သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump ရဲ႕ ယူကရိန္းအေရး ဒုတိယေျမာက္တိုင္ၾကားသူ ေပၚထြက္လာ


အေမရိကန္သမၼတ Donald Trump (ေအာက္တုိဘာ ၄၊ ၂၀၁၉)

အေမရိကန္သမၼတ Donald Trump က သူ႔ရဲ႕ ႏုိင္ငံေရးၿပိဳင္ဘက္နဲ႔ ပတ္သက္ၿပီး စုံစမ္းဖို႔ ယူကရိန္းႏုိင္ငံအေပၚ ဖိအားေပးခဲ့တာနဲ႔ ပတ္သက္ၿပီး တုိင္ၾကားသူ ေနာက္တေယာက္ ထြက္ေပၚလာတယ္လို႔ အဲဒီလူရဲ႕ ေရွ႕ေနက ေျပာလိုက္ပါတယ္။

အဲဒီလူဟာ ပထမတေယာက္တုန္းကလိုပဲ ေထာက္လွမ္းေရးအသိုင္းအ၀ိုင္းက ျဖစ္တယ္လို႔ ေရွ႕ေန Mark Zaid က ABC ႐ုပ္သံရဲ႕ This Week ဆုိတဲ့အစီအစဥ္ကို ေျပာၾကားခဲ့ပါတယ္။

ပထမတေယာက္တုန္းက အေမရိကန္နဲ႔ ယူကရိန္းသမၼတတုိ႔ၾကား တယ္လီဖုန္း ေျပာၾကားခဲ့တာနဲ႔ ပတ္သက္ၿပီး တုိင္ၾကားခဲ့တာျဖစ္ၿပီး အဲဒီတုိင္ၾကားမႈေၾကာင့္ သမၼတ Trump အေပၚမွာ အေရးယူႏုိင္ဖို႔အတြက္ စုံစမ္းစစ္ေဆးမႈေတြ လုပ္တဲ့အထိ ျဖစ္လာခဲ့တာပါ။

ေရွ႕ေန Zaid ဟာ အဲဒီတုိင္ၾကားသူ ၂ ေယာက္စလုံးအတြက္ ေရွ႕ေနလိုက္ပါ ေဆာင္ရြက္ေပးမွာျဖစ္ၿပီး ဒုတိယေျမာက္ တုိင္ၾကားသူဟာ ဒီကိစၥနဲ႔ပတ္သက္ၿပီး တုိက္႐ုိက္သိရွိထားသူျဖစ္တယ္လို႔ ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ ဒီမုိကရက္တစ္ပါတီ သမၼတေလာင္းေနရာအတြက္ ေရွ႕ကေျပးေနတဲ့ ဒုသမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ကို စုံစမ္းေထာက္လွမ္းဖို႔ ျပည္ပအစိုးရေတြကို တြန္းအားေပးခဲ့တာေတြနဲ႔ ပတ္သက္ၿပီး ဒီမုိကရက္ေတြဘက္က သူ႔ကို အေရးယူနိုင္ဖို႔ လုပ္ေနခ်ိန္မွာပဲ သူ႔အေပၚေ၀ဖန္တဲ့ ရီပတ္ဘလစ္ကန္ ပါတီ၀င္ေတြကိုလည္း သမၼတ Trump အႀကီးအက်ယ္ တုံ႔ျပန္ ေ၀ဖန္လိုက္ပါတယ္။

ဒုသမၼတေဟာင္း ဂ်ိဳးဘုိင္ဒန္နဲ႔ ပတ္သက္ၿပီး စုံစမ္းဖို႔ သမၼတ Trump က တ႐ုတ္ႏုိင္ငံကို ေျပာၾကားလိုက္တဲ့အေပၚ ရီပတ္ဘလစ္ကန္ အထက္လႊတ္ေတာ္အမတ္ Romney က ေ၀ဖန္လိုက္ပါတယ္။

သမၼတထရမ့္က အခုလို တ႐ုတ္ႏုိင္ငံကို ေတာင္းဆုိလိုက္တာဟာ မွားယြင္းၿပီး တုန္လႈပ္ေခ်ာက္ခ်ားစရာ ေကာင္းတယ္လို႔ ေျပာလိုက္ပါတယ္။

---------------------------

(Unicode)

သမ္မတ Trump ရဲ့ ယူကရိန်းအရေး ဒုတိယမြောက်တိုင်ကြားသူ ပေါ်ထွက်လာ

အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်နဲ့ ပတ်သက်ပြီး စုံစမ်းဖို့ ယူကရိန်းနိုင်ငံအပေါ် ဖိအားပေးခဲ့တာနဲ့ ပတ်သက်ပြီး တိုင်ကြားသူ နောက်တယောက် ထွက်ပေါ်လာတယ်လို့ အဲဒီလူရဲ့ ရှေ့နေက ပြောလိုက်ပါတယ်။

အဲဒီလူဟာ ပထမတယောက်တုန်းကလိုပဲ ထောက်လှမ်းရေးအသိုင်းအဝိုင်းက ဖြစ်တယ်လို့ ရှေ့နေ Mark Zaid က ABC ရုပ်သံရဲ့ This Week ဆိုတဲ့အစီအစဉ်ကို ပြောကြားခဲ့ပါတယ်။

ပထမတယောက်တုန်းက အမေရိကန်နဲ့ ယူကရိန်းသမ္မတတို့ကြား တယ်လီဖုန်း ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး တိုင်ကြားခဲ့တာဖြစ်ပြီး အဲဒီတိုင်ကြားမှုကြောင့် သမ္မတ Trump အပေါ်မှာ အရေးယူနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်တဲ့အထိ ဖြစ်လာခဲ့တာပါ။

ရှေ့နေ Zaid ဟာ အဲဒီတိုင်ကြားသူ ၂ ယောက်စလုံးအတွက် ရှေ့နေလိုက်ပါ ဆောင်ရွက်ပေးမှာဖြစ်ပြီး ဒုတိယမြောက် တိုင်ကြားသူဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်ရိုက်သိရှိထားသူဖြစ်တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းနေရာအတွက် ရှေ့ကပြေးနေတဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန်ကို စုံစမ်းထောက်လှမ်းဖို့ ပြည်ပအစိုးရတွေကို တွန်းအားပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ဒီမိုကရက်တွေဘက်က သူ့ကို အရေးယူနိုင်ဖို့ လုပ်နေချိန်မှာပဲ သူ့အပေါ်ဝေဖန်တဲ့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေကိုလည်း သမ္မတ Trump အကြီးအကျယ် တုံ့ပြန် ဝေဖန်လိုက်ပါတယ်။

ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန်နဲ့ ပတ်သက်ပြီး စုံစမ်းဖို့ သမ္မတ Trump က တရုတ်နိုင်ငံကို ပြောကြားလိုက်တဲ့အပေါ် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Romney က ဝေဖန်လိုက်ပါတယ်။

သမ္မတထရမ့်က အခုလို တရုတ်နိုင်ငံကို တောင်းဆိုလိုက်တာဟာ မှားယွင်းပြီး တုန်လှုပ်ချောက်ချားစရာ ကောင်းတယ်လို့ ပြောလိုက်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG