(Zawgyi/Unicode)
အေမရိကန္သမၼတ Donald Trump အေပၚ တရားစဲြဆုိဖုိ႔ ေအာက္လႊတ္ေတာ္မွာ အမ်ားစုနဲ႔ ထိန္းခ်ဳပ္ထားတဲ့ ဒီမုိကရက္ ကိုယ္စားလွယ္ေတြက စဲြခ်က္ ၂ ခုကို ဒီကေန႔ပဲ တရား၀င္ေၾကညာလုိက္ပါတယ္။ အာဏာ အလဲြသုံးစားမႈ၊ ကြန္ဂရက္ လႊတ္ေတာ္ရဲ႕ တရားေရးလုပ္ငန္းေတြကို ခ်ဳိးေဖာက္မႈနဲ႔ စဲြခ်က္တင္လုိက္တာပါ။
ေရြးေကာက္ပြဲမွာ အႏုိင္ရေရး မတရားနည္းနဲ႔လုပ္ကို္္င္ဖို႔ သမၼတ Trump ရဲ ႔ႀကိဳးပမ္းခ်က္ဟာ ႏုိင္ငံေတာ္လုံၿခဳံေရးအေပၚ ၿခိ္မ္းေခ်ာက္ရာေရာက္တယ္လို႔ ေအာက္လႊတ္ေတာ္ တရားေရး ေကာ္မတီ္ဥကၠဌ Jerrold Nadler က ေျပာပါတယ္။ သမၼတကို တရားစြဲဆိုႏိုင္ေရး တရားေရးေကာ္မတီရဲ ႔ ၾကားနာမႈေတြ အၿပီးသတ္လိုက္တဲ့ တနလၤာေန႔မွာပဲ မစၥတာ Nadler ကအဲဒီလိုေျပာဆိုသြားတာျဖစ္ပါတယ္။
ေအာက္လႊတ္ေတာ္ဥကၠဌ Nancy Pelosi နဲ႔ ေတြ႔ဆုံခဲ့တဲ့ ေအာက္လႊတ္ေတာ္ ႏုိင္ငံျခားေရးေကာ္မတီဥကၠဌ Eliot Engel ကလည္း လႊတ္ေတာ္ေကာ္မတီေတြၾကား ကိစၥရပ္အေတာ္မ်ားမ်ားမွာ သေဘာတူညီေၾကာင္း ေျပာဆိုပါတယ္။ သမၼတကို ဘယ္လိုပုဒ္မေတြနဲ႔ တရားစြဲဆိုမလဲဆိုတာ လႊတ္ေတာ္အမတ္ေတြကို အေသးစိတ္မေျပာေပမယ့္ သမၼတတဦးရဲ ႔ ရာထူးတာ၀န္ကို တလႊဲအသုံးခ်မႈနဲ႔ လႊတ္ေတာ္ေကာ္မတီရဲ ႔ စုံစမ္းစစ္ေဆးမႈေတြကို ဟန္႔တားတာေတြပါ၀င္မယ္လိ႔ု ခန္႔မွန္းထားၾကတာပါ။ တနလၤာေန႔ လႊတ္ေတာ္ၾကားနာပြဲမွာေတာ့ သမၼတTrump ကုိ တရားစြဲဆိုေရးနဲ႔ ပတ္သက္ၿပီး ဒီမိုကရက္နဲ႔ ရီပတ္္ဘလစ္ကန္အမတ္ေတြၾကား အျပင္းအထန္ သေဘာထား ကြဲခဲ့ၾကတာျဖစ္ပါတယ္။
.....................
သမ္မတ Trump အပေါ် အောက်လွှတ်တော် စွဲချက် ၂ ခုတင်
(Unicode)
အမေရိကန်သမ္မတ Donald Trump အပေါ် တရားစွဲဆိုဖို့ အောက်လွှတ်တော်မှာ အများစုနဲ့ ထိန်းချုပ်ထားတဲ့ ဒီမိုကရက် ကိုယ်စားလှယ်တွေက စွဲချက် ၂ ခုကို ဒီကနေ့ပဲ တရားဝင်ကြေညာလိုက်ပါတယ်။ အာဏာ အလွဲသုံးစားမှု၊ ကွန်ဂရက် လွှတ်တော်ရဲ့ တရားရေးလုပ်ငန်းတွေကို ချိုးဖောက်မှုနဲ့ စွဲချက်တင်လိုက်တာပါ။
ရွေးကောက်ပွဲမှာ အနိုင်ရရေး မတရားနည်းနဲ့လုပ်ကို်င်ဖို့ သမ္မတ Trump ရဲ့ကြိုးပမ်းချက်ဟာ နိုင်ငံတော်လုံခြုံရေးအပေါ် ခြိမ်းချောက်ရာရောက်တယ်လို့ အောက်လွှတ်တော် တရားရေး ကော်မတီ်ဥက္ကဌ Jerrold Nadler က ပြောပါတယ်။ သမ္မတကို တရားစွဲဆိုနိုင်ရေး တရားရေးကော်မတီရဲ ့ ကြားနာမှုတွေ အပြီးသတ်လိုက်တဲ့ တနင်္လာနေ့မှာပဲ မစ္စတာ Nadler ကအဲဒီလိုပြောဆိုသွားတာဖြစ်ပါတယ်။
အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi နဲ့ တွေ့ဆုံခဲ့တဲ့ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဥက္ကဌ Eliot Engel ကလည်း လွှတ်တော်ကော်မတီတွေကြား ကိစ္စရပ်အတော်များများမှာ သဘောတူညီကြောင်း ပြောဆိုပါတယ်။ သမ္မတကို ဘယ်လိုပုဒ်မတွေနဲ့ တရားစွဲဆိုမလဲဆိုတာ လွှတ်တော်အမတ်တွေကို အသေးစိတ်မပြောပေမယ့် သမ္မတတဦးရဲ့ ရာထူးတာဝန်ကို တလွှဲအသုံးချမှုနဲ့ လွှတ်တော်ကော်မတီရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဟန့်တားတာတွေပါဝင်မယ်လိ့ု ခန့်မှန်းထားကြတာပါ။ တနင်္လာနေ့ လွှတ်တော်ကြားနာပွဲမှာတော့ သမ္မတTrump ကို တရားစွဲဆိုရေးနဲ့ ပတ်သက်ပြီး ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်အမတ်တွေကြား အပြင်းအထန် သဘောထား ကွဲခဲ့ကြတာဖြစ်ပါတယ်။