သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးယူဖို့စုံစမ်းမှုဟာ အာဏာသိမ်းဖို့ကြိုးပမ်းတာလို့ သမ္မတ Trump တုံ့ပြန်


အမေရိကန်သမ္မတ Donald Trump (စက်တင်ဘာ၊ ၃၀၊ ၂၀၁၉)
အမေရိကန်သမ္မတ Donald Trump (စက်တင်ဘာ၊ ၃၀၊ ၂၀၁၉)

အမေရိကန်သမ္မတ Donald Trump က သူ့အပေါ် အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမယ့် လုပ်ငန်းစဉ်ဟာ အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်အဖြစ် ဝေဖန်လိုက်ပါတယ်။

တချိန်တည်းမှာပဲ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်အတွက် အထောက်အထား စုဆောင်းမှုတွေနဲ့ သက်သေတွေကို မေးမြန်းဖို့ ကြိုးပမ်းမှုတွေမှာ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဟန့်တားဖို့ ကြိုးပမ်းနေတယ်လို့လည်း အောက်လွှတ်တော် ရေးရာ ကော်မတီတွေရဲ့ အကြီးအကဲတွေက စွပ်စွဲနေကြတာပါ။

သမ္မတ Trump ကတော့ အရေးယူဖို့ ကြိုးပမ်းတဲ့ လုပ်ငန်းစဉ်ဟာ အမေရိကန် နိုင်ငံသားတွေရဲ့ လုပ်ပိုင်ခွင့်တွေ ဆန္ဒမဲတွေကို လျစ်လျုရှုပြီး အာဏာသိမ်းမယ့် လုပ်ရပ်အဖြစ် Twitter လူမှုကွန်ရက်ကနေ ရေးသားပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အောက်လွှတ်တော်မှာ လူများစုအဖြစ် ထိန်းချုပ်ထားတဲ့ အတိုက်အခံ ဒီမိုကရက်ပါတီ ကိုယ်စားလှယ်တွေကတော့ နိုင်ငံတော် သစ္စာဖောက်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ တခြားရာဇဝတ်မှုကြီးတွေနဲ့ မရိုးမသားလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အရေးယူနိုင်မယ့် အခြေခံဥပဒေပါ လုပ်ပိုင်ခွင့်အရ သမ္မတ Trump ကို တရားဝင် အရေးယူနိုင်အောင် ကြိုးပမ်းနေကြတာပါ။

သမ္မတ Trump နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiy တို့ ဇူလိုင်လထဲ တယ်လီဖုန်းဆက် ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေအတွက် အထောက်အထား အချက်အလက်တွေ ပေးအပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ တောင်းဆိုထားတဲ့ ကိစ္စကိုလည်း အထက်နဲ့ အောက်လွှတ်တော်က နိုင်ငံခြားရေးရာနဲ့ ထောက်လှမ်းရေး ကော်မတီတွေ အပါအဝင် ရေးရာကော်မတီ ဝန်ထမ်းတွေနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန စုံစမ်းရေးမှူးချုပ်တို့ ဒီကနေ့ တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။

[Unicode Version]






တိုက်ရိုက် လင့်ခ်
XS
SM
MD
LG