သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump အေပၚ တရားစြဲဆိုေရး ခရစၥမတ္ မတို္င္ခင္ မဲခြဲဆံုးျဖတ္ဖို႔ ပိုနီးစပ္လာ


အေမရိကန္သမၼတ Donald Trump. (ဒီဇင္ဘာ ၆၊ ၂၀၁၉)

(Zawgyi / Unicode)

အေမရိကန္သမၼတ Donald Trump အေပၚ မၾကာခင္ တရားစဲြဆုိႏိုင္ေရးအတြက္ အတုိက္အခံ ဒီမိုကရက္အမတ္ေတြ စေနေန႔က သီးသန္႔ေတြ႔ဆံု ေဆြးေႏြးပါတယ္။

ဒါေၾကာင့္ သမၼတကို တရားစြဲဆိုေရး မဲခြဲဆံုးျဖတ္တာကို ခရစၥမတ္ အားလပ္ရက္ လႊတ္ေတာ္ေတြ မနားခင္မွာ မဲခြဲဆံုးျဖတ္မယ့္ အလားအလာ ပိုနီးလာပါတယ္။

ေအာက္လႊတ္ေတာ္ တရားေရးေကာ္မတီက ဒီမိုကရက္အမတ္ေတြအေနနဲ႔ ဒီ စေန တနဂၤေႏြမွာပဲ ရီပတ္ဘလစ္ကန္သမၼတနဲ႔ ပတ္သက္တဲ့ သက္ေသ အေထာက္အထားေတြကို ျပန္သံုးသပ္ၿပီး ၾကာသပေတးေန႔ အေစာဆံုးထားၿပီးေတာ့ ေအာက္လႊတ္ေတာ္တခုလံုးမွာ မဲခြဲဖို႔အတြက္ တရားစြဲ အဆိုျပဳခ်က္မူၾကမ္း ျပင္ဆင္ဖို႔ ရွိပါတယ္။

အမတ္ေတြအေနနဲ႔ စာမ်က္ႏွာ ၅၅ မ်က္ႏွာပါ အစီရင္ခံစာကို မေန႔က ထုတ္ျပန္ခဲ့ရာမွာ ဖြဲ႔စည္းပံုအေျခခံဥပေဒအရ သမၼတအေပၚ တရားစြဲဖို႔ အေျခခံႏိုင္တယ္လို႔ သူတို႔ယူဆတဲ့ ပုဒ္မေတြကို တခ်က္ခ်င္း ခ်ျပခဲ့ပါတယ္။

ဒါေပမယ့္ ေသာၾကာေန႔တုန္းကေတာ့ အိမ္ျဖဴေတာ္အေနနဲ႔ သမၼတ Trump အေပၚ တရားစြဲမႈမွာ ပူးေပါင္းေဆာင္ရြက္မႈ မလုပ္ႏိုင္ဘူးလို႔ ျငင္းဆိုထားပါတယ္။

သမၼတ Trump အေနနဲ႔ ေရွ႕ႏွစ္ သမၼတေရြးေကာက္ပဲြမွာ ထပ္အႏုိင္ရဖုိ႔ ရည္ရြယ္ခ်က္နဲ႔ ၿပိဳင္ဘက္ ဒုသမၼတေဟာင္း Joe Biden ကုိ ယူကရိန္းက စုံစမ္းစစ္ေဆးဖုိ႔ ေတာင္းဆုိတာဟာ ဖဲြ႔စည္းပုံအေျခခံဥပေဒကုိ ခ်ဳိးေဖာက္တယ္ဆိုၿပီး ဒီမိုကရက္ေတြက တရားစြဲဖို႔ ျပင္ေနၾကတာပါ။

---------------------------------

(Unicode)

သမ္မတ Trump အပေါ် တရားစွဲဆိုရေး ခရစ္စမတ် မတိုင်ခင် မဲခွဲဆုံးဖြတ်ဖို့ ပိုနီးစပ်လာ

အမေရိကန်သမ္မတ Donald Trump အပေါ် မကြာခင် တရားစွဲဆိုနိုင်ရေးအတွက် အတိုက်အခံ ဒီမိုကရက်အမတ်တွေ စနေနေ့က သီးသန့်တွေ့ဆုံ ဆွေးနွေးပါတယ်။

ဒါကြောင့် သမ္မတကို တရားစွဲဆိုရေး မဲခွဲဆုံးဖြတ်တာကို ခရစ္စမတ် အားလပ်ရက် လွှတ်တော်တွေ မနားခင်မှာ မဲခွဲဆုံးဖြတ်မယ့် အလားအလာ ပိုနီးလာပါတယ်။

အောက်လွှတ်တော် တရားရေးကော်မတီက ဒီမိုကရက်အမတ်တွေအနေနဲ့ ဒီ စနေ တနင်္ဂနွေမှာပဲ ရီပတ်ဘလစ်ကန်သမ္မတနဲ့ ပတ်သက်တဲ့ သက်သေ အထောက်အထားတွေကို ပြန်သုံးသပ်ပြီး ကြာသပတေးနေ့ အစောဆုံးထားပြီးတော့ အောက်လွှတ်တော်တခုလုံးမှာ မဲခွဲဖို့အတွက် တရားစွဲ အဆိုပြုချက်မူကြမ်း ပြင်ဆင်ဖို့ ရှိပါတယ်။

အမတ်တွေအနေနဲ့ စာမျက်နှာ ၅၅ မျက်နှာပါ အစီရင်ခံစာကို မနေ့က ထုတ်ပြန်ခဲ့ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအပေါ် တရားစွဲဖို့ အခြေခံနိုင်တယ်လို့ သူတို့ယူဆတဲ့ ပုဒ်မတွေကို တချက်ချင်း ချပြခဲ့ပါတယ်။

ဒါပေမယ့် သောကြာနေ့တုန်းကတော့ အိမ်ဖြူတော်အနေနဲ့ သမ္မတ Trump အပေါ် တရားစွဲမှုမှာ ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။

သမ္မတ Trump အနေနဲ့ ရှေ့နှစ် သမ္မတရွေးကောက်ပွဲမှာ ထပ်အနိုင်ရဖို့ ရည်ရွယ်ချက်နဲ့ ပြိုင်ဘက် ဒုသမ္မတဟောင်း Joe Biden ကို ယူကရိန်းက စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ဒီမိုကရက်တွေက တရားစွဲဖို့ ပြင်နေကြတာပါ။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG