သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump အပေါ် တရားစွဲဆိုရေး ဥပဒေပညာရှင် တချို့ထွက်ဆို


APTOPIX Trump Impeachment
APTOPIX Trump Impeachment

အမေရိကန် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ဟာ သူ့အတွက် နိုင်ငံရေးအရ အမြတ်ထွက်စေမယ့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ယူကရိန်းကို တွန်းအားပေးခြင်း အားဖြင့် တရားစွဲလို့ရတဲ့ ပြစ်မှုတွေကို ကျူးလွန်ထားတယ်လို့ အမေရိကန် အခြေခံဥပဒေရေးရာ ပညာရှင် ၄ ဦးက ကွန်ဂရက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ပြောသွားပါတယ်။

သမ္မတထရမ့်ပ်ဟာ ၂၀၂၀ ပြည့် သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်ပါတီက သူ့ရဲ့ပြိုင်ဘက်တဦးဖြစ်သူ ဒုသမ္မတဟောင်း Joe Biden ကို စုံစမ်းစစ်ဆေးဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskiy ကို မရိုးမဖြောင့်စွာနဲ့ ဆွဲဆောင်ခြင်းအားဖြင့် “high crimes and misdemeanors” ဆိုတဲ့ ရာဇဝတ်ပြစ်မှုကို သိသာထင်ရှားစွာ ချိုးဖောက်ထားတယ်လို့ ဟားဗာ့ဒ်တက္ကသိုလ်က ဥပဒေပညာရပ်ဆိုင်ရာ ပါမောက္ခ Noah Feldman က လွှတ်တော်အမတ်တွေကို ပြောပါတယ်။ ဒီ ရာဇဝတ်ပြစ်မှု အမျိုးအစားဟာ သမ္မတ တယောက်ကို တရားစွဲဆိုဖို့ သအမေရိကန် အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ သတ်မှတ်ချက်ဖြစ်ပါတယ်။

အမေရိကန် သမ္မတ တဦးဟာ အမေရိကန်ရွေးကောက်ပွဲ တခုမှာ ပြည်ပစွက်ဖက်မှုကို တားဆီးရမှာဖြစ်ပြီး ဖိတ်ခေါ်ရမှာ မဟုတ်ဘူး လို့ Standford တက္ကသိုလ်က ဥပဒေပညာရပ်ဆိုင်ရာ ပါမောက္ခ Pamela Karlan ကပြောပါတယ်။ သမ္မတ Zelenskiy ကို သမ္မတ ထရမ့်ပ်က တောင်းဆိုတာဟာ အထူးသဖြင့် ဆိုးရွားတဲ့ အာဏာအလွဲသုံးစားလုပ်မှု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က အောက်လွှတ်တော် တရားရေးကော်မတီမှာ လုပ်တဲ့ ကြားနာပွဲမှာ အခြေခံဥပဒေရေးရာ ပညာရှင်လေးဦး ပြောဆိုကြ ပြီး သုံးဦးကို ဒီမိုကရက်အမတ်တွေက ခေါ်ယူတာဖြစ်ပါတယ်။ ရီပတ်ဘလီကန် အမတ်တွေဘက် ခေါ်ယူတဲ့ George Washington တက္ကသိုလ်က ပါမောက္ခ Jonathan Turley ကတော့ သူဟာ ၂၀၁၆ ခုနှစ်က သမ္မတထရမ့်ပ်ကို မဲပေးခဲ့သူ မဟုတ် ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် သမ္မတထရမ့်ကို တရားစွဲဆိုရေး အထောက်အပံ့ဖြစ်စေတဲ့ အချက်အလက်တွေနည်းပါးပြီး သမ္မတ ကို ရာထူးကဖယ်ရှားဖို့ရည်ရွယ်တဲ့ ဒီမိုကရက်တွေရဲ့ အမျက်ဒေါသက သိပ်ကြီးမားနေတယ်လို့ ပါမောက္ခ Turley က ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)




ဗုဒ်ဓဟူးနေ့က အောကျလှှတျတောျ တရားရေးကောျမတီမှာ လုပျတဲ့ ကွားနာပှဲမှာ အခွခေံဥပဒရေေးရာ ပညာရှငျလေးဦး ပွောဆိုကွ ပွီး သုံးဦးကို ဒီမိုကရကျအမတျတှကေ ခေါျယူတာဖွဈပါတယျ။ ရီပတျဘလီကနျ အမတျတှဘေကျ ခေါျယူတဲ့ George Washington တက်ကသိုလျက ပါမောက်ခ Jonathan Turley ကတော့ သူဟာ ၂၀၁၆ ခုနှဈက သမ်မတထရမ့ျပျကို မဲပေးခဲ့သူ မဟုတျ ဘူးလို့ ပွောပါတယျ။ ဒါပမေယ့ျ သမ်မတထရမ့ျကို တရားစှဲဆိုရေး အထောကျအပံ့ဖွဈစတေဲ့ အခကြျအလကျတှနေညျးပါးပွီး သမ်မတ ကို ရာထူးကဖယျရှားဖို့ရညျရှယျတဲ့ ဒီမိုကရကျတှရေဲ့ အမကြျဒေါသက သိပျကွီးမားနတေယျလို့ ပါမောက်ခ Turley က ပွောသှားပါတယျ။

XS
SM
MD
LG