သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump ကို တရားစြဲဆိုေရး အျခအေန နဲ႔ အလားအလာ 


သမၼတ Donald Trump ကို တရားစြဲဆိုေရး ဒီမိုကရက္ ေအာက္လႊတ္ေတာ္အမတ္ေတြက စံုစမ္းစစ္ေဆးေနၾကပါ တယ္။ သမၼတဟာ ပုဂၢိဳလ္ေရးအက်ဳိးစီးပြားအတြက္ အာဏာလြဲသံုးစားလုပ္တယ္လုိ႔ အစိုးရ အတြင္းသတင္းေပးတေယာက္က စြပ္စြဲၿပီးတဲ့ေနာက္ အခုလို စံုစမ္းစစ္ေဆးေနတာပါ။ ဒီအေျခအေနအရပ္ရပ္နဲ႔ ပတ္သက္လို႔ Jim Malone နဲ႔ Barry Newhouse တို႔ ရွင္းလင္းေရးသားထားတာကို အေျခခံၿပီး ကိုေက်ာ္ေက်ာ္သိန္းက တင္ျပထားပါတယ္။

ေမး။ ။ ေအာက္လႊတ္ေတာ္က သမၼတကို တရားစြဲဖို႔ ဘာ့ေၾကာင့္ စံုစမ္းစစ္ေဆးေနတာပါလဲ …

ေျဖ။။ သမၼတ Donald Trump က သူ႔ရဲ႕ ႏုိင္ငံေရးၿပိဳင္ဘက္တဦးလည္းျဖစ္၊ ၂၀၂၀ ျပည့္ သမၼတေရြးေကာက္ပြဲမွာ ဒီမိုကရက္ ပါတီကိုယ္စားျပဳ သမၼတေလာင္းျဖစ္ဖို႔ ႀကိဳးစားေနသူေတြထဲ ထိပ္ဆံုးကေျပးေနတဲ့ ဒုသမၼတေဟာင္း Joe Biden နဲ႔ပတ္သက္ၿပီး စံုစမ္းစစ္ေဆးဖို႔ ယူကရိန္းသမၼတကို ေျပာခဲ့တာကေန ဒါဟာ အေျခခံဥပေဒအရ သူ႔ရဲ႕လုပ္ပိုင္ခြင့္အာဏာကို အလြဲသံုးစားလုပ္တာ ျဖစ္ႏုိင္ေျခရွိတယ္လုိ႔ ယူဆၿပီးေတာ့ ေအာက္လႊတ္္ေတာ္ကိုထိန္းခ်ဳပ္ထားတဲ့ ဒီမိုကရက္ေတြက စံုစမ္းစစ္ေဆးေနတာျဖစ္ပါတယ္။

ေမး။ ။ ယူကရိန္းသမၼတကို အဲဒီလိုေျပာတာက သမၼတကို အေရးယူႏုိင္ေျခရွိတဲ့လုပ္ရပ္လို႔ ဒီမိုကရက္ေတြက ဘာ့ေၾကာင့္ ယူဆတာပါလဲ …

ေျဖ။။ ေရြးေကာက္ပြဲနဲ႔ဆက္စပ္ၿပီး တျခားႏုိင္ငံတခုကုိ အကူအညီေတာင္းတာဟာ အေမရိကန္ေရြးေကာက္ပြဲေတြမွာ ျပည္ပ စြက္ဖက္မႈကို တားျမစ္ထားတဲ့ ေရြးေကာက္ပြဲ ရန္ပံုေငြဆိုင္ရာဥပေဒကို ခ်ဳိးေဖာက္တာျဖစ္ႏုိင္တယ္လုိ႔ ဒီမိုကရက္ေတြက ေျပာေန ၾကတာပါ။ အနိမ့္ဆံုးအဆင့္ကေတာ့ ဒါဟာ အေမရိကန္ေရြးေကာက္ပြဲစနစ္ကို ထိခိုက္ေစတဲ့အဆင့္ေတာ့ ေရာက္တယ္လုိ႔ ဒီမိုကရက္ေတြကေျပာပါတယ္။

ေမး။ ။ ဒီအေပၚ သမၼတထရမ့္ပ္ဘက္ကေရာ ဘယ္လိုမ်ား ေခ်ပ ေျပာဆိုေနပါသလဲ …
ေျဖ။။ သမၼတကေတာ့ ယူကရိန္းသမၼတနဲ႔ တယ္လီဖုန္းစကားေျပာတာ သိပ္ေကာင္းတယ္၊ သူ ဘာမွ မဟုတ္တာလုပ္ထားတာ မရွိဘူးလို႔ ေျပာထားပါတယ္။ ဒီမိုကရက္ေတြဟာ ပါတီႏုိင္ငံေရးပေယာဂနဲ႔ စံုစမ္းစစ္ေဆးေနတာလို႔ စြပ္စြဲထားပါတယ္။ လက္ရွိ အခ်ိန္ထိကေတာ့ စံုစမ္းစစ္ေဆးမႈမွာ သမၼတအိမ္ျဖဴေတာ္က ပူးေပါင္းေဆာင္ရြက္မႈ မရွိပါဘူး။

ေမး။ ။ အေမရိကန္လူထုကေရာ … သမၼတထရမ့္ပ္ တရားစြဲခံရႏုိင္ေျခအေပၚ ဘယ္လို ယူဆၾကပါသလဲ …
ေျဖ။။ တရားစြဲဆိုေရး စံုစမ္းစစ္ေဆးမယ္လုိ႔ေၾကညာၿပီး ရက္ပိုင္းေတြအတြင္းေကာက္ယူတဲ့ လူထုသေဘာထားအျမင္ စစ္တမ္း ေတြအရ သမၼတကို တရားစြဲၿပီး ရာထူးကဖယ္ရွားဖို႔ အေမရိကန္မဲဆႏၵရွင္ ထက္ဝက္ေလာက္က ေထာက္ခံတာေတြ႔ရပါတယ္။ ဒီႏွစ္အေစာပိုင္းတုန္းက ေကာက္ယူတဲ့ လူထုစစ္တမ္းေတြမွာ ေတြ႔ခဲ့ရတဲ့ တရားစြဲဆိုေရးအေပၚ ေထာက္ခံမႈထက္ အခုေနာက္ပိုင္း ေကာက္ယူတဲ့ စစ္တမ္းေတြမွာ လူထုေထာက္ခံမႈ နည္းနည္းပိုတက္လာတာ ေတြ႔ရပါတယ္။

ေမး။ ။ လက္ရွိမွာ ဘယ္အေျခအေန ေရာက္ေနပါၿပီလဲ …
ေျဖ။။ လက္ရွိမွာက သမၼတဟာ အျပစ္က်ဴးလြန္ထားသလား ဆိုတာနဲ႔ပတ္သက္ၿပီး အခ်က္အလက္ အေထာက္အထားေတြ စုေဆာင္းဖို႔ ေအာက္လႊတ္ေတာ္ ဒီမိုကရက္ေတြက တရားဝင္ စၿပီး စံုစမ္းစစ္ေဆးေနပါၿပီ။ ဒီကေနတဆင့္ သမၼတကို တရားစြဲဆို ေရး ေအာက္လႊတ္ေတာ္မွာ မဲခြဲဆံုးျဖတ္တဲ့အဆင့္ ေရာက္သြားႏုိင္ပါတယ္။ သမၼတကို တရားစြဲဆိုေရး ျပဌာန္းခ်က္ေတြနဲ႔ ကိုက္ညီ တယ္ဆိုတဲ့ အတည္ျပဳခ်က္ရဖို႔က ေအာက္လႊတ္ေတာ္အမတ္အမ်ားစု၊ တနည္းအားျဖင့္ ၅၀% ေက်ာ္ ေထာက္ခံဖို႔ပဲလိုပါတယ္။ အတည္ျပဳမယ္ဆုိရင္ေတာ့ သမၼတဟာ ျပစ္မႈက်ဴးလြန္ထားတယ္ဆိုၿပီး ေအာက္လႊတ္ေတာ္က စြဲခ်က္တင္လိုက္တဲ့သေဘာပါပဲ။

ေမး။ ။ ေအာက္လႊတ္ေတာ္က အတည္ျပဳလိုက္ၿပီဆိုရင္ ဘာဆက္ျဖစ္ပါမလဲ …
ေျဖ။။ ။ အေျခခံဥပေဒအရ အထက္လႊတ္ေတာ္မွာ တရားစစ္ေဆးရမွာျဖစ္ပါတယ္။ အထက္လႊတ္ေတာ္အမတ္ အေယာက္ ၁၀၀ က ဂ်ဴရီလူႀကီးေတြလို ၾကားနာၾကရမွာပါ။ ေအာက္လႊတ္ေတာ္ရဲ႕ စြဲခ်က္ေတြဟာ သမၼတကို ရာထူးကေန ဖယ္ရွားႏုိင္ေလာက္တဲ့ ထိ ေလးနက္ခုိင္လံုရဲ႕လားဆိုတာ အဲဒီ အထက္လႊတ္ေတာ္အမတ္ေတြက မဲခြဲဆံုးျဖတ္ၾကမွာျဖစ္ပါတယ္။ ေထာက္ခံမဲ ၃ ပံု ၂ ပံု၊ တနည္းအားျဖင့္ အမတ္ ၁၀၀ ထဲက ၆၇ ဦးေထာက္ခံရင္ သမၼတကို ရာထူးက ဖယ္ရွားႏုိင္မွာျဖစ္ပါတယ္။ လက္ရွိမွာ ရီပတ္ဘလီ ကန္ေတြက အမတ္ေနရာအမ်ားစု ၅၃ ေနရာရထားၿပီး ဒီမုိကရက္က ၄၇ ေနရာပဲရထားပါတယ္။

ေမး။ ။ အရင္က သမၼတေတြထဲမွာ တရားစြဲခံရတဲ့လူ ရွိဖူးပါသလား …
ေျဖ။။ ႏွစ္ေယာက္ရွိပါတယ္။ ၁၈၆၈ ခုႏွစ္က Andrew Johnson ၊ ၁၉၉၈ ခုႏွစ္က Bill Clinton တို႔ပါ။ အထက္လႊတ္ေတာ္မွာ တရားစစ္ေဆးတဲ့အခါမွာေတာ့ သူတို႔ႏွစ္ေယာက္လံုးမွာ အျပစ္မရွိဘူးလို႔ ဆံုးျဖတ္ခဲ့တာေၾကာင့္ သမၼတေတြအျဖစ္ ဆက္လုပ္သြား ခဲ့ၾကပါတယ္။ Richard Nixon ကေတာ့ ၁၉၇၄ ခုႏွစ္မွာ ေအာက္လႊတ္ေတာ္က သူ႔ကိုတရားစြဲဆိုေရး စၿပီးလုပ္တဲ့အခ်ိန္၊ လႊတ္ေတာ္ ရီပတ္ဘလီကန္ ေခါင္းေဆာင္ေတြကလည္း အထက္္လႊတ္ေတာ္မွာ တရားစစ္ေဆးရင္ သူ လြတ္မွာမဟုတ္ဘူးဆိုၿပီး ေျပာလိုက္ၿပီးတဲ့ေနာက္ ရာထူးကေန ကိုယ့္သေဘာနဲဲ႔ကိုယ္ ႏုတ္ထြက္သြားခဲ့ပါတယ္။

.....................

{Unicode}

သမ္မတ Trump ကို တရားစွဲဆိုရေး အခြအနေ နဲ့ အလားအလာ


သမ္မတ Donald Trump ကို တရားစွဲဆိုရေး ဒီမိုကရက် အောက်လွှတ်တော်အမတ်တွေက စုံစမ်းစစ်ဆေးနေကြပါ တယ်။ သမ္မတဟာ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် အာဏာလွဲသုံးစားလုပ်တယ်လို့ အစိုးရ အတွင်းသတင်းပေးတယောက်က စွပ်စွဲပြီးတဲ့နောက် အခုလို စုံစမ်းစစ်ဆေးနေတာပါ။ ဒီအခြေအနေအရပ်ရပ်နဲ့ ပတ်သက်လို့ Jim Malone နဲ့ Barry Newhouse တို့ ရှင်းလင်းရေးသားထားတာကို အခြေခံပြီး ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

မေး။ ။ အောက်လွှတ်တော်က သမ္မတကို တရားစွဲဖို့ ဘာ့ကြောင့် စုံစမ်းစစ်ဆေးနေတာပါလဲ …

ဖြေ။။ သမ္မတ Donald Trump က သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တဦးလည်းဖြစ်၊ ၂၀၂၀ ပြည့် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက် ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ ကြိုးစားနေသူတွေထဲ ထိပ်ဆုံးကပြေးနေတဲ့ ဒုသမ္မတဟောင်း Joe Biden နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ယူကရိန်းသမ္မတကို ပြောခဲ့တာကနေ ဒါဟာ အခြေခံဥပဒေအရ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်တာ ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆပြီးတော့ အောက်လွှတ်တော်ကိုထိန်းချုပ်ထားတဲ့ ဒီမိုကရက်တွေက စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။

မေး။ ။ ယူကရိန်းသမ္မတကို အဲဒီလိုပြောတာက သမ္မတကို အရေးယူနိုင်ခြေရှိတဲ့လုပ်ရပ်လို့ ဒီမိုကရက်တွေက ဘာ့ကြောင့် ယူဆတာပါလဲ …

ဖြေ။။ ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီး တခြားနိုင်ငံတခုကို အကူအညီတောင်းတာဟာ အမေရိကန်ရွေးကောက်ပွဲတွေမှာ ပြည်ပ စွက်ဖက်မှုကို တားမြစ်ထားတဲ့ ရွေးကောက်ပွဲ ရန်ပုံငွေဆိုင်ရာဥပဒေကို ချိုးဖောက်တာဖြစ်နိုင်တယ်လို့ ဒီမိုကရက်တွေက ပြောနေ ကြတာပါ။ အနိမ့်ဆုံးအဆင့်ကတော့ ဒါဟာ အမေရိကန်ရွေးကောက်ပွဲစနစ်ကို ထိခိုက်စေတဲ့အဆင့်တော့ ရောက်တယ်လို့ ဒီမိုကရက်တွေကပြောပါတယ်။

မေး။ ။ ဒီအပေါ် သမ္မတထရမ့်ပ်ဘက်ကရော ဘယ်လိုများ ချေပ ပြောဆိုနေပါသလဲ …
ဖြေ။။ သမ္မတကတော့ ယူကရိန်းသမ္မတနဲ့ တယ်လီဖုန်းစကားပြောတာ သိပ်ကောင်းတယ်၊ သူ ဘာမှ မဟုတ်တာလုပ်ထားတာ မရှိဘူးလို့ ပြောထားပါတယ်။ ဒီမိုကရက်တွေဟာ ပါတီနိုင်ငံရေးပယောဂနဲ့ စုံစမ်းစစ်ဆေးနေတာလို့ စွပ်စွဲထားပါတယ်။ လက်ရှိ အချိန်ထိကတော့ စုံစမ်းစစ်ဆေးမှုမှာ သမ္မတအိမ်ဖြူတော်က ပူးပေါင်းဆောင်ရွက်မှု မရှိပါဘူး။

မေး။ ။ အမေရိကန်လူထုကရော … သမ္မတထရမ့်ပ် တရားစွဲခံရနိုင်ခြေအပေါ် ဘယ်လို ယူဆကြပါသလဲ …
ဖြေ။။ တရားစွဲဆိုရေး စုံစမ်းစစ်ဆေးမယ်လို့ကြေညာပြီး ရက်ပိုင်းတွေအတွင်းကောက်ယူတဲ့ လူထုသဘောထားအမြင် စစ်တမ်း တွေအရ သမ္မတကို တရားစွဲပြီး ရာထူးကဖယ်ရှားဖို့ အမေရိကန်မဲဆန္ဒရှင် ထက်ဝက်လောက်က ထောက်ခံတာတွေ့ရပါတယ်။ ဒီနှစ်အစောပိုင်းတုန်းက ကောက်ယူတဲ့ လူထုစစ်တမ်းတွေမှာ တွေ့ခဲ့ရတဲ့ တရားစွဲဆိုရေးအပေါ် ထောက်ခံမှုထက် အခုနောက်ပိုင်း ကောက်ယူတဲ့ စစ်တမ်းတွေမှာ လူထုထောက်ခံမှု နည်းနည်းပိုတက်လာတာ တွေ့ရပါတယ်။

မေး။ ။ လက်ရှိမှာ ဘယ်အခြေအနေ ရောက်နေပါပြီလဲ …
ဖြေ။။ လက်ရှိမှာက သမ္မတဟာ အပြစ်ကျူးလွန်ထားသလား ဆိုတာနဲ့ပတ်သက်ပြီး အချက်အလက် အထောက်အထားတွေ စုဆောင်းဖို့ အောက်လွှတ်တော် ဒီမိုကရက်တွေက တရားဝင် စပြီး စုံစမ်းစစ်ဆေးနေပါပြီ။ ဒီကနေတဆင့် သမ္မတကို တရားစွဲဆို ရေး အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့အဆင့် ရောက်သွားနိုင်ပါတယ်။ သမ္မတကို တရားစွဲဆိုရေး ပြဌာန်းချက်တွေနဲ့ ကိုက်ညီ တယ်ဆိုတဲ့ အတည်ပြုချက်ရဖို့က အောက်လွှတ်တော်အမတ်အများစု၊ တနည်းအားဖြင့် ၅၀% ကျော် ထောက်ခံဖို့ပဲလိုပါတယ်။ အတည်ပြုမယ်ဆိုရင်တော့ သမ္မတဟာ ပြစ်မှုကျူးလွန်ထားတယ်ဆိုပြီး အောက်လွှတ်တော်က စွဲချက်တင်လိုက်တဲ့သဘောပါပဲ။

မေး။ ။ အောက်လွှတ်တော်က အတည်ပြုလိုက်ပြီဆိုရင် ဘာဆက်ဖြစ်ပါမလဲ …
ဖြေ။။ ။ အခြေခံဥပဒေအရ အထက်လွှတ်တော်မှာ တရားစစ်ဆေးရမှာဖြစ်ပါတယ်။ အထက်လွှတ်တော်အမတ် အယောက် ၁၀၀ က ဂျူရီလူကြီးတွေလို ကြားနာကြရမှာပါ။ အောက်လွှတ်တော်ရဲ့ စွဲချက်တွေဟာ သမ္မတကို ရာထူးကနေ ဖယ်ရှားနိုင်လောက်တဲ့ ထိ လေးနက်ခိုင်လုံရဲ့လားဆိုတာ အဲဒီ အထက်လွှတ်တော်အမတ်တွေက မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။ ထောက်ခံမဲ ၃ ပုံ ၂ ပုံ၊ တနည်းအားဖြင့် အမတ် ၁၀၀ ထဲက ၆၇ ဦးထောက်ခံရင် သမ္မတကို ရာထူးက ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာ ရီပတ်ဘလီ ကန်တွေက အမတ်နေရာအများစု ၅၃ နေရာရထားပြီး ဒီမိုကရက်က ၄၇ နေရာပဲရထားပါတယ်။

မေး။ ။ အရင်က သမ္မတတွေထဲမှာ တရားစွဲခံရတဲ့လူ ရှိဖူးပါသလား …
ဖြေ။။ နှစ်ယောက်ရှိပါတယ်။ ၁၈၆၈ ခုနှစ်က Andrew Johnson ၊ ၁၉၉၈ ခုနှစ်က Bill Clinton တို့ပါ။ အထက်လွှတ်တော်မှာ တရားစစ်ဆေးတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံးမှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် သမ္မတတွေအဖြစ် ဆက်လုပ်သွား ခဲ့ကြပါတယ်။ Richard Nixon ကတော့ ၁၉၇၄ ခုနှစ်မှာ အောက်လွှတ်တော်က သူ့ကိုတရားစွဲဆိုရေး စပြီးလုပ်တဲ့အချိန်၊ လွှတ်တော် ရီပတ်ဘလီကန် ခေါင်းဆောင်တွေကလည်း အထက်လွှတ်တော်မှာ တရားစစ်ဆေးရင် သူ လွတ်မှာမဟုတ်ဘူးဆိုပြီး ပြောလိုက်ပြီးတဲ့နောက် ရာထူးကနေ ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်သွားခဲ့ပါတယ်။

သမၼတ Trump ကို တရားစြဲဆိုေရး အျခအေန နဲ႔ အလားအလာ
please wait

No media source currently available

0:00 0:05:05 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG