သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ကို တရားစွဲဖို့ Joe Biden တောင်းဆို


သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို အရေးယူဖို့ ဒီမိုကရက်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း Joe Biden က ပထမဆုံးအကြိမ် အဖြစ် လူသိရှင်ကြား တောင်းဆိုလိုက်ပါတယ်။

“Donald Trump ဟာ သမ္မတတာဝန်အတွက် ကျမ်းသစ္စာကျိန်ဆိုထားတာကို ချိုးဖောက်ခဲ့တယ်၊ ဒီနိုင်ငံကို သစ္စာဖောက်ဖျက် တယ်၊ အရေးယူနိုင်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ထားတယ်” လို့ ဒုတိယသမ္မတဟောင်း Joe Biden က New Hampshire ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က ပြောသွားပါတယ်။

ဒီပြောဆိုချက်ကို သမ္မတထရမ့်ပ်က Twitter လူမှုကွန်ယက် ကနေ တုန့်ပြန်ရေးသားပါတယ်။

“သူ့ရဲ့သား Hunter နဲ့အတူ အမေရိကန်အခွန် ထမ်းတွေ ပျက်စီးရာပျက်စီးကြောင်း လုပ်ခဲ့ပြီး အနည်းဆုံး နိုင်ငံနှစ်ခုမှာ ဒေါ်လာသန်းပေါင်းများစွာကို ခိုးယူခဲ့တဲ့ လေးလေးပင်ပင် နဲ့ Joe Biden ကိုတွေ့ရတာ သိပ် သနားဖို့ကောင်းပါတယ်။ ကျနော့်ကို အရေးယူဖို့ တောင်းဆိုနေပြီး ကျနော် ဘာမှ မဟုတ်တာ လုပ်မထားပါဘူး။ Joe ရဲ့ မအောင်မြင်တဲ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းကြောင့် သူ့မှာ ရွေးချယ်စရာမရှိပါဘူး” လို့ သမ္မတထရမ့်ပ်က ရေးပါတယ်။

ဒါပေမယ့် နိုင်ငံနှစ်ခုမှာ ဒေါ်လာ သန်းပေါင်းများစွာကို ခိုးယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့တော့ ဘာမှ ရှင်းအောင်ပြောမထားပါဘူး။

သမ္မတထရမ့်ပ်ကို အခြေခံဥပဒေနဲ့ မကိုက်ညီဘဲ အရေးယူဖို့ စုံစမ်းစစ်ဆေးနေတဲ့ကိစ္စမှာ ပူးပေါင်းပါဝင်လုပ်ဆောင်မှာ မဟုတ်ဘူး လို့ သမ္မတအိမ်ဖြူတော်က ပြောထားပါတယ်။

သမ္မတထရမ့်ကို အရေးယူရေး အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေက စုံစမ်းစစ်ဆေးနေပြီး သမ္မတကို အရေးယူရေးဆိုင်ရာ ပြဌာန်းချက်ကို အောက်လွှတ်တော်အမတ် အများစုက အတည်ပြုမယ်ဆိုရင် ရီပတ်ဘလီကန် ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးရမှာဖြစ်ပါတယ်။ အဲဒီအခါကျရင်တော့ သမ္မတရဲ့ ဥပဒေအကျိုးဆောင်အဖွဲ့ အနေနဲ့ ခုခံ ချေပဖို့ အခွင့်အရေးရမှာဖြစ်ပါတယ်။
(Unicode)

သမ်မတ Trump ကို တရားစှဲဖို့ Joe Biden တောငျးဆို






XS
SM
MD
LG