သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ဖိအားပေးခဲ့တဲ့စွပ်စွဲချက် ကန်သံအမတ်ဝန်ခံ


EU ဆိုင်ရာအမေရိကန်သံအမတ်ကြီး Gordon Sondland (စက်တင်ဘာ၊ ၀၅၊ ၂၀၁၉)
EU ဆိုင်ရာအမေရိကန်သံအမတ်ကြီး Gordon Sondland (စက်တင်ဘာ၊ ၀၅၊ ၂၀၁၉)

(Zawgyi/Unicode)

အမေရိကန်သမ္မတကို တရားစွဲသင့်မသင့်စုံစမ်းမှုတွေအတွင်း လွှတ်တော်အမတ်တွေရဲ့ အမေးကို ဖြေကြားခဲ့တဲ့ အဓိက သံတမန် တယောက်က ယူကရိန်းအနေနဲ့ သမ္မတ Donald Trump ကို နိုင်ငံရေးအရကူညီရာရောက်တဲ့ လုပ်ရပ်ကို မလုပ်ရင် အမေရိကန်က စစ်ရေးထောက်ပံ့မှု ဒေါ်လာသန်း ၄၀၀ လောက်ကို ပေးမှာ မဟုတ်ဘူးလို့ ယူကရိန်း သံတမန်တယောက်ကို သူပြောကြားခဲ့ကြောင်း ဖြေဆိုထားပါတယ်။

EU ဆိုင်ရာအမေရိကန်သံအမတ်ကြီး Gordon Sondland ပြန်လည်ထွက်ဆိုတဲ့ ဖြေကြားချက်ကို လွှတ်တော်စုံစမ်းရေးကော်မတီကနေ အင်္ဂါနေ့က ထုတ်ပြန်ခဲ့တာမှာ ဒုသမ္မတဟောင်း Joe Biden ရဲ့ သားဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တဲ့ ကုမ္ပဏီတခုအပေါ် အဂတိလိုက်စားမှုနဲ့ စုံစမ်းတယ်လို့ ယူကရိန်းက လူသိရှင်ကြား မကြေညာသရွေ့ အမေရိကန်ရဲ့ထောက်ပံ့ကြေးရမှာ မဟုတ်ဘူးလို့ သူက ယူကရိန်းသမ္မတ Volodymyr Zelenskiy ရဲ့အကြံပေးတယောက်ကို စက်တင်ဘာ ၁ ရက်နေ့က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒီကိစ္စစုံစမ်းဖို့ အမေရိကန်နဲ့ ယူကရိန်းကြား သီတင်းပတ်နဲ့ချီ ဆွေးနွေးပြောခဲ့ကြတယ်လို့လည်း ပြောထားပါတယ်။ EU သံအမတ်အဖြစ် သမ္မတ Trump တာဝန်ပေးထားတဲ့ Gordon Sondland ဟာ သမ္မတမဲဆွယ်စည်းရုံးရေးအဖွဲ့ကို အလှူငွေအမြောက်အများ ထည့်ခဲ့သူ ဖြစ်ပါတယ်။

၂၀၂၀ သမ္မတရွေးကောက်ပွဲကျရင် သမ္မတ Trump နဲ့ ပြိုင်ဘက်ဖြစ်လာနိုင်သူ ဒုသမ္မတဟောင်း Joe Biden နဲ့ သားဖြစ်သူ Hunter Biden တို့အပေါ် စုံစမ်းဖို့ ယူရကိန်းကို ဖိအားပေး အကြပ်မကိုင်ခဲ့ဘူးလို့ သမ္မတ Trump က အကြိမ်ကြိမ် ငြင်းဆိုနေတာပါ။

ဒါပေမဲ့ သမ္မတကို ကာကွယ်ရပ်တည်နေသူ သံအမတ်ကြီး Sondland ရဲ့ လွှတ်တော်အမတ်တွေကို ပြောကြားမှုက သိသိသာသာကွဲလွဲနေပါတယ်။

အမေရိကန်သမ္မတနဲ့ ယူကရိန်းသမ္မတကြား ဖုန်းဆက်သွယ်ပြောကြားမှု တခုအတွင်း Biden သားအဖအပေါ် စုံစမ်းဖို့ ပြောခဲ့တဲ့ ကိစ္စကြောင့် သမ္မတဟာ သူ့ လုပ်ပိုင်ခွင့် အာဏာသုံးပြီး နိုင်ငံရေးအကျိုးအမြတ်ရအောင် လုပ်ခဲ့သလားဆိုတာကို အောက်လွှတ်တော် Democrat အမတ်တွေ စုံစမ်းနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






ဒါပမေဲ့ သမ်မတကို ကာကှယျရပျတညျနသေူ သံအမတျကွီး Sondland ရဲ့ လှှတျတောျအမတျတှကေို ပွောကွားမှုက သိသိသာသာကှဲလှဲနပေါတယျ။


XS
SM
MD
LG