သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ရှေ့နေကို အောက်လွှတ်တော်ရေးရာ ကော်မတီ ဆင့်ခေါ်


 ရှေ့နေ Rudy Giuliani
ရှေ့နေ Rudy Giuliani

အမေရိကန် သမ္မတ Donald Trump ကို တရားစွဲဆိုရေး စုံစမ်းနေတဲ့ အောက်လွှတ်တော် ဒီမိုကရက် အမတ်တွေက ယူကရိန်းနဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်းတွေ အတွက် သမ္မတရဲ့ ရှေ့နေ Rudy Giuliani ကို ဆင့်ခေါ်လိုက်ပါတယ်။

အောက်လွှတ်တော် ထောက်လှမ်းရေး၊ နိုင်ငံခြားရေး၊ ကြီးကြပ်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မတီတွေက ဆင့်ခေါ်ချက်ကို တနလာၤနေ့မှာ ထုတ်ပြန်လိုက်ပြီး ရှေ့နေ Giuliani ရဲ့ လက်ထောက် သုံးဦးထံကနေလည်း အချက်အလက်တွေ တောင်းခံထားပါတယ်။

သတင်းပေးသူတဦးရဲ့ တိုင်းကြားချက် အပေါ် သမ္မတကို တရားစွဲဆိုရေး စုံစမ်းမှုကို ဖော်ဆောင်နေတဲ့ ဒီမိုကရက်တွေကို သမ္မတ Trump က တနလာၤနေ့ အစောပိုင်းမှာ တွစ်တာ လူမှုကွန်ရက်ကနေ ပုတ်ခတ်ရေးသားခဲ့တာမှာ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ဥက္ကဌ Adam Schiff ကို ပိုပြီး ဒေါသ ထွက်နေတာပါ။

အောက်လွှတ်တော် အမတ် Adam Schiff ဟာ တရားဥပဒေနဲ့ မညီတဲ့ အတုအယောင်နဲ့ သည်းမခံနိုင်စရာ ကြေညာချက်တွေ ဖန်တီးနေပြီး ယူကရိန်း သမ္မတကို တယ်လီဖုန်းဆက်သွယ်မှုရဲ့ အရေးအကြီးဆုံး ကိစ္စဖြစ်သယောင်လုပ်ပြီး လွှတ်တော်နဲ့ အမေရိကန် ပြည်သူတွေကို ဖတ်ကြားပြသခဲ့တယ်၊ ဖုန်းဆက် ပြောဆိုမှုတွေနဲ့ ပတ်သက်မှု မရှိပါဘူး၊ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ဖမ်းမလားဆိုပြီး သမ္မတ Trump က တွစ်တာမှာ ရေးခဲ့ပါတယ်။

သမ္မတကို တရားစွဲဆိုခဲ့ရင်တော့ ပြည်တွင်းစစ် ဖြစ်သွားနိုင်တယ်လို့ သတိပေးခဲ့တဲ့ ကွန်ဆာဗေးတစ် ခရစ်ယာန် တရားဟော ဆရာ တဦးရဲ့ ပြောဆိုချက်ကိုလည်း သမ္မတ Trump က တွစ်တာမှာ ရေးခဲ့ပါတယ်။ သမ္မတ Trump ကို တရားစွဲဆိုပြီး ရာထူးက ဖယ်ရှားရေးနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်သူတွေကြား သဘောတူသူနဲ့ ဆန့်ကျင်သူက တဖက်စီမှာ ၄၇ ရာခိုင်နှုန်းစီနဲ့ သဘောထား ကွဲပြားနေတယ်လို့ တနလာၤနေ့က ထုတ်တဲ့ လူထုစစ်တမ်းသစ်က ဖော်ပြပါတယ်။ သမ္မတကို တရားစွဲဆို ဖယ်ရှားရေးကို ထောက်ခံသူကတော့ ပြီးခဲ့တဲ့ ၅ ရက်နဲ့ ယှဉ်ရင် ၁၀ ရာခိုင်နှုန်း တက်လာတာ လို့လည်း Quinnipiac တက္ကသိုလ် စစ်တမ်းက ဖော်ပြပါတယ်။

.......................

{Unicode}

သမ်မတ Trump ရှေ့နကေို အောကျလှှတျတောျရေးရာ ကောျမတီ ဆင့ျခေါျ






သမ္မတ Trump ရှေ့နေကို အောက်လွှတ်တော်ရေးရာ ကော်မတီ ဆင့်ခေါ်
please wait

No media source currently available

0:00 0:01:47 0:00
တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG