သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Trump အေပၚ တရားစြဲဆိုေရးစံုစမ္းမႈ သတင္းေပးကို ၾကားနာမည္


ေအာက္လႊတ္ေတာ္ စုံစမ္းေရးေကာ္မတီ ဥကၠ႒ Adam Schiff

သမၼတ Trump ကို တရားစဲြႏိုင္ေရး လႊတ္ေတာ္က စံုစမ္းဖို႔ ျဖစ္လာေစခဲ့တဲ့ အတြင္းသတင္းကို တာ၀န္သိသိ တိုင္ၾကားခဲ့သူ အမည္မေဖာ္လိုသူဟာ မၾကာခင္ ေအာက္လႊတ္ေတာ္ စံုစမ္းေရးေကာ္မတီေရွ႕ ထြက္ဆိုဖို႔ သေဘာတူခဲ့ေၾကာင္း ေကာ္မတီဥကၠ႒ ဒီမိုကရက္ ေအာက္လႊတ္ေတာ္အမတ္ Adam Schiff က မေန႔ တနဂၤေႏြေန႔က အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

အဲဒီလို ေကာ္တီေရွ႕ ထြက္ဆိုရာမွာ တာ၀န္သိသိ တိုင္ၾကားခဲ့တဲ့သူဟာ မည္သူမည္၀ါျဖစ္တယ္ဆိုတာ အမ်ားမသိေအာင္ အကာအကြယ္ေပးသြားမွာ ျဖစ္တယ္လို႔ ABC သတင္းဌာနနဲ႔ ေတြ႔ဆံုေမးျမန္းခန္းမွာ Adam Schiff က ေျပာခဲ့ပါတယ္။

သမၼတက ၿခိမ္းေျခာက္မႈေတြ လုပ္ေနတာေၾကာင့္ အတြင္းသတင္း တိုင္ၾကားသူရဲ႕ လံုၿခံဳေရး ဘယ္ေလာက္ထိ စိုးရိမ္ရမလဲ ခန္႔မွန္းၾကည့္ႏိုင္ေၾကာင္းလည္း သူက ဆိုပါတယ္။

ဇူလိုင္လ ၂၅ ရက္ေန႔က သမၼတ Trump နဲ႔ ယူကရိန္းသမၼတသစ္ Volodymyr Zelenskiy တို႔ တယ္လီဖုန္းနဲ႔ စကားေျပာဆိုရာမွာ ၂၀၂၀ ေရြးေကာက္ပဲြမွာ သူ႔ကို စိန္ေခၚမယ့္သူ ျဖစ္လာမယ့္၊ ဒီမိုကရက္ သမၼတေလာင္းအျဖစ္ ပါ၀င္ယွဥ္ၿပိဳင္သူေတြထဲ အႏိုင္ရဖို႔ အလားအလာရွိေနတဲ့ ဒုသမၼတေဟာင္း Joe Biden နဲ႔ သူ႔ရဲ႕သား Hunter တို႔ကို ျပစ္မႈက်ဴးလြန္မႈ ရွိမရွိ အခ်က္အလက္ေတြေပးဖို႔ ယူကရိန္းသမၼတကို သမၼတ Trump က ေျပာခဲ့ေၾကာင္း အတြင္းသတင္း တိုင္ၾကားခဲ့သူက စြပ္စဲြထားတာပါ။

ယူကရိန္းသမၼတနဲ႔ ဖုန္းဆက္ရာမွာ ဘာေတြေျပာဆိုခဲ့သလဲဆိုတဲ့ အက်ဥ္းခ်ဳပ္မွတ္တမ္းကို ထုတ္ျပန္ခဲ့တဲ့ သမၼတ Donald Trump ကေတာ့ သူ႔အေနနဲ႔ ဘာအမွားကိုမွ ျပဳလုပ္ခဲ့ျခင္း မရွိဘူးလို႔ သူ႔ရဲ႕ လူမႈကြန္ရက္ Twitter မွာ ဆက္ၿပီး ခုခံကာကြယ္ ေရးသားခဲ့ပါတယ္။

-----------------------------

(Unicode)

Trump အပေါ် တရားစွဲဆိုရေးစုံစမ်းမှု သတင်းပေးကို ကြားနာမည်

သမ္မတ Trump ကို တရားစွဲနိုင်ရေး လွှတ်တော်က စုံစမ်းဖို့ ဖြစ်လာစေခဲ့တဲ့ အတွင်းသတင်းကို တာဝန်သိသိ တိုင်ကြားခဲ့သူ အမည်မဖော်လိုသူဟာ မကြာခင် အောက်လွှတ်တော် စုံစမ်းရေးကော်မတီရှေ့ ထွက်ဆိုဖို့ သဘောတူခဲ့ကြောင်း ကော်မတီဥက္ကဋ္ဌ ဒီမိုကရက် အောက်လွှတ်တော်အမတ် Adam Schiff က မနေ့ တနင်္ဂနွေနေ့က အတည်ပြု ပြောကြားခဲ့ပါတယ်။

အဲဒီလို ကော်တီရှေ့ ထွက်ဆိုရာမှာ တာဝန်သိသိ တိုင်ကြားခဲ့တဲ့သူဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာ အများမသိအောင် အကာအကွယ်ပေးသွားမှာ ဖြစ်တယ်လို့ ABC သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ Adam Schiff က ပြောခဲ့ပါတယ်။

သမ္မတက ခြိမ်းခြောက်မှုတွေ လုပ်နေတာကြောင့် အတွင်းသတင်း တိုင်ကြားသူရဲ့ လုံခြုံရေး ဘယ်လောက်ထိ စိုးရိမ်ရမလဲ ခန့်မှန်းကြည့်နိုင်ကြောင်းလည်း သူက ဆိုပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့က သမ္မတ Trump နဲ့ ယူကရိန်းသမ္မတသစ် Volodymyr Zelenskiy တို့ တယ်လီဖုန်းနဲ့ စကားပြောဆိုရာမှာ ၂၀၂၀ ရွေးကောက်ပွဲမှာ သူ့ကို စိန်ခေါ်မယ့်သူ ဖြစ်လာမယ့်၊ ဒီမိုကရက် သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်သူတွေထဲ အနိုင်ရဖို့ အလားအလာရှိနေတဲ့ ဒုသမ္မတဟောင်း Joe Biden နဲ့ သူ့ရဲ့သား Hunter တို့ကို ပြစ်မှုကျူးလွန်မှု ရှိမရှိ အချက်အလက်တွေပေးဖို့ ယူကရိန်းသမ္မတကို သမ္မတ Trump က ပြောခဲ့ကြောင်း အတွင်းသတင်း တိုင်ကြားခဲ့သူက စွပ်စွဲထားတာပါ။

ယူကရိန်းသမ္မတနဲ့ ဖုန်းဆက်ရာမှာ ဘာတွေပြောဆိုခဲ့သလဲဆိုတဲ့ အကျဉ်းချုပ်မှတ်တမ်းကို ထုတ်ပြန်ခဲ့တဲ့ သမ္မတ Donald Trump ကတော့ သူ့အနေနဲ့ ဘာအမှားကိုမှ ပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ သူ့ရဲ့ လူမှုကွန်ရက် Twitter မှာ ဆက်ပြီး ခုခံကာကွယ် ရေးသားခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG