချင်သလဲဆိုတဲ့ အမေးကို ပြန်ဖြေကြားရင်း သမ္မတ ထရမ့်က အခုလို ပြောခဲ့တာပါ။

“Biden တို့ ရဲ့ကိစ္စကို ဝင်ရောက် စုံစမ်းစစ်ဆေးမှု စတင်ကြဖို့ ကျနော် ထောက်ခံပြောကြား လိုပါတယ်။”

အခုရက်ပိုင်းတွေအတွင်းမှာ သမ္မတ ထရမ့်ဟာ ဒုတိယ သမ္မတဟောင်း Joe Biden ကို ထိုးနှက် တိုက်ခိုက် နေခဲ့ပါတယ်။ Joe Biden ဟာ လောလောဆယ် ဒီမိုကရက် သမ္မတလောင်းဖြစ်ဖို့ ကြိုးစား နေကြသူတွေထဲ ထိပ်က ပြေးနေသူတစ်ယောက်ပါ။ Biden ဟာ ဒုတိယ သမ္မတဖြစ် နေစဉ်က သူ့ရဲ့သား Hunter Biden ကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ မလုပ်နိုင်အောင် ယူကရိန်းအစိုးရကို ဖိအားပေး ခဲ့တယ်၊ ဒုတိယ သမ္မတရဲ့ အာဏာကို အလွဲသုံးစား လုပ်ခဲ့တယ်ဆိုပြီး သမ္မတ ထရမ့်က ပြောနေခဲ့တာပါ။ Biden ရဲ့သားဟာ Kyiv မြို့ အခြေစိုက် Burisma စွမ်းအင်ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။

ဖလော်ရီဒါကို သွားဖို့ Marine One ရဟတ်ယာဉ်ပေါ်ကိုမတက်ခင်ကလေးမှာပဲ သမ္မတ ထရမ့်က Biden ဟာ ယူကရိန်းနဲ့တရုတ်နိုင်ငံတို့အပေါ် မလိမ့်တပတ် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်မှာ တရုတ်ကို သွားတဲ့ ခရီးစဉ်အတွင်း Air Force Two ကို အသုံးပြုပြီး Hunter Biden ဟာ သူ့ တည်ထောင်ဖို့ လုပ်နေတဲ့ စတော့ရှယ်ယာနဲ့ ငွေရေးကြေးရေး ကုမ္ပဏီတစ်ခုအတွက် တရုတ်ဆီကနေ အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံ ရယူခဲ့တယ်လို့ သမ္မတ ထရမ့်ဟာ စွပ်စွဲခဲ့ပါတယ်။

“Biden တို့နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတခု တရုတ်တို့ စလုပ်သင့်ပါတယ်။”

ဒီလို ပြောတာဟာ နိုင်ငံရေး အကျိုးအမြတ်ရဖို့ သမ္မတ ထရမ့် တယောက် သမ္မတ အာဏာကို အသုံးပြုတဲ့ နောက်ထပ်ဖြစ်ရပ်တစ်ခုပါလို့ ဒီမိုကရက် တွေက ပြောပါတယ်။ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီဥက္ကဌ ဒီမိုကရက်အမတ် Adam Schiff က သမ္မတဟာ တရားစွဲဆိုခံရဖို့ ထိုက်တန်တယ်လို့လည်း ဆိုပါတယ်။

“သမ္မတဟာ တခြားနိုင်ငံ တစ်နိုင်ငံကို ကျွန်တော်တို့ရဲ့ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်ဖို့ လုပ်ဆောင်နေတယ်ဆိုတာကို နောက်တစ်ကြိမ် ထပ်မြင်တွေ့နေရပါတယ်။”

Schiff က သမ္မတအနေနဲ့ သူ့ရဲ့ အာဏာကို အသုံးပြုပြီး သူ့ရဲ့ နိုင်ငံရေး ပြိုင်ဖက်တွေအကြောင်း စုံစမ်း စစ်ဆေးပေးဖို့ နိုင်ငံခြား ခေါင်းဆောင် တွေကို ဖိအားပေးလို့ မရကြောင်း၊ အာပေါင်အာရင်း သန်သန်နဲ့ ဒီနေ့ ပြောလိုက်တဲ့စကားဟာ သူ့ကို တရားစွဲဖို့ မြန်မြန်ဆန်ဆန် လုပ်ဖို့ တွန်းအားပေးလိုက်တာဖြစ်တယ်လို့လည်း ပြောပါတယ်။

သမ္မတထရမ့်နဲ့ သူ့ရဲ့ လူတွေကတော့ ခု ချိန်ထိ ဘာ အထောက်အထားမှ ထုတ်ပြခြင်း မရှိသေးပါဘူး။

ဒုတိယ သမ္မတ Biden ကတော့ သူ့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရင်း သမ္မတ ထရမ့်ကို ဗုဒ္ဓဟူးနေ့က ပြန်လည် ထိုးနှက် တိုက်ခိုက်ခဲ့ပါတယ်။ Trumpနဲ့ Trump လူတွေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင်ကြောင်း၊ သူ့အနေနဲ့ ဒီအတိုင်းပဲရှိနေမှာဖြစ်သလို သူ့နဲ့ သူ့မိသားစုကို ပျက်စီးအောင် လုပ်လို့မရကြောင်း တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

လစ်ဘရယ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Public Citizen အဖွဲ့က Robert Wiessman ကတော့ သမ္မတ ထရမ့်ဟာ တရားစွဲခံရနိုင်တဲ့ကိစ္စတွေကို ဆက်တိုက် ကျူးလွန်နေခြင်း အားဖြင့် ဒါတွေဟာ ရိုးအီသွားလိမ့်လို့ မှားယွင်းစွာ ထင်နေပါတယ်လို့ ပြောပါတယ်။

ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်က သူ့ကို တရားစွဲဖို့ စတင်လုပ်ဆောင်တာဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ သမ္မတ ဖြစ်လာခဲ့ပြီးနောက်ပိုင်း သမ္မတ ထရမ့်အတွက် အကြီးဆုံး နိုင်ငံရေး အကြပ်အတည်းတစ်ခု ဖြစ်လာပါတယ်။ ထောက်လှမ်းရေး အသိုက်အဝိုင်း က အတွင်းလူ သတင်းပေးတစ်ဦးရဲ့ တိုင်ကြားချက်မှာ သမ္မတဟာ သူ့ရဲ့ အာဏာကို အသုံးပြုပြီး နိုင်ငံခြား တိုင်းပြည်တစ်ခုကို ၂၀၂ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်ဖို့ ဖိတ်ခေါ်နေတယ်လို့ စွပ်စွဲထားတာပါ။ သမ္မတ ထရမ့်ကတော့ ယူကရိန်း သမ္မတနဲ့ ဖုန်းဆက်စကား ပြောရာမှာ သူဘာ အမှားမှ မလုပ်ကြောင်း ပြောပြီး သူ့ကို ဝေဖန်တဲ့လူတွေကို ပြန်ပြီး သစ္စာဖောက်တွေလို့ ခေါ်ဝေါ်သလို တရားစွဲဖို့ လုပ်နေတာဟာလည်း အာဏာသိမ်းတာနဲ့ အတူတူ ပဲလို့ ပြောနေကြောင်းပါ။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG